Showing posts with label Fire. Show all posts
Showing posts with label Fire. Show all posts

Feb 26, 2008

ရန်သူမျိုးငါးပါးထဲမှာ .. အင်မတန်ဆိုးဝါးလှတာ .. မီး .. မီးရယ်

မန္တလေး ရတနာပုံဈေးမီးလောင်တဲ့ အကြောင်းမနေ့က မန္တလေးက အသိတစ်ယောက်လှမ်းပို့လိုက်တဲ့ Message ကိုမြင်မြင်ချင်း တော်တော်စိတ်ညစ်ခဲ့ပါတယ် ဗျာ။ ဒီ မီးနဲ့ပတ်သက်လို့ ပုံများကြည့်ချင်ရင်တော့ http://anony.pictiger.com/images သွားရောက်ကြည့်ရှု့နိုင်ပါတယ် ဗျာ။

ရတနာပုံဈေးမှ ဈေးသူဈေးသားတွေနဲ့ မန္တလေးအိုင်တီလောကသားတွေအတွက် စိတ်မကောင်းပါဘူး ဆိုတာလောက်ပဲ ကျွန်တော်ပြောရုံသာပြောနိုင်ပေမယ့် ဒီအချိန်သူ့တို့ ဘယ်လောက်ထိ ငိုကြွေးသောကရောက်နေကြမယ်၊ သူတို့ရင်ထဲက အပူမီးတွေ ဘယ်လောက်ထိ လောင်ကျွမ်းနေကြတယ်ဆိုတာ နှလုံးသားရှိသူတိုင်း ခံစားနားလည် နိုင်ကြပါလိမ့်မယ် ဗျာ။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ

ကိုတိုး