Mar 7, 2008

သေးမှသေး .. Linutop


ဒါကတော့ Ready-To-Use Desktop PC လေးပါပဲ ဗျာ။ OS ကို Internal Flash Memory ထဲမှာထည့်ထားပါတယ်။ OS နဲ့ Software တွေကတော့ သိတဲ့အတိုင်းပဲ Open Source နဲ့ Free Software ဖြစ်တဲ့ Linux Ubuntu, FireFox (FF), Open Office (OO), VLC Media Player တွေနဲ့ တစ်ခြား Software တွေကိုလည်း ထည့်လို့ရအောင် စီစဉ်ထားပါတယ်။ သူတို့ရဲ့ Customers တွေကတော့ ကျောင်းတွေ၊ ဟိုတယ်တွေ၊ ဈေးဆိုင်တွေနဲ့ တခြား Terminals ပါလို့ အဲဒီ ဆိုက်မှာ ဆိုထားပါတယ်။

Hardware Version ကတော့ နှစ်မျိုးထွက်ပါတယ်။ Linutop 1 နဲ့ Linutop 2 ပါပဲ။ ဈေးကတော့ မခေပါဘူး။ Linutop (www.linutop.com) မှာ ပိုပြီး ပြည့်ပြည့်စုံစုံလေ့လာနိုင်ပါတယ်။ အောက်မှာတော့ ဘယ်လောက်သေးလဲဆိုတာကို ပုံနှင့်တကွ ဖော်ပြထားပါတယ်။



Source: Linutop (www.linutop.com)

ကိုတိုး

No comments: