Dec 9, 2008

ထိုင်းနိုင်ငံ ဆန္ဒပြပွဲမှ ဓါတ်ပုံများ အကြောင်း

ထိုင်းနိုင်ငံ ဆန္ဒပြပွဲမှ ဓါတ်ပုံများ အကြောင်း

ဒါကတော့ တစ်ကမ္ဘာလုံးက Amazing Thailand လို့ အောချလောက်တဲ့ ထိုင်းနိုင်ငံက အတိုက်အခံ PAD ပါတီဝန်များက PPP ပါတီမှ အာဏာရ ၀န်ကြီးချုပ် ဆွန်ချိုင်းအား ဖြုတ်ချရေး ဆန္ဒပြပွဲမှ ဓါတ်ပုံများဖြစ်ပါတယ်။ ထိုဆန္ဒပြပွဲများကြောင့် တ၀ါးဝါး တဟားဟားနဲ့ အမြဲနေတတ်ကြလို့ 555 တိုင်းပြည် (ထိုင်းအခေါ် Ha = 5 .. ဆိုလိုတာက Ha Ha Ha ရယ်လိုက်ကြပေါ့) မှာ အတော်လေး ကယက်ရိုက်ခတ်သွားခဲ့ပါတယ်။ ဘာများဖြစ်မလဲပေါ့။

Thai, Airport, PAD Protest

ဒါကတော့ ရဲများ အကြမ်းဖက်နှိမ်နှင်းမည်ဆိုပါက ဆီးထုပ် ဆီးပုလင်းများ သုံးပြီး ပြန်လည် ခုခံမည် ဆိုပဲ။ ဤသို့ ရဲများအား ခြိမ်းခြောက်ထားခြင်းကြောင့် အ၀တ်စားအကျပ်ကလေးများ ၀တ်ပြီး ကျော့နေအောင်နေတတ်တဲ့ ထိုင်းမှ ကိုရွှေရဲများလည်း အဘယ်မျှကပ်ဝံ့တော့မည်နည်း။ (လေဆိပ်လမ်းတစ်ခုမှ သေးထုပ် သေးပုလင်းများကို ပုံပါအတိုင်း တွေ့ရစဉ်)

Thai, Airport, PAD Protest

ဒါကတော့ ရေအကျိုးဆယ်ပါး ပေါ့ ဗျာ။ တစ်ပုလင်း 7 bahts ရှိတဲ့ ရေပုလင်းများ ကြိုက်သလောက်ယူ လိုသလောက်သာသောက် ဆိုပြီး ၀န်ကြီးချုပ် ဆွန်ချိုင်း ပြုတ်ဖို့အရေး ဆန္ဒပြသူများအား လှူဒါန်းနေသော PAD ပါတီဝင်နှစ်ဦး။ သာဓု သာဓု သာဓု .. :P

Thai, Airport, PAD Protest

Check in counter များရှေ့မှ ရွက်ဖျင်ကဲလားများ ထိုးပြီး အိပ်နေကြသူသော PAD ပါတီဝင်များ။ သြော် ဒီလိုပါပဲ .. ရိုသူမရှက် မြင်သူရှက် မဖြစ်ရလေအောင်များလား .. :P

Thai, Airport, PAD Protest

မိသားစုလိုက် တပျော်တပါး လာရောက် ဆန္ဒပြကြသူများ။ ပုံပါအတိုင်း ကိုယ့်အိမ် ကိုယ့်ယာလို သဘောထားပြီး နေကြသူများ။

Thai, Airport, PAD Protest

ကလေးမှ ခွေးအဆုံး ၀န်ကြီးပြုတ်ကြဖို့ရန် လေဆိပ်သို့ လာရောက်ဆန္ဒပြကြ။ ပုံပါ ထိုင်းပျိုဖြူချောလေးများလည်း ဆန္ဒပြတဲ့ နေရာမှာ အများအပြားဆိုပဲ။

Thai, Airport, PAD Protest

ဆက်သွယ်ရေး ပြတ်တောက်မသွားစေရန် ပုံပါအတိုင်း Mobile Phone Charger များကို Power Cord များဆွဲ၍ အားဖြည့်ပေးနေကြပုံ။

Thai, Airport, PAD Protest

ဆန္ဒပြသူများ အဟာရအတွက် အခက်အခဲမဖြစ်စေရန် လာရောက် ပံ့ပိုးလှူဒါန်းသူများ နဲ့ စည်စည်ကားကား။

Thai, Airport, PAD Protest

ဈေးကွက်စီးပွားရေး စနစ်အရ .. လေဆိပ်ဆန္ဒပြပွဲသို့ လာရောက်စီးပွားရှာသူများကြောင့် ကြက်ပျံမကျသည့် ပွဲဈေးတန်းအလား စည်ကား။

Nov 21, 2008

လက်ကြီးမှ ကိုင်လို့ရမယ့် ဆေးဂွင်

လက်ကြီးမှ ကိုင်လို့ရမယ့် ဆေးဂွင်
ကိုတိုးရေးသားသည်

ဇာတ်လမ်းက ဒီလိုဗျ ..

မောင်ကိုတိုးရဲ့ အရင် အလုပ်မှာ .. အပျိုကြီးတွေ ပေါမှပေါ ပေါ့ .. အများအခေါ်ကတော့ “အပိုကြီး” တွေပေါ့။ သြော် .. အပျိုကြီးတို့ခမျာမှာလည်း “လင်ယူသားမွေး” အရေးကို စဉ်းစားမိဟန် ရှိပုံမရ .. သူတို့ စိတ်အစဉ်မှာ အရိပ်ဝင်နေတာက ငွေကို လုံးခနဲရသော ပွပေါက် (သို့မဟုတ်) “ဂွင်” ဆိုသော ဝေါဟာရကို အာရုံသွင်းထားပုံရသည်။ ပြောလိုက်တဲ့ စကားအချို့ကို အနည်းငယ် ကောင်နုတ်တင်ပြမည် ဆိုရင်ဖြင့်လည်း “အဲဒီကောင် ဟို ဂွင် တွေ့လို့ ပွသွားတာ” “အင်း .. အဲဒါလည်း ဂွင် ပဲ” “တရုတ်ပြည်ဘက်က ဟို ပစ္စည်းတွေကလည်း ဂွင် မသေးဘူး နော်” အစရှိသည်ဖြင့် ဖြစ်လေတော့သည်။

တရက်တော့ ပေါ့ဗျာ ..

“ဒီမှာ မနီလာ၊ မသန္တာ နဲ့ မမွန် တို့ရေ .. ကျွန်တော့်မှာ ဂွင် တစ်ခု တွေ့ထားတယ် .. ပွပေါက် ဗျို့” ဆိုပြီး ရုံးက ရှမ်းလေး ဆိုသော ညီငယ်လေးက ဇာတ်လမ်းကို စချီသည်။ “ဟဲ့ .. နေပါဦး .. နင့် ဂွင် ဆိုတာက ဘာ ဂွင် လည်း” လို့ တစ်ယောက်သော အပျိုကြီးက မျက်လုံး အပြူးသားနဲ့ မေးရှာတော့သည်။ “ဆေးဂွင် .. ဗျို့ .. ဆေးဂွင်” ဆိုပြီး ရှမ်းလေးက ဖြေလိုက်ပါတယ်။ ရှမ်းလေးက ဆက်ပြီး “ဒါပေမယ့် .. နယ်နယ်ရရ တော့ မဟုတ်ဘူး နော် .. လက်ကြီးမှ ရမယ်” (မှတ်ချက် .. သိတဲ့ အတိုင်းပဲ လေ .. “လက်ကြီး” တယ် ဆိုတာက စီးပွားရေးလောကမှာ “ငွေထုတ်ကြီး” (သို့မဟုတ်) “အရင်းနှီးကြီးခြင်း” လို့ဆိုတာပေါ့ ဗျာ။)

“အေး .. ငါတို့ စိတ်ဝင်စားတယ် .. နင့် ဆေးဂွင် က ဘာဆေးဂွင်လည်း .. ငါတို့ကို ပြော” .. “အာ .. နေပါဦး ဗျာ .. ဒီလို ပြောလို့မရဘူး .. ခင်ဗျားတို့ လက်ကြီးဖို့သာ အရေးကြီးတယ် .. လက်မကြီးရင်တော့ ကိုင်လို့ရမှာ မဟုတ်ဘူး” .. “အာ .. နင် ငါတို့ကို အထင်မသေးပါနဲ့ .. နင့် ဆေးဂွင်က သာ ကြီးပလေ့စေ .. ငါတို့ ရှိသမျှကို ပုံအောပြီး ကိုင်မယ်” လို့ အပျိုကြီးများ ပြောလိုက်တဲ့ စကားအဆုံးမှာ .. ရှမ်းလေး ပြောလိုက်တဲ့ အဖြေကြောင့် .. အပျိုကြီးတွေထံမှ “ဟဲ့ .. သေ x xx xxx .. . ကောင်စုတ် ... x x x” အစရှိတဲ့ ဝေါဟာရများကို ကြားရပေမယ့် .. အခြားကြားရသူအပေါင်းကတော့ မပြုံးပဲ ၀ါးလုံးကွဲအောင်ရယ်ကြပါတယ်။

ရှမ်းလေးပြောလိုက်တာက “ဆေးဂွင် ဆိုတာ ဆင်ဂွေးကိုပြောတာ .. ခင်ဗျားတို့ လက်ကြီးရင် သွားကိုင်ပေါ့” ဆိုတာပါပဲ ဗျာ ..

အားလုံးကို လေးစားလျှက်

ကိုတိုး

Nov 1, 2008

အထောက်အထား ခိုင်လုံစေချင်ပါတယ်

Chuwit Bangkok Thailand

မောင်ကိုတိုး တစ်ယောက် ထိုင်းက မြန်မာ ထမင်းဆိုင်တွေသွားစားတိုင်း မြန်မာပြည်ထုတ် ဂျာနယ်တို့ မဂ္ဂဇင်းတို့ကို လှန်ကြည့်ရတာ အမောသားပါ။ ဒါနဲ့ တစ်နေ့ .. မနက်စာသွားစားရင်း ဂျာနယ်တစ်စောင်ကို ဖတ်မိလိုက်ပါတယ်။

Chuwit Bangkok Thailand

ချူဝစ်ပုံတွေ့တာနဲ့ သူ့အကြောင်းရေး ဘာများရေးထားသလဲဆိုပြီး ဖတ်ကြည့်လိုက်ပါတယ်။ နောက် အစ အဆုံး ထပ်ဖတ်ပါတယ်။ အရေးကြီးတဲ့ အချက်တွေ ကျန်ခဲ့လို့ပါပဲ။ ဘယ်နိုင်ငံရဲ့ ဘယ်မြို့ဆိုတာ ကျန်နေခဲ့တာပါပဲ။ ချူဝစ်ဟာ ဘန်ကောက်မြို့တော်မှ ကလပ်နှင့် ရေချိုးခန်းများစွာ ပိုင်ဆိုင်ထားသူဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြို့တော်ဝန် (မြို့စားကြီး ကျွန်တော့်အခေါ်ပေါ့ဗျာ) ရွေးကောက်ပွဲကို ၀င်ရောက် ရှင်ပြိုင်သူ ဖြစ်ပါတယ်။ တကယ်တန်း ဖတ်တဲ့ သူတွေအတွက်လည်း အူကြောင်ကြောင်နိုင်လွန်းလှတဲ့ သတင်းဆိုတာ ဒယ်ဒီတာတွေ မသိလိုက်တာများလား။


Chuwit, Bangkok, Thailand

နောက်တစ်ချက်ကလည်း အလွန်ရယ်စရာကောင်းပါတယ်။ ကိုးကား ဆိုတဲ့ နောက်မှာ ထည့်တဲ့ အညွှန်းတွေပါ။ ဥပမာ .. Ref: Internet/ ATS ဆိုတဲ့ စကားလုံးပါပဲ။ ဖြစ်သင့်တာက ဆိုက်အညွှန်း Url အပြည့်အစုံ (သို့) ဆိုက်နာမည် ထည့်ပေးလိုက်ရင် ကောင်းတာပေါ့။ အခုဟာက Internet ဆိုတဲ့ စကားလုံးဟာ တကယ့်ကို အူကြောင်ကြောင်နိုင်လွန်းလှပါတယ်။

သတင်းထောက်က ဘာတွေကိုးကားကိုးကား အထောက်အထား အခိုင်အလုံမရှိတဲ့ သတင်းဆိုတာ အယ်ဒီတာတွေ သတိထားသင့်တဲ့ အချက်ပါ။

ချူဝစ်အကြောင်းကိုတော့ http://en.wikipedia.org/wiki/Chuwit_Kamolvisit နဲ့ထိုင်းနိုင်ငံမှ ဟာသများ (၁)

ကိုတိုး

Jul 25, 2008

Nurse မလေးတွေကို စတတ်တဲ့ ကိုတိုး

Nurse, KO TOE

မောင်ကိုတိုးတစ်ယောက် နေထိုင်မကောင်းလို့ ထိုင်းမှာ ဆေးရုံသွားပြတိုင်း ရံဖန်ရံခါ
စလေ့ နောက်လေ့ရှိတဲ့ အကျင့်တစ်ခု ကတော့ . . .

ဇာတ်လမ်းက ဒီလို ဗျ

"What's happened! .. Sir" လို့ ဆေးရုံကောင်တာက Nurse မလေးတွေမေးတိုင်း
အတည်ပေါက်နဲ့ ဖြေတတ်တာကတော့ "My heart is broken"တို့ . . . . . . . . .
"heart broken" တို့ . . . . . . . . . . . "Broken! .. (နည်းနည်းလေး အချိန်ဆွဲပြီးမှ) my heart" ဆိုတာပါပဲ။

တစ်ခါတလေလည်း "I don't know whether it can be healed .. I am suffering
from that problem almost 5 years now" .. ဆိုပြီး အတည်ပေါက်နဲ့ လေကြောနည်းနည်း
ရှည်လိုက်ပါသေးတယ်။ နောက်တော့ သူတို့က "What is your problem .. Sir" ဆိုပြီး
မေးတော့မှ "My heart is broken" ဆိုပြီး အာစေးငိုင်ငေးသွားအောင် နဲ့
ပြူးကြောင်ကြောင်ဖြစ်သွားအောင် ဖြေချလိုက်တယ်။ စ မှန်း နောက်မှန်း ချက်ချင်းသိတဲ့
ဆရာမတွေကတော့ ခွက်ထိုးခွက်လန် ရယ်ကျပါတယ်။

တစ်ချို့လည်း နားကြားများလွဲသွားလား ဆိုတဲ့ အနေနဲ့ "Arai Na" .. “ဘာလဲ ရှင်”
ပေါ့။ “မဟုတ်ရပါဘူး .. ခင်ဗျားကို ကျွန်တော် စ လိုက်တာပါ” ဆိုပြီး ပြန်ပြန်ပြောပေးရတယ်။

အနားမှာရှိတဲ့ ကြားရတဲ့ လူတစ်ချို့နဲ့ လူနာတစ်ချို့ကတော့ မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်ကြတာက အမှန်ပါ။

ကိုတိုး

Jul 14, 2008

ပြန်ကြွမည့် ဒါယိကာကိုယ်တော်

"ကိုတိုးရေ .. စင်္ကာပူက ဘုန်းကြီးတစ်ပါး အိမ်မှာရောက်နေလို့ .. လာဖူးအုံးနော်" ဆိုတဲ့ .. အပျိုကြီး မချို စကားကြောင့် မအားလပ်တဲ့ထဲမှ အချိန်လေးတစ်ခုလုပြီး မောင်ကိုတိုးတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွာ

းပါတယ် ..

ရောက်တော့ သိတော်မူကြတဲ့ အတိုင်းပေါ့ ဗျာ .. ရှိခိုးဦးချ အလာဘ သလာဘလေးတွေ ဘုန်းကြီးနဲ့ပြော .. ပေါ့ ..
"ကိုယ်တော်က ဘယ်ကကြွလာတာ" .. အစရှိသည် "ဘယ်ကို ကြွမည်ပေါ့" ..

ဒါနဲ့ အလှုငွေလေးဘာလေး ကပ်ပြီး သွားစရာလေးရှိလို့ မောင်ကိုတိုးတစ်ယောက် ဘုန်းကြီးကို လျှောက်တင်လိုက်ပုံက ..

"ဘုန်းဘုန်း .. ကိုယ်တော် လုပ်စရာအလုပ်လေးတွေရှိလို့ ပြန်ကြွလိုက်အုံးမယ်" လို့ လျှောက်လိုက်တဲ့ စကားအဆုံးမှာ ဘုန်းကြီးကလည်း ပြန်မိန့်တော်မူလိုက်တာကတော့ ..

"အေး .. ကိုယ်တော် အလုပ်လုပ်စရာလေးတွေရှိရင်လည်း ကြွကြွ" ဆိုတာပါပဲ ဗျာ ..

အင်း .. ပြီးမှ အသုံးအနှုန်းတွေကို စဉ်းစားရင်း ပြုံးပြုံးပြီး ပြန်ခဲ့ပါတော့တယ်

ကိုတိုး

Apr 12, 2008

ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ဒီသီချင်းလေးကတော့ ကျွန်တော် အရမ်း သဘောကျ မြတ်နိုးတဲ့ သီချင်းလေးပေါ့ .. သင်္ကြန်တွင်းမှာ သူငယ်ချင်းတွေ ခံစားနားဆင်နိုင်ရန် စာသားလေးနဲ့ ပြန်လည် မျှဝေလိုက်ရပါတယ် ဗျာ ..

အားလုံး နှစ်သစ်မှာ ပျော်ရွှင် .. ရွှင်လန်းချမ်းမြေ့ပါစေ၊ အချစ် စစ်စစ်တွေ ရကြပါစေ၊ ပိုက်ဆံတွေ အများကြီးရကြပါစေ လို့ .. ဆုတောင်းလိုက်ပါတယ် ..


ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

တေးဆို။ ။ တွံတေးသိန်းတန်

ကန်ပတ်လည် ခရေရိပ်
ရွာထပ်ကကျောင်းတော်သာ နံဘေးဝယ်
မခွဲတမ်းကြင်မယ် ဒီစကား မေ့ပြီလားကွယ် အချစ်ရယ်
အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ခဲ့ရင်
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ကန်ပတ်လည် ခရေရိပ်
ရွာထပ်ကကျောင်းတော်သာ နံဘေးဝယ်
မခွဲတမ်းကြင်မယ် ဒီစကား မေ့ပြီလားကွယ် အချစ်ရယ်
အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ခဲ့ရင်
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ပန်းတကာပန်း ဘယ်ပန်းကြိုက်သလဲကွယ်
ရွေးချယ်ပေးခဲ့ပြန်ပါတယ်
တစ်ယောက်ပျို မဋ္ဋိက်နွယ်ကရယ်
ပိတောက်ကို ကြိုက်ပြန်သတဲ့ကွယ်
ဒီတစ်ခါပိတောက်ဖူးရင်
ရည်စူးချက်မပြယ်
ရွာကိုရောက်ရင်လည်း
ပိတောင် တစ်ခက်နှင်းဆက်ပါ့မယ်
သြော် .. ပိတောက်တွေ ပွင့်နေပါပြီကွယ်

ပိတောက်ကို တစ်ယောက်ပျိုချစ်သလို
တစ်ယောက်ပျိုကို မောင်ကချစ်ခဲ့
မင်းပိတောက် ချစ်သူပါကွယ်
ရွှေစင်မြှာမိုက်
ပိတောက်ကြိုက်တဲ့ချစ်သူရယ်
အနေမှာတစ်မြေခြား
ပိတောက်နဲ့ကိုယ့်ကို မေ့ပြီလား
စိမ်းကားတဲ့သဘောရယ်
မိန်းမချောရယ် ပိတွေပွင့်နေပြန်ပြီကွယ်

ပိတောက်ကို တစ်ယောက်ပျိုချစ်သလို
တစ်ယောက်ပျိုကို မောင်ကချစ်ခဲ့
မင်းပိတောက် ချစ်သူပါကွယ်
ရွှေစင်မြှာမိုက်
ပိတောက်ကြိုက်တဲ့ချစ်သူရယ်
အနေမှာတစ်မြေခြား
ပိတောက်နဲ့ကိုယ့်ကို မေ့ပြီလား
စိမ်းကားတဲ့သဘောရယ်
မိန်းမချောရယ် ပိတွေပွင့်ပြန်ပါပြီကွယ်

မိရိုးဖလာ ယဉ်ကျေးမှု့နဲ့
မြန်မာဆန်တဲ့ တောလှ ဒေဝီနွယ်
မြင်ယောင်မိပါတယ်ကွယ်
ကောက်ထွေးကို ရင်မှာပွေ့
တောဓလေ့ သီချင်းဆိုပုံများရယ်
တစ်မြို့တစ်ရွာကို ပြောင်းကာသွား
ချစ်တဲ့သူ ရင်နွယ်နှောင်းရယ်
နွေမိုးဆောင်းတွေ ကြာပြီကွယ်
အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ခဲ့ရင်
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

မိရိုးဖလာ ယဉ်ကျေးမှု့နဲ့
မြန်မာဆန်တဲ့ တောလှ ဒေဝီနွယ်
မြင်ယောင်မိပါတယ်ကွယ်
ကောက်ထွေးကို ရင်မှာပွေ့
တောဓလေ့ သီချင်းဆိုပုံများရယ်
တစ်မြို့တစ်ရွာကို ပြောင်းကာသွား
ချစ်တဲ့သူ ရင်နွယ်နှောင်းရယ်
နွေမိုးဆောင်းတွေ ကြာပြီကွယ်
အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ခဲ့ရင်
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ပိတောက်ကို တစ်ယောက်ပျိုချစ်သလို
တစ်ယောက်ပျိုကို မောင်ကချစ်ခဲ့
မင်းပိတောက် ချစ်သူပါကွယ်
ရွှေစင်မြှာမိုက်
ပိတောက်ကြိုက်တဲ့ချစ်သူရယ်
အနေမှာတစ်မြေခြား
ပိတောက်နဲ့ကိုယ့်ကို မေ့ပြီလား
စိမ်းကားတဲ့သဘောရယ်
မိန်းမချောရယ် ပိတွေပွင့်ပြန်ပါပြီကွယ်

မိရိုးဖလာ ယဉ်ကျေးမှု့နဲ့
မြန်မာဆန်တဲ့ တောလှ ဒေဝီနွယ်
မြင်ယောင်မိပါတယ်ကွယ်
ကောက်ထွေးကို ရင်မှာပွေ့
တောဓလေ့ သီချင်းဆိုပုံများရယ်
တစ်မြို့တစ်ရွာကို ပြောင်းကာသွား
ချစ်တဲ့သူ ရင်နွယ်နှောင်းရယ်
နွေမိုးဆောင်းတွေ ကြာပြီကွယ်
အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ခဲ့ရင်
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်



အားလုံးကို လေးစားလျှက်

ကိုတိုး

Mar 27, 2008

ရောင်းမည်

kotoe.asia Domain Name အား ကြိုက်ဈေးရရင် ရောင်းမည်။

ကိုတိုး

Mar 25, 2008

MY LATEST ILLUSTRATION

ဒီ Lamborghini Gallardo LP560-4 (2009) .. Illustration ကတော့ မနေ့ည (March 24, 2008) နဲ့ ဒီနေ့ည (March 24, 2009) နှစ်ရက် အချိန်ယူပြီး ညနေ ရုံးကပြန်လာတိုင်း ဆွဲလိုက်တယ်။ အသေးစိတ် Detail တော့ တတ်နိုင်သမျှ လိုက်ထားတယ်။ Softare ကတော့ Illustrator Version 10 တစ်ခုတည်းကိုသာ သုံးထားပါတယ်။

ဒီရက်ပိုင်း Honda, Yamaha နဲ့ Toyata တို့ရဲ့ Concept Car တွေနဲ့ သူတို့ရဲ့ Concept ဒီဇိုင်းတွေကို တော်တော်လေ့လာဖြစ်တယ်။ ကိုယ်တိုင်လည်း Concept Car, Bus တွေနဲ့ လူသုံးကုန် ပစ္စည်းတွေကို Sketch တွေ တော်တော်လေး ဆွဲဖြစ်တယ်။

နောက်အချိန်ရရင် Illustrator နဲ့အရင်ဆွဲကြည့်မယ် .. သဘောကျရင် Maya နဲ့ Model လုပ်ကြည့်အုံးမယ်။

ကိုတိုး

Mar 24, 2008

Visible Body (www.visiblebody.com)

ဒီနေ့ထူးထူးခြားခြားတွေ့လိုက်တဲ့ Web Site ပါ။ အဲဒီ Site ကတော့ VisibleBody.com ပါပဲ။ အရမ်းကိုကောင်းပါတယ်။ အရင်တုန်းက Medical တို့ Anatomy တို့နဲ့ပတ်သက်ပြီး Interactive Video တွေ တွေ့ဖူးပေမယ့် ယခုလောက် သိပ်မပြောင်မြှောက်လောက်ပါဘူး။ နောက်တစ်ခုထူးခြားတာကတော့ Web Browser ပေါ်မှာ Run လို့ရတာပါပဲ။ Systems Requirement များတာတစ်ခုရယ် နောက်ထူးခြားတာက IE ပေါ်မှာပဲ Run လို့ရတာရယ်ပါ။

ဆေး ပညာလေ့လာနေတဲ့ ကျောင်းသူကျောင်းသားများ၊ သူနာပြုများ နှင့် ဆေးပညာအခြေခံလေ့လာသူများ အခြားအထွေထွေ ဗဟုသုတ ရှာဖွေနေကြတဲ့ သူများအတွက် အထူးကောင်းမွန်ပါကြောင်း အသိပေးပါရစေ။

လမ်းညွှန် ။ ။

(၁) http://www.visiblebody.com ကိုသွားပါ (Internet Browser ကိုသာ သုံးပါ)
(၂) http://www.visiblebody.com/user/register တွင် Register လုပ်ပါ
(မှတ်ချက်။ ။ မိမိ ကိုယ်ပိုင် Email ဖြစ်ပါစေ .. သို့မှသာ Activate လုပ်နိုင်ပါလိမ့်မည်)
(၃) ထို့နှောက် မိမိ Email ကိုဖွင့်၍ ဆိုက်မှလာသော Activate Link ကိုနှိပ်၍ သော်လည်ကောင်း .. Link ကို Copy လုပ်၍ Browser တွင် Paste လုပ်၍သော်လည်းကောင်း Activate လုပ်ပြီး Launch Visible Body Button ကိုနှိပ်ပါ။

မှတ်ချက် .. Loading ကြာချိန်သည် Connection Speed အနှေးအမြန်ပေါ်မူတည်သည်။

ကိုတိုး

Mar 14, 2008

ပြန်ပြောင်းအောင်းမေ့ခြင်း (သို့) Gloria Stuart

၁၉၉၇ ခုနှစ်က ပန်းချီပညာကို လေ့လာရင်းရေးဆွဲ ရေးဆွဲရင်းလေ့လာခဲ့စဉ်က ကျွန်တော့်လက်ရာတစ်ခုပေါ့။ ဒီအဖွားကြီးကတော့ ကမ္ဘာကျော် TITANIC ရုပ်ရှင်ဇာတ်ကားထဲက Rose အသက်ကြီးသွားတဲ့ နေရာမှာ သရုပ်ဆောင်သော Gloria Stuart ပုံပါ။ ညီတော်လေး မျိုးကျော်ထွန်း မြန်မာပြည်ပြန်တုန်းက ယူလာခဲ့ ကျွန်တော့် ပန်းချီ စာအုပ်တွေထဲက ခေါက်တွန့် ညစ်ပေ ဟောင်းနွမ်းနေတဲ့ စာအုပ်တစ်ခုထဲက ပြန်လည် ရိုက်ယူထားခြင်းပါ။ နောက်တစ်ပုံကတော့ Jack နဲ့ Rose ပေါ့။ နောက်အချိန်ရမှပဲ .. ဆီဆေးကားတွေနဲ့ ခဲပန်းချီ တစ်ချို့ကို ကျွန်တော့် myohanhtun.com Web Site မှာ Portfolio ထဲထည့်ပြီး ပြထားပါလိမ့်မယ်။ ဟိုးတစ်ချိန်တုန်းက ဓါတ်ပုံရိုက်ပြီး Record မလုပ်နိုင်ခဲ့လို့ရယ် အဆက်အသွယ်ပြတ်တာရယ်ကြောင့် နိုင်ငံရပ်ခြားရောက်သွားတဲ့ ကျွန်တော့်ရဲ့ ဆီဆေးပန်းချီကား တစ်ချို့ကိုတော့ လွမ်းဆွတ်မိတာ အမှန်ပါ။ ဒီ Blog ကိုလာလည်ရင်း ပန်းချီကားရဲ့ ဒေါင့်တစ်နေရာမှာ "Ko Toe" သို့မဟုတ် "Myo Han Htun" ဆိုပြီး 1998 . 1999 ခုနှစ်တွေနဲ့ တွေ့ခဲ့ရင်တော့ အဲဒီ ပန်းချီကားကို ဓါတ်ပုံရိုက်ပြီး ဓါတ်ပုံလှမ်းပို့ပေးဖို့ မေတ္တာရပ်ခံပါတယ် ဗျာ။ တစ်ချို့ခဲပန်းချီ စာအုပ်တွေလည်း ပျောက်ခြင်းမလှ ပျောက်သွားပါတယ်။ စဉ်းစားမိတိုင်းတော့ ငါ့စာအုပ်တွေသာ ဒီအချိန်ရှိခဲ့ရင်တော့ အိပ်သွန်ဖာမှောက် Portfolio ထဲ ထည့်ပြလို့ရပြီဆိုတာပါပဲ။

ကိုတိုး

Mar 10, 2008

ကြွေသွားတဲ့ ဂီတကြယ်ပွင့် (သို့မဟုတ်) ဆိုင်းထီးဆိုင် .. Sai Htee Sai passed away

ကျွန်တော် ထီးဆိုင်သီချင်းအများစုကို အရင်တုန်းက နားထောင်ခဲ့ပေမယ့် တက္ကသိုလ်ပထမနှစ်ရောက်မှ ပိုမိုသိကျွမ်း သီဆိုခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တောင်ပေါ်သား ရှမ်းသူငယ်ချင်းတွေ ကချင်သူငယ်ချင်းတွေကြောင့်ပါ။ အမြဲအမှတ်ရနေတာက မန္တလေးတက္ကသိုလ်နားက တောင်ပေါ်သားသူငယ်ချင်းတွေရဲ့ အဆောင်ဝင်လိုက်တာနဲ့ ထီးဆိုင် သီချင်းနဲ့ အမြဲတိုးတာကတော့ အမှန်ပါ။ နောက်ပိုင်း သူ့သီချင်းတွေရဲ့ အနှစ်သာရ နှင့် တေးရေးဆရာ ဆိုင်းခမ်းလိတ်ကိုပါ အလွန်လေးစားခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့သီချင်းတွေဟာ အရမ်း Unique ကျလွန်းခြင်းကြောင့်ပါ။ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ ဝေါဟာရမှာတော့ သူ့သီချင်းတွေဟာ အငြိမ့်လေးတွေ တို့ အယဉ်လေးတွေ ဆိုတာပါပဲ။

မျက်လုံးမကောင်းလို့ ခဏအနားယူနေတုန်း ညီငယ်မျိုးကျော်ထွန်းဆီက “ဆိုင်းထီးဆိုင် ဆုံးသွားပြီ” Message ရတာနဲ့ အင်တာနက်ပေါ်တက်ကြည့်ရင်း shanland.org ကနေသူ့ရဲ့ နာရေးသတင်းကို ဖတ်လိုက်ရတာပါပဲ။ ဖြစ်ပြီး ပျက်ရမှာက ဓမ္မတာဖြစ်ပေမယ့် ကိုယ်လေးစားတဲ့ အနုပညာရှင်တစ်ယောက်ဆုံးရှုံးသွားတာက စိတ်မကောင်းဖြစ်မိတာအမှန်ပါ။

ဆိုင်းထီးဆိုင် ကောင်းရာသုကတိ လားပါစေ

ကိုတိုး

Source: http://www.shanland.org/general/2008-1/breaking-news-singer-htee-hseng-passes-away

Mar 7, 2008

Tribute to My Favorite Cartoon "POE ZAR"

ကာတွန်းပိုးဇာကတော့ ကျွန်တော့် အကြိုက်ပေါ့။ ဒီတစ်ခါတော့ စိတ်ကူးရတာနဲ့ ပိုးဇာပုံကို Adobe Illustrator မှာ ဆွဲမယ်ဆိုပြီး စဆွဲနေတုန်း ညီတော်လေး မျိုးကျော်ထွန်းက “အကိုကြီး Gradient မပါပဲနဲ့ ဆွဲပါလား .. အဲဒါကို ပိုကြည့်လို့ ကောင်းတယ်” ဆိုတာနဲ့ Grandient ကို လုံးဝ သုံးမထားပါဘူး။ ဒါနဲ့ ဆိုရင် Gradient မသုံးတဲ့ ကာတွန်း ကာရိုက်တာ ၃ ခုလောက်ရှိပြီ။ Tone တွေအားလုံးကို လိုက်ညှိရတာ တော်တော်လေး အချိန်ကြာသွားတယ်။ ဖြစ်ချင်တော့ မျက်နှာနဲ့ ဦးထုပ်ဆွဲပြီးတာနဲ့ Layer က ၁၀၀ နားကပ်နေပြီ။ မျက်စိနာနေတဲ့ ကြားက ဆွဲရတာလောက် မသက်မသာ မရှိပါဘူး။ ဒါနဲ့ ၃ ရက် အချိန်ယူလိုက်ရတယ် ဆိုပါတော့။ Layer အားလုံးပေါင်းကတော့ ၅၀၁ ပေါ့။ နောက် အချိန်ရမှပဲ လိုတာလေးတွေ Detail ဆက်ဖြည့်ပြီး Wallpaper လုပ်ပေးတော့မယ်။

ကိုတိုး

သေးမှသေး .. Linutop


ဒါကတော့ Ready-To-Use Desktop PC လေးပါပဲ ဗျာ။ OS ကို Internal Flash Memory ထဲမှာထည့်ထားပါတယ်။ OS နဲ့ Software တွေကတော့ သိတဲ့အတိုင်းပဲ Open Source နဲ့ Free Software ဖြစ်တဲ့ Linux Ubuntu, FireFox (FF), Open Office (OO), VLC Media Player တွေနဲ့ တစ်ခြား Software တွေကိုလည်း ထည့်လို့ရအောင် စီစဉ်ထားပါတယ်။ သူတို့ရဲ့ Customers တွေကတော့ ကျောင်းတွေ၊ ဟိုတယ်တွေ၊ ဈေးဆိုင်တွေနဲ့ တခြား Terminals ပါလို့ အဲဒီ ဆိုက်မှာ ဆိုထားပါတယ်။

Hardware Version ကတော့ နှစ်မျိုးထွက်ပါတယ်။ Linutop 1 နဲ့ Linutop 2 ပါပဲ။ ဈေးကတော့ မခေပါဘူး။ Linutop (www.linutop.com) မှာ ပိုပြီး ပြည့်ပြည့်စုံစုံလေ့လာနိုင်ပါတယ်။ အောက်မှာတော့ ဘယ်လောက်သေးလဲဆိုတာကို ပုံနှင့်တကွ ဖော်ပြထားပါတယ်။



Source: Linutop (www.linutop.com)

ကိုတိုး

Mar 5, 2008

1000 Masterpieces of European Painting: From 1300 to 1850 (Art & Architecture) (သို့မဟုတ်) အကြိုက်ဆုံးစာအုပ် (၄)

Library ကတော့ ကျွန်တော့်အတွက် အဖိုးတန် ကျော်မျက်ရတနာတွင်းကြီးပေါ့။ ကျွန်တော်လိုချင်သမျှ အကုန်နှိုက်ယူလို့ရလောက်အောင်ပါပဲ ဗျာ။ ကျွန်တော်ဟာ ပန်းချီ နဲ့ ဒီဇိုင်းကို လွန်စွာ ခုန်မင်နှစ်သက်သူ တစ်ယောက်ဖြစ်တာကြောင့် ဒီလို စာအုပ်တစ်အုပ်ကတော့ ရွှေ ပေါ့ ဗျာ။ ပန်းချီပညာထဲမှာတော့ Fine ART နှင့် Realistic ကျတဲ့ ပန်းချီကားတွေကို ပိုပြီးနှစ်သက် သဘောကျတယ်။ ကိုယ်ကိုယ်တိုင်ကလည်း Realistic ကျတဲ့ ပန်းချီ နှင့် ဒီဇိုင်းတွေကို လုပ်ချင်ခဲ့သူမို့ ဒီစာအုပ်က အထူးတလည် ပြောပြနေစရာ မလိုတော့ပါ။

စာအုပ်ထဲက ပန်းချီကားတွေကတော့ သူတို့ခေတ်သူတို့ အခါကနေ ဒီနေ့ထက်ထိ မယုံကြည်နိုင်လောက်အောင် လက်ရာတွေ ကောင်းလှပါတယ်။ Texture တွေနဲ့ Lighting Concept တွေဟာ တော်တော်လေးကို ထူးဆန်းအံသြဖွယ်ရာတွေ့ရတယ်။ တကယ့်ကို စိတ်ရှည်သူတွေ ပါပဲလားဟု ဆိုရလောက်အောင် အသေးစိတ် Detail ကျအောင် ဆွဲထားတာတွေက ကျွန်တော့်ကို မှင်သက်စေတာ အမှန်ပါ။ "Details Make Perfect" ဆိုတာပါပဲ။

နောက်တစ်ခု သဘောကျတာက .. ပန်းချီစရာတွေရဲ့ ကိုယ်ရေး အတ္တုပတ္တိ တိုတိုလေးတွေ ထည့်ပေးထားလို့ နည်းနည်း နည်းနည်း နဲ့ ဖတ်လို့ ကောင်းတယ်။ ပန်းချီပုံတွေကြည့် စာအတို အတိုလေးတွေ ဖတ် .. ငြီးငွေ့မှု့ မရှိတဲ့ စာအုတ်တစ်အုပ်ပါ။

ကိုတိုး

The Five Languages of APOLOGY (သို့မဟုတ်) အကြိုက်ဆုံးစာအုပ် (၃)

ဒီ The Five Languages of APOLOGY ဆိုတဲ့ စာအုပ်လေးကလည်း မဆိုးဘူး။ တောင်းပန်နည်းတွေနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်နားလည်သမှု့ရှိစေမည့် စာအုပ်တစ်အုပ်ပါပဲ။ ဖတ်ရင်း ဖတ်ရင်း ခေါင်းညိတ်ရုံကလွဲလို့ တကယ့်လက်တွေ့နဲ့ နီးစပ်မယ် မထင်တဲ့ အကြောင်းအရာလေးတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ .. တစ်ယောက်ကို တစ်ယောက် အရမ်းကို မုန်းတီးနေရင်တော့ APOLOGY ဆိုတဲ့ စကားလုံးဟာ ဝေါဟာရ အဆင့်တစ်ခုထက် ကျော်နိုင်မယ် မထင်ပါဘူး။ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်ကလည်း တောင်းပန်ဝန်ခံရဲတဲ့ သတ္တိရှိဦးမှ။ တောင်းပန်ရဲတာဟာ သတ္တိတစ်ခု ဟုဆိုစမြဲရှိစေဦးတော့ တစ်ချို့လူတွေကလည်း ရုပ်ရှင်ဆန်ဆန် ဇာတ်ကားအစမှာ ရှင်းပြလို့ တောင်းပန်လို့ လက်မခံတာတွေ ရှိစမြဲပါ။ ဇာတ်လမ်းဆုံးမှ နားလည်ပြီး ခွင့်လွှတ်တာတွေ ရှိတတ်စမြဲပါ။ ဒါဟာ ကျွန်တော့် လက်တွေ့ပါ။ ဘာပဲပြောပြောပေါ့ ဗျာ .. တောင်းပန်စရာ ရှိတာလေးတွေ အကြွေးကျန်ရင်တော့ (သို့မဟုတ်) ခွင့်လွှတ်နားလည် သီးခံနိုင်စွမ်းရည်ရှိတဲ့ နှလုံးသား ပိုင်ဆိုင်လိုတယ် ဆိုရင်တော့ ဒီ စာအုပ် ကို ဖတ်ဖို့ တိုက်တွန်းပါရစေ။

ကိုတိုး

Mar 4, 2008

Steven Spielberg ရဲ့ ကြံကြံဖန်ဖန် Social Network

သရဲသစ္ဆေတွေနဲ့ ဂြိုလ်သားတွေအကြောင်းစိတ်ဝင်စားတဲ့ သူများအတွက် Hollywood Director ကြီး Steven Spielberg ဦးဆောင်ပြီး Social Network တစ်ခု စတင်တော့မည်ဖြစ်ကြောင်း သတင်းတော်တော်များများ ထွက်နေပါတယ်။ အဲ့ဒီ Web Site မှာ သရဲသစ္ဆေတွေနဲ့ ဂြိုလ်သား အကြောင်းရိုက်ထားတဲ့ မူရင်း Video တွေထားရှိပါလိမ့်မယ်။

ဆရာကြီး Steven Spielberg ကလည်း အများ သိတော်မူကြတဲ့အတိုင်းပေါ့ ဗျာ .. သရဲသစ္ဆေတွေနဲ့ ဂြိုလ်သား အကြောင်းကို စိတ်အတော်ဝင်စားသူရယ်လို့ ပြောစမှတ်ပြုရလောက်အောင်ကိုပဲ သူ့ရိုက်တဲ့ ရုပ်ရှင် ဇာတ်ကားတွေက သက်သေခံနေတာပေါ့ ဗျာ။

Steven Spielberg ကိုယ်တိုင်ကလည်း တစ်ချိန်တစ်ခါက ဟိုတယ်တစ်ခုမှာ တည်းခိုရင်း ထွက်ပြေးရလောက်အောင်ကို သရဲသစ္ဆေအခြောက်ခံထားရသူမို့ ဒီ Social Network ဖြစ်လာမှာကတော့ မထူးဆန်းတာ အမှန်ပါ။

အစ ပထမကတော့ Yahoo နဲ့ အတူ လုပ်ဖို့ကြံစည်ထားပေမယ့် ပျက်ခဲ့ပါတယ်။ အကယ်၍သာ သူ့ Idea တွေဆက်လက်ရှင်သန်နေမယ်ဆိုရင်တော့ မကြာတော့မည့် ကာလမှာ ဒီ Social Network ထွက်ပေါ်လာပါလိမ့်မယ်။

ကိုတိုး

Source: http://www.techcrunch.com/2008/03/03/steven-spielbergs-ghost-town

သေထိတိုင်အောင် ချစ်နေမယ်

ဒီပုံကြည့်ပြီး “သေထိတိုင်အောင် ချစ်နေမယ်” ဆိုတဲ့ အဆိုတော် ကိုဂရေဟမ်ရဲ့ သီချင်းလေးကို သတိရမိတယ်။

ကိုတိုး

Mar 3, 2008

Re-Rendering

Train Market (or) Amazing Thailand (2)

ဒါကတော့ ရထားလမ်းဘေးမှာ ရောင်းတဲ့ ထိုင်းဈေးတစ်ခုရဲ့ မြင်ကွင်းပါ။ တကယ့်ကို Amazing Thailand ပါပဲ။ ကဲ .. အောက်က YouTube Video လေးကို ကြည့်လိုက်ရအောင်လား ဗျာ။



ကိုတိုး

Undaterstandable Traffic System India (or) Amazing India (1)

ကျွန်တော် အမြဲတမ်း ဟာသလုပ်ပြောတဲ့အထဲမှာ India မှာနေခဲ့တုန်းက အကြောင်းတွေ အမြဲလိုလိုပါတတ်ပါတယ်။ ဒါကတော့ Indian သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ Link ကလေးကို ကြည့်ရင်း Bombay မှာနေခဲ့တုန်းက အကြောင်းလေးတွေကို ပြန်ပြောင်းအောင်းမေ့မိတာကတော့ အမှန်ပါ။ နောက်အချိန်ရမှပဲ အဲဒီ ဟာသလေးတွေကို ဇာတ်လမ်းဖွဲ့ပြီးရေးမယ် ဗျာ။ ကဲ .. ဒီ လမ်းဆုံလမ်းခွက နားလည်မှု့နဲ့ မောင်းချင်တိုင်းမောင်းနေတဲ့ ကားတွေ ဆိုင်ကယ်တွေကို ဟာသအနေနဲ့ပဲ ကြည့်လိုက်ရအောင်။

လူတွေကလည်း လမ်းအလယ်နားထိ တက်ပြီး လမ်းလျှောက်ကြတယ်။ ကားတွေကလည်း ဖြတ်ချင်တိုင်းဖြတ်တယ်။ မျက်နှာချင်းဆိုင် လမ်းကိုလည်း ပြောင်းပြန်ဝင်တယ်။ ဆိုင်ကယ်တွေကတွေလည်း ဖြတ်မောင်း ချင်တိုင်း ဖြတ်မောင်းတယ်။ တကယ့်ကို Amazing India ပါပဲ ဗျာ။



ကိုတိုး