Dec 9, 2006

Happy New Year 2007 Wallpaper


ဒါကတော့ ရုံးက ထိုင်းဖွားဖွား၊ ထိုင်းမမ၊ ထိုင်းဒေါ်ဒေါ်၊ ထိုင်းညီမလေးများက Happy New Year ရဲ့ Design ကို Fancy ဖြစ်ရမယ်လို့ တောင်းဆိုမှု့အရ လုပ်ပေးလိုက်တာပါ။ Invitation ကဒ်ရယ်၊ Poster ရယ်၊ Wallpaper ရယ်ပါ။ Internet ကနေ သူတို့ ကြိုက် တတ်တဲ့ အရုတ်လေးတွေကို ရွေးပြီး ကိုယ့် idea လေးနဲ့ ရောင်စုံဘောလုံးလေးတွေကို ဒီဇိုင်းလုပ်၊ Photoshop ရဲ့ Brushes တွေနဲ့ချယ်သ၊ ဖြတ်ညှပ်ကပ် idea နဲ့ ပြန်ပေါင်းလိုက်တာပါ။ လျှောက်လုပ်ပေးလိုက်တာကတော့ အရေးမကြီးပါဘူး Design ကိုကြည့်ပြီး ဒီကောင် တော်တော်မိန်းမဆန်လွန်းတယ်လို့ တွက်နေရင်လည်း တစ်ဒုက္ခ။
ကျွန်တော်ကတော့ Customer နဲ့ User Demand တွေပေါ်မှာ မူတည်ပြီးလုပ်ရတဲ့အခါ စိန်ခေါ်မှု့တစ်ခုကို ရင်ဆိုင်ဖြေရှင်းရတယ်
လို့ပဲ ဆိုလိုချင်ပါတယ်။ နည်းနည်းလေးလေကြွားပြောစတမ်းဆိုရင်တော့ ငါဒီလို Design တွေလည်းရတယ်ပေါ့။ ဟဲ ဟဲ

Happy New Year 2007 Wallpaper (Res: 1024 x 768, Size: 422 Kb)
ကိုတိုး



1 comment:

Chan Mya Soe said...

ဒီဇိုင်းတွေမိုက်မိုက် ထိုင်းမလေးတွေအကြိုက် :P

ထိုင်းမလေးတွေက ဒီဇိုင်းတင်မဟုတ်ဘဲ ဒီဇိုင်နာကိုပါကြိုက်သွားရင်တော့ ဟိဟိ

ကြည့်ကြပ်လုပ် ... ကြည့်ကြပ်လုပ်

ကြက်ဖကြီး။ ။ဥကြီးကြီးဥ ..
ကြက်မကြီး။ ။ကတ်သီးကတ်သတ်တော် ... ကတ်သီးကတ်သတ်တော် ..
ကြက်ပေါက်စလေးများ။ ။ကြည့်ကြပ်လုပ် ... ကြည့်ကြပ်လုပ်

ဟိဟိ :P