Feb 29, 2008

Microsoft Research World Wide Telescope


Microsoft ရဲ့ 2008 ခုနှစ်ထဲမှာ ထုပ်လုပ်မည့် New Product လေးတစ်ခုပါ။ အရင် Google ရဲ့ Virtual Space Telescope ကို အံတုမည့် ပုံစံအနေထားမှာတော့ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် Microsoft ရဲ့ ဒီ Project လေးဟာ SkyServer နှင့် Digital Sky Survey Project တွေကို ကနဦး စတင်ခဲ့တဲ့ ကွန်ပျူတာ သိပ္ပံပညာရှင် Jim Gray (born 1944, lost at sea January 28, 2007) အား အမှတ်တရ အနေနဲ့ ဖြစ်ခဲ့ပါတယ်။ San Francisco မြို့နားက Farallon Islands ကို ရွက်သင်္ဘောနဲ့ ခရီးထွက်ခဲ့တဲ့ 2007 ခုနှစ် January 28 ကနေ ပျောက်ဆုံးသွားတဲ့ သူ့ကို ယနေ့ထက်ထိအောင်ကို ရှာဖွေလို့မရခဲ့ပါဘူး။ သူဟာ Database Systems များ နှင့် Transaction Processing Systems တော်တော်များများကို ဖန်တီးခဲ့သူပါ။ သူ့အကြောင်းကိုတော့ ဒီမှာ Jim Gray (Wikipedia) ဖတ်ရှု့နိုင်ပါတယ်။

များသောအားဖြင့်ကတော့ Google ရဲ့ Virtual Space Telescope ဟာ Hubble မှန်ပြောင်းမှ ရိုက်ထားတဲ့ ပုံတွေပါပဲ။ Microsoft လည်း ထိုနည်းအတိုင်းပဲ နေမှာပါ။ ဒါပေမယ့် Microsoft က သူ့ရဲ့ World Wide Telescope ဟာ Internet မှာ Media Rich (Media Rich ဆိုတာကတော့ High-Resolution Image နှင့် High Quality Multimedia စနစ်တစ်ခုပါ) ဖြစ်အောင် Visual Experience Engine ကိုသုံးထားတယ်လို့ ဆိုပါတယ်။

ဘာပဲပြောပြော ဒီ World Wide Telescope ဟာ Space နဲ့ Astronomy လေ့လာချင်တဲ့ ကျောင်းသူ ကျောင်းသား နှင့် ၀ါသနာရှင် ပညာရှင်တွေ အတွက်ကတော့ အထောက်အကူဖြစ်စေတာအမှန်ပါ။

Source:
Microsoft World Wide Telescope : http://www.worldwidetelescope.org
FAQs: http://www.worldwidetelescope.org/buzz/FAQ.aspx
Jim Gray : http://en.wikipedia.org/wiki/Jim_Gray_(computer_scientist)
Microsoft Virtual Earth: http://maps.live.com

ကိုတိုး

Feb 27, 2008

ကျွန်တော်အကြိုက်ဆုံး Web Site များ (၄) (သို့မဟုတ်) My Favorite Web Sites (4)


ဒါကတော့ ကျွန်တော့် စိတ်အစဉ်ကို အပိုင်ဖမ်းစားသွားတဲ့ Web Site ပါ။ နည်းပညာပိုင်းက ကြည့်ကြည့် .. အနုပညာပိုင်းက ကြည့်ကြည့် .. ဂီတပိုင်းက ကြည့်ကြည့် .. တကယ့်ကို ထူးချွန်တဲ့ လူတစ်ယောက်ဆိုတာ လွဲမှားစရာ အကြောင်းမရှိပါဘူး။ သူကတော့ ပိုလန်နိုင်ငံသား Marcin Zemczak ဖြစ်ပါတယ်။ သူ့ရဲ့ဖန်တီးမှု့ အနုပညာ လက်စွမ်းဟာ .. တကယ့်ကို အံသြစရာ ကောင်းလှပါတယ်။ လူတစ်ယောက်အနေနဲ့ အဖက်ဖက်က ထူးချွန်ဖို့ဆိုတာ ပါရမီ (သို့) Gifted Nature ရှိနေမှရပါတယ်။ သူဘာသာသူ ဘယ်လောက် လေ့လာလေ့လာ ကြိုးစားကြိုးစား ပါရမီ မပါလာရင် ထူးချွန်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒီလူဟာ ပါရမီရှင် တစ်ယောက်ဆိုတာ သူ့ Web Site က သက်သေတည်နေပါတယ်။ Menu မပါတဲ့ စနစ်ကို သုံးထားတဲ့ Web Site မို့လို့ Viewer (Visitor) များအနေနဲ့ကတော့ အခက်တွေ့လိမ့်မယ်။ အမှောင်ထုနဲ့ အေးခဲမှု့ကို ဦးစားပေးတဲ့ သူ့ ပန်းချီ (3D) လက်ရာတွေက CG သမားတွေအတွက် သဘောကျပါလိမ့်မယ်။ Flash Developement ပိုင်းမှာတော်တော်လေး လက်စွမ်းပြထားလို့ Flash Developer (သို့) Actionscript သမားတွေအတွက်လည်း ကြိုက်နှစ်သက်မယ်ထင်ပါတယ်။ နောက်ဆုံးကတော့ သူဖန်တီးထားတဲ့ သူ့ရဲ့ Drum တီးလုံးတွေပါပဲ။ Site ရဲ့ Visitor တွေကို နောက်ခံတီးလုံးတွေနဲ့ အပိုင်ဖမ်းစားသွားပါတယ်။ ဒါကတော့ သူ့ရဲ့ Web Site (www.crommcruac.com) ပါပဲ။

ကိုတိုး

ကျွန်တော်အကြိုက်ဆုံး Web Site များ (၃) (သို့မဟုတ်) My Favorite Web Sites (3)

ဒါကတော့ .. CG Society Web Site ပါ။ ကမ္ဘာ့အရပ်အသီးသီးမှ CG ပညာရှင်တွေနဲ့ ဝါသနာရှင်တွေ စုစည်းရာ နေရာတစ်ခု ဖြစ်သလို သူတို့ Site ရဲ့ ဆောင်းပါးတွေက အရမ်းကောင်းပါတယ်။ အထူးသဖြင့် ရုပ်ရှင်တွေရဲ့ CG တွေအကြောင်းကို အမြဲတမ်းရေးလေ့ရှိပါတယ်။ ကျွန်တော် နေ့စဉ်လိုလို အမြဲရောက်ပါတယ်။ 2D နဲ့ 3D တွေရဲ့ ဆုရ Gallery တွေရော တခြား ၀ါသနာရှင်တွေ ပညာရှင်တွေရဲ့ 2D နဲ့ 3D ပုံတွေကို လည်း အထူးတလည်လေ့လာနိုင်တဲ့ နေရာကြီးပါ ဗျာ။ www.cgsociety.org မှာ သွားရောက် လေ့လာနိုင်ပါတယ်။

ကိုတိုး

ဒီဇိုင်းအသစ်နဲ့ BBC

ကျွန်တော်တစ်ရက်ကို အနည်းဆုံး ၄ ၅ ခါမှ .. ၈ ခါ ၁၀ ခါ လောက် ၀င်ဝင်ကြည့်တဲ့ News Web Site ကတော့ BBC (www.bbc.co.uk) ပါပဲဗျာ။ သူတို့ရဲ့ Web Site Interface ကို စမ်းသပ်နေတာတော့ ကြာပါပြီ။ ဒါပေမယ့် .. ဒီနေ့ညနေ၀င်ကြည့်တော့ Homepage ရဲ့ Interface ကိုလုံးလုံးပြောင်းပစ်လိုက်ပါတယ်။ အတွင်း Page တွေကတော့ နဂိုအတိုင်းပါပဲ။ မဆိုးပါပဲ .. မိုက်ပါတယ် .. ဒါပေမယ့် .. ဒီဇိုင်းက Compact ဖြစ်မနေပဲ .. ခပ်ပွပွ ပုံစံမျိုးပေါ့ ..

ကိုတိုး

Feb 26, 2008

Sheikh Ko Toe

ဟိုးအရင်တုန်းက အာရပ်ခေါင်းပေါင်းနဲ့ အပေါ်က ကြိမ်ခွေ လက်ဆောင်ရအပြီး အမှတ်တရ အနေနဲ့ ရိုက်ထားတဲ့ပုံကို အနောက်က သဲကန္တာရထဲ ကုလားအုတ်စီးနေတဲ့ပုံနဲ့ ရောချလိုက်တာပါ။ ရူးတယ်ပြောပြော၊ နှမ်းတယ်ပြောပြော၊ ပေါတယ်ပြောပြော မတတ်နိုင်ဘူး။ ရှိတ် (Sheikh) အာရပ်ဆော်ဘွားတွေ စတိုင်ကို သဘောကျလို့ ဂိုက်ပေးပြီး ရိုက်ထားတာ။ စိတ်ချပါ အသေခံဗုံးခွဲမည့်လူစားမျိုးမဟုတ်သလို .. အိုစမာနဲ့လည်း အမျိုးမတော်တာကတော့ အမှန်ပါ။ ဖြစ်နိုင်ရင်တော့ သူတို့လို မိန်းမတွေ အများကြီး ယူချင်တယ်။ ဟီး ဟီး ဟီး ..

သြော် .. မေ့နေလို့ .. အပေါ်က ရေးထားတဲ့ စာသားလေးကတော့ Sheikh Ko Toe ပါ။ အာရပ်အင်္ဂလိပ် (Faux Arabic Font Style) ကို သုံးထားပါတယ်။ ဒီပုံကိုတော့ Photoshop Version 7 မှာ 2005 ခုနှစ်လောက်က လက်ဆော့ထားပါတယ်။

ကိုတိုး

ခွေးတောင် I love you ပြောတတ်တယ် .. Dog says "I Love You"

သြော် .. ခွေးတောင် I Love You ပြောတတ်သေးတယ်။ I Love You မပြောတတ်သေးသူများ ခွေးဆီမှ ပြန်သင်ပါ။ အောက်က YouTube Video တွင် ကြည့်ပါ ..




ကိုတိုး

ကျွန်တော်အကြိုက်ဆုံး Web Site များ (၂) (သို့မဟုတ်) My Favorite Web Sites (2)

ဒါကတော့ Saizen Media ရဲ့ Web Site ပါ။ အရင်တုန်းကတော့ Fubon အမည်နဲ့ပါ။ Conceptual Artists တွေနဲ့ ဖွဲ့စည်းထားတဲ့ Web/Graphic Company တစ်ခုပါပဲ။ သူတို့ဝက်ဆိုက်ရဲ့ Lead Artist/ CEO Constantine Yarosh ဟာ အသက် ၂၃ နှစ်သာသာလောက်ပဲ ရှိပါတယ်။ သူတို့ ဖန်တီးထားတဲ့ Web Site တစ်ချို့ကို လည်း သူတို့ Site က Portfolio တွေမှာ သွားကြည့်နိုင်ပါတယ်။ အလွန်ကောင်းမွန်သော အနုပညာလက်ရာတွေနဲ့ ဖန်တီးထားတာတွေ့ရပါလိမ့်မယ်။
ကဲ .. Saizen Media ကို ဒီ Link မှာသွားကြည့်လိုက်ရအောင်လား ဗျာ

ကိုတိုး

ကျွန်တော်အကြိုက်ဆုံး Web Site များ (၁) (သို့မဟုတ်) My Favorite Web Sites (1)

ဒါကတော့ ကျွန်တော် အမြဲဝင်ဝင်ကြည့်တတ်တဲ့ Web Site ပါ။ The FWA (or) The Favorite Web Site Award ကတော့ တစ်ကမ္ဘာလုံးက Web Development + Flash Development + Artist + Designer များရဲ့ ဒိတ်ဒိတ်ကျဲ Site များကို Award ပေးတဲ့ ဆိုက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်များ ဆုရတာလဲ ဆိုလောက်အောင် မေးခွန်းထုပ်စရာ အကြောင်းရှိတဲ့ အနုပညာ နည်းပညာကို အခြေခံထားတဲ့ ဝက်ဆိုဒ်တစ်ချို့လည်း ရှိပါတယ်။ ဂျပန် ဝက်ဆိုဒ်တွေရဲ့ ရှင်းလင်းတဲ့ Clean Design Concept တွေနဲ့ ဝက်ဆိုက်တွေလည်း တွေ့ရပါလိမ့်မယ်။ ကဲ www.thefwa.com မှာ သွားကြည့်လိုက်ရအောင်လား ဗျာ။

ကိုတိုး

ရန်သူမျိုးငါးပါးထဲမှာ .. အင်မတန်ဆိုးဝါးလှတာ .. မီး .. မီးရယ်

မန္တလေး ရတနာပုံဈေးမီးလောင်တဲ့ အကြောင်းမနေ့က မန္တလေးက အသိတစ်ယောက်လှမ်းပို့လိုက်တဲ့ Message ကိုမြင်မြင်ချင်း တော်တော်စိတ်ညစ်ခဲ့ပါတယ် ဗျာ။ ဒီ မီးနဲ့ပတ်သက်လို့ ပုံများကြည့်ချင်ရင်တော့ http://anony.pictiger.com/images သွားရောက်ကြည့်ရှု့နိုင်ပါတယ် ဗျာ။

ရတနာပုံဈေးမှ ဈေးသူဈေးသားတွေနဲ့ မန္တလေးအိုင်တီလောကသားတွေအတွက် စိတ်မကောင်းပါဘူး ဆိုတာလောက်ပဲ ကျွန်တော်ပြောရုံသာပြောနိုင်ပေမယ့် ဒီအချိန်သူ့တို့ ဘယ်လောက်ထိ ငိုကြွေးသောကရောက်နေကြမယ်၊ သူတို့ရင်ထဲက အပူမီးတွေ ဘယ်လောက်ထိ လောင်ကျွမ်းနေကြတယ်ဆိုတာ နှလုံးသားရှိသူတိုင်း ခံစားနားလည် နိုင်ကြပါလိမ့်မယ် ဗျာ။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ

ကိုတိုး

Feb 23, 2008

ကျွန်တော်ကြိုက်တဲ့သီချင်းများ (၂) - ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ကျွန်တော် အမြဲဟာသနှောပြီး ပြောတတ်တာလေးတစ်ခုရှိပါတယ်။ ဒါကတော့ “T4” ဆိုတဲ့ စကားလေးပါ။ “ကိုတိုး .. မြန်မာပြည်က ဘယ်အဆိုတော်တွေ သဘောကျလဲ” လို့ မေးတိုင်း “လေးဖြူ နဲ့ T4 ပေါ့ ဗျာ” လို့ ဖြေလေ့ရှိပါတယ်။ “ဒါနဲ့ နေစမ်းပါအုံး .. T4 က အဆိုတော်လား Band နာမည်လား“ လို့ စောဒကတက်ပြီး သူတို့ ပြန်လည် မေးခွန်းထုပ်တတ်ကြပါတယ်။ “T4 ဆိုတာ .. Toon Taey Thein Tan, တွံတေးသိန်းတန် ပေါ့ ဗျာ” လို့ဖြေတိုင်း သူတို့ မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်တတ်ကြပါတယ်။ ထားပါတော့ ဗျာ .. ဒီ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ဆိုတဲ့ သီချင်းလေးက ကျွန်တော့် အကြိုက်ထဲက တစ်ခုပါပဲ။



ဒီမှာ You-Me-And-PanPaDauk.mp3 ကို Download လုပ်နိုင်ပါတယ်။

ကိုတိုး

ကျွန်တော်ကြိုက်တဲ့သီချင်းများ (၁) - အမေနဲ့ရွာကို လွမ်းတယ်

"လယ်တောထဲက အသံ" “တောကြိုက် ရွာကြိုက် ပါကွာ” လူတစ်ချို့ ပြောကြတဲ့ မြန်မာသံစဉ် စစ်စစ်လေးတစ်ခုပါ။ သီချင်းနာမည်လေးက "အမေနဲ့ ရွာကို လွမ်းတယ်" ဆိုတဲ့ သီချင်းလေးပါပဲ။ အဆိုတော်ကတော့ အများသိကြတဲ့ ဟင်းရောင်းတဲ့ ထွန်းရင် .. အဲ ယောင်လို့ .. ဟင်္သာတ ထွန်းရင် ဖြစ်ပါတယ် ဗျာ။ စာသားလေးတွေ ကောင်းတဲ့ ဒီ သီချင်းလေးကတော့ ကျွန်တော့် အကြိုက်ထဲက တစ်ခုပါပဲ။ ကဲ .. Download လုပ်ပြီး .. နား သောတ ပန်ဆင် လိုက်ရအောင်လား ဗျာ ..



ဒီမှာ Ah-May-Nae-Ywar-Ko-Lwan-Tal.mp3 ကို Download လုပ်နိုင်ပါတယ်။

ကိုတိုး

Feb 19, 2008

ကမ္ဘာမကျော်သေးသော ကျွန်တော့် Quote များအကြောင်း (၁)

www.myohanhtun.com


ဒါကတော့ ကျွန်တော် အမြဲတမ်း တွေးတွေးပြီးရေးတတ်တဲ့ ဒိုင်ယာရီထဲက စာသားလေးတွေ၊ ကဗျာထဲက စာသားလေးတွေ ကို ပြန်ပြောင်းအောင်းမေ့တဲ့ အနေနဲ့ ဖော်ပြခြင်းပါ။ ကမ္ဘာမကျော်သေးသော ကျွန်တော့် Quote များအကြောင်းလို့ ခေါင်းစဉ်ကိုလည်း ကြိုက်နှစ်သက်မိတာတော့ အမှန်ပါ။ အင်း ဆီဈေးကြီးလို့ နေမှာပေါ့ .. ဟယ် .. ဒါမမဟုတ် ဒယ်အိုးမဆန့်လို့နေမှာပေါ့ကွာ ဆိုတဲ့ အပြောင်အပျက်စကားလေးတွေကို ကြားယောင်မိရင်း ..

မှတ်ချက်။ ။ ကြိုးစားပြီးအင်္ဂလိပ်လိုရေးထားတဲ့ အောက်က အင်္ဂလိပ်လို စာသားလေးက ချောမွေ့လှပခြင်း ရှိချင်မှ ရှိလိမ့်မယ် .. အင်္ဂလိပ်စာ ပိုမို .. နားလည်တတ်ကျွမ်းသူများ .. ပိုပြီး လှအောင် ပြင်ဆင်ပေးနိုင်ပါတယ် ဗျာ။

ကိုတိုး

Feb 17, 2008

အကောင်းဆုံး ကြော်ငြာများ (၂)

ဒါကတော့ Rejoice Shampoo ကြော်ငြာလေးပါ။ Shampoo ကြောင့် ဆံကေသာ ဘယ်လောက် ချောမွတ်သွားသလဲဆိုရင် ပါးရိုက်ရတဲ့ အဆင့်ထိရောက်သွားအောင်ပါပဲ ဗျာ။ မပြုံးပဲ ၀ါးလုံးကွဲ အောင် ရယ် သာ ရယ် ဗျာ။

ကိုတိုး

အကောင်းဆုံး ကြော်ငြာများ (၁)

ဒါကတော့ Pepsi ကြော်ငြာလေးပါ။ တကယ့်ကို Idea ကောင်းကောင်းလေးနဲ့ ဟာသမြှောက်အောင် ရိုက်ကူးထားတာပါ။ ကဲ .. အောက်က YouTube Video လေးကြည့်ပြီး ရှု့စားလိုက်ရအောင် ဗျာ ..
ကိုတိုး

Feb 14, 2008

ယဉ်ယဉ်လေးရူးလို့နေ (၂)

ယဉ်ယဉ်လေးရူးလို့နေ (၂)

တောင်ပံတွေ မပါခဲ့တဲ့ ငါဟာ
အနိမ့်ဆုံးနေရာကို
ခုန်တက်ဖို့တက်
အမြင့်ဆုံးထိ ပျံတတ်ချင်ခဲ့တယ်

ပန်းလေးတစ်ပွင့်ကို
ပွင့်လန်းလာအောင်
မစိုက်ပျိုးနိုင်ခဲ့တဲ့ ငါဟာ
ခန်းခြောက်နေတဲ့ အရာတွေကို
ပန်းဥယျာဉ်ကြီးတွေ အဖြစ်
ပြောင်းပစ်ချင်ခဲ့တယ်

လက်နက်မပါခဲ့တဲ့ ငါဟာ
သစ်တစ်ပင်ကို ခုတ်လှဲဖို့ထက်
အင်ပါယာကြီးတစ်ခုကို
တိုက်ယူချင်ခဲ့တယ်

ချောင်းတစ်ခုကိုတောင်
လက်ပစ်ကူးပြီး မဖြတ်ခဲ့တဲ့ ငါဟာ
သမုဒ္ဓရာကြီးကို
ကူးချင်ခဲ့တယ်

တကယ်တော့ ငါဟာ
စိတ်ကူးကောင်းတွေနဲ့
ယဉ်ယဉ်လေးရူးလို့နေ တာလား

ကိုတိုး

Happy Valentine

ချစ်သူရှိသူတွေ ပိုပြီး ချစ်ကြပါစေ .. ချစ်သူမရှိသေးတဲ့ သူများလည်း ချစ်သူရပါစေ ..

ကိုတိုး

i-baby Magazine Cover (or) Cutest Baby?

ဒါကတော့ ကျွန်တော် ဖန်တီးထားတဲ့ i-Baby Magazine မျက်နှာဖုံး Cover လေးပေါ့ ဗျာ။ သူ့ မူရင်း .. ကလေးခေါင်းကို Mr. Bean ပုံတပ်ထားတာကိုတွေ့တာနဲ့ .. Idea တစ်ခုရသွားတယ်။ ဒါကတော့ Baby Magazine ဒီဇိုင်းလေး လုပ်လိုက်မယ် ဆိုတာပါပဲ။ ဒါနဲ့ ၂ နာရီကျော်ကျော်လောက် ကြာသွားတယ်။ အစပထမတော့ ပုံကို ဖြစ်တောက်ပြီး Background ကအစ အခြားနေရာလေးတွေပါ Artistic ဆန်ဆန်လုပ်လိုက်တယ်။ အရောင်အပိုင်းကိုတော့ Cute ဖြစ်အောင်နဲ့ နည်းနည်း ကလေးဆန်ဆန် Girly ဆန်ဆန် အရောင်တွေနဲ့ Compose လုပ်လိုက်ရတယ်။ နောက်အချိန်ရမှပဲ .. တစ်ခုခြင်း ဘယ်လိုလုပ်သွားသလဲ ဆိုတာကို အဆင့်ဆင့် ပြန်ရေးပြပါ့မယ်။

ကိုတိုး

Feb 13, 2008

ထိုင်းနိုင်ငံမှ အကောင်းဆုံး TV ကြော်ငြာများ (၄)

Bridgestone တာယာ ဘရိတ်ကောင်းကြောင်းကြော်ငြာလေးပါ .. Idea ကောင်းတဲ့ ထိုင်းဒရိုက်တာကိုရော .. သရုပ်ဆောင်ကောင်းတဲ့ ခွေးရဲ့အမူအရာကိုပါ အရမ်းချီးကျူးမိတယ် ဗျာ ..
ဒါကတော့ သူ့ချစ်ချစ်အတွက် အစာရှာပြီးပြန်အလာ .. မြင်ကွင်းတစ်ခုကို မြင်ပြီး အသည်းတွေကွဲသွားခဲ့တဲ့ .. ခွေးတစ်ကောင် .. သေကြောင်းကြံဖို့ စီစဉ်နေတုန်း .. ..
ကဲပါလေ .. အောက်က YouTube က ဗီဒီယိုလေး ကြည့်ပြီး ရှု့စားလိုက်ရအောင် ..

Feb 12, 2008

ထိုင်းနိုင်ငံမှ ဆောင်ရန် ရှောင်ရန်များ (၁) .. ခွေး ဆိုတာ .. ထိုင်းလို ..


ဒီအကြောင်းလေးတွေကို ရေးချင်တာ ကြာလှပါပြီ။ ဒါပေမယ့် ရေးစရာလေးတွေ များလာတော့လည်း အပိုင်းလေးတွေ လုပ်ပြီးရေးမယ်လို့ပဲ စီစဉ်လိုက်ပါတယ်။

“ခွေး” လား “ခွေ”လား .. ဘယ်လိုပဲထွက်ပါစေ .. ထိုင်းလူမျိုးတွေကတော့ ယောင်္ကျားတန်ဆာ (ရေးမပြတော့ပါဘူး) .. အဲ .. အဲဒါပဲ ထင်လိမ့်မယ်။ ဒီထိုင်းနိုင်ငံမလာခင်ကတည်းက ဦးရီးတော် မှာလိုက်တဲ့ စကားရှိပါတယ်။ “ကိုတိုး .. ခွေးတွေ တွေ့လို့များ .. မြန်လို ခွေး ဆိုပြီး သွားမထွက်လိုက်နဲ့ .. ဘယ်လိုပဲ ဖြစ်ဖြစ် ခွေး ဆိုတဲ့ စကား မပါပါစေနဲ့” “ခွေး ဆိုတာက ထိုင်းမှာ ယောင်္ကျား ဟိုဟာပဲ ကွ” ဆိုပြီး သင်ပေးလိုက်ပါတယ်။
ဒါနဲ့ ရုံးရောက်တော့ .. Trip တစ်ခုအသွားလာမှာ ထိုင်းအမျိုးသမီးတစ်ယောက်က မေးပါလေရော။ “မျိုးဟန်ထွန်း .. မင်းတို့ မြန်မာတွေမှာ “ခွေး” ဆိုတဲ့ စကားလုံးဟာ ဘာလဲ” ဆိုတာပါပဲ။ လူလည်း လန့်တော့ လန့်သွားတယ် .. ငါတော့ ဒီစကားလုံးကို ဦးရီးတော် ပြောကတည်းက မထွက်မိတာ အမှန်ပါ။ ဘယ်မြန်မာများ ထွက်မိလို့ သူတို့ကမေးရတာလဲ လို့ စိတ်ထဲက မေးခွန်းထုတ်ခဲ့ပါတယ်။ “သြော် .. ခွေးလား .. ဒါက Dog ကို ပြောတာပေါ့ ဗျာ .. ကျွန်တော်တို့ မြန်မာတွေက ခွေးချစ်တတ်တော့ သူ့တို့ အိမ်က ခွေးအကြောင်းတွေကို မြန်မာ အချင်းချင်း ပြောကြလို့ ဒီစကားကို ခင်ဗျားတို့ ကြားမိတာ နေမှာပေါ့” ဆိုပြီး စကားကို အဆုံးသတ်လိုက်ရတယ်။ သူ့ကို ရှင်းပြနေချိန် .. ဒီ “ခွေး” ဆိုတဲ့ အသံ ကြောင့် ဒါ မြန်မာကောင် ငါတို့ ထိုင်းမ ကို တခွေးတည်း ခွေး နေလိုက်တာ ဆိုတဲ့ အကြည့်တွေ နဲ့ပေါ့ ဗျာ။

ဘာပဲပြောပြောပေါ့ဗျာ .. ရောမရောက် ရောမလိုကျင့်ရသလို .. ထိုင်းရောက်တော့လည်း ဆောင်ရန် ရှောင်ရန်လေးတွေ သိသင့်စေခြင်း အလို့ငှာ ရေးလိုက်ရတာပါ။

ကိုတိုး

Feb 11, 2008

၎ နှစ်ရှိနေပြီ .. ရမ်ခမ်ဟန် ဆွိုင် ရီးဆစ်ဆီ

၎ နှစ်ရှိနေပြီ .. ရမ်ခမ်ဟန် ဆွိုင် ရီးဆစ်ဆီ

ဒီလမ်းထဲက
တ၀ူးဝူး ကိုယ်ပိုင်ကားတွေကို
ငေးကြည့်နေရင်း
၅ ဘတ်တန် အနီကားနဲ့ပဲ
လမ်းထိပ်ကို ထွက်ခဲ့ရတာ
၎ နှစ်ရှိနေပြီ

အိပ်တွေကိုယ်စီနဲ့ စာရွက်တွေပွေ့ပိုက်ရင်း
နားမလည်တဲ့ ဘာသာရပ်တွေ
အကြောင်းပြောနေတဲ့
လူတွေကို ငေးကြည့်ခဲ့ရတာလည်း
၎ နှစ်ရှိနေပြီ

“ထောက်ရိုင် ခရပ်” ဆိုပြီး
လက်ညှိုးကို ဟိုထိုးဒီထိုး
တစ်ယောက်တည်း
ကြောင်တောင်တောင်နဲ့
ဈေးဝယ်ထွက်ခဲ့ရတာလည်း
၎ နှစ်ရှိနေပြီ

ကျောင်းတော်ကြိးတွေရယ်
ရေကန်ကြီးရယ်
အားကစားကွင်းကြီးရယ်
အားကစားရုံကြီးရယ်
ငါအမြဲသွားသွား ဆွေးခဲ့ရတဲ့ နေရာလေးရယ်
ရေကန်ထဲက ငါ့သူငယ်ချင်း ငါးတွေရယ်
လမ်းထဲက ခွေးလေခွေးလွင့်တွေရယ်
မပြုံးမရီခဲ့တဲ့လူတွေရယ်
ခင်မင်ခဲ့တဲ့လူတွေရယ်
ကွန်ဒိုဆောင်ရယ်
သွားစားနေကြ ထမင်းဆိုင်တွေရယ်
ဒါတွေလည်း
၎ နှစ်ရှိနေပြီ

ကိုတိုး

ကားရှိမှ မျက်နှာပွင့်မည့်ကိန်း ဆိုက်နေလို့ ကြံမိကြံရာ ကြံလိုက်တဲ့ ဟိုလူ


ကားရှိမှ မျက်နှာပွင့်မည့်ကိန်း ဆိုက်နေလို့ ကြံမိကြံရာ ကြံလိုက်တဲ့ ဟိုလူ .. တော်တော်လေး ကောင်းတဲ့ ကြော်ငြာလေးပါ။

ကိုတိုး

မတည့်အတူနေပေမယ့် .. ချစ်တတ်ကြပါတယ်










မနက်စောစော .. ရုံးရောက်ခါစ .. ဒီပုံလေးတွေ တွေ့လို့ တင်ထားလိုက်တာပါ။ တကယ့်ကို ချစ်စရာကောင်းပါတယ် ဗျာ။

မူရင်း Link မှာ နည်းနည်းပိုကြီးတဲ့ ပုံတွေ သွားကြည့်နိုင်ပါတယ် ..

ကိုတိုး

Feb 9, 2008

လုံးရာမှ ပြားရရှာတဲ့ ဖုံးကညှာများ (သို့) Amazing Thailand










ဒါကတော့ ၂၀၀၅ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပသွားတဲ့ Miss Transvestites 2005 က လုံးရာမှ ပြားရရှာတဲ့ ဖုံးကညှာများရဲ့ ဓါတ်ပုံများဖြစ်ပါတယ်။ Amazing Thailand လို့ခေါ်ဆိုကြတဲ့ ထိုင်းနိုင်ငံတွင် ယောင်္ကျားမှ မိန်းမသို့ အပြီးအပိုင်ပြောင်းလဲသွားသော ထိုလုံးရာမှ ပြားရရှာတဲ့ ဖုံးကညှာပျိုမေတွေကတော့ အထူးဆန်းဆုံးဖြစ်ပါသည်။

အခုလို ယောင်္ကျားမှ မိန်းမသို့ အပြီးအပိုင်ပြောင်းသွားသော လုံးရာမှပြား ပျိုမေကညှာတွေကို မသိပဲ ယူမိလို့ ပြဿနာတက်တဲ့ နိုင်ငံခြားသားတွေလည်း မနည်းတော့ပါ။ တစ်ချို့လည်း အရပ် (သို့) လည်စိ (သို့) အသံ ကို ကြည့်ပြီး ခွဲခြားလို့ရပေမယ့် တစ်ချို့ကျတော့ ဘယ်လိုမှကို ခွဲခြားလို့မရအောင် အစစ အရာရာ ပြုပြင်ထားတဲ့ အတွက် မှားစရာ ကတော့ ဆန်းတော့မည် မဟုတ်ပါ။ ဒါကြောင့်လည်း Amazing Thailand လို့ ဆိုကြတာနေမှာပေါ့ ဗျာ။

ဆက်လက်ရေးသားပါမည် .. မျှော်ပါ ..

ကိုတိုး

Feb 3, 2008

ဂျာမာန်မကြီး ရဲ့ နှစ်သစ်ချစ်ဦး




လေးစားလျှက်
ကိုတိုး