Aug 14, 2007

ဒီလိုလည်း ဖြစ်တတ်ပါတယ်


ဟိုးတစ်လောက နေ့ခင်းကြောင်တောင် အားကစားလုပ်ပြီး ဗိုက်ဆာဆာနဲ့ အလှမ်းမဝေးလှတဲ့ အိမ်နားက ကုလားဆိုင်တစ်ဆိုင်မှာသွားစားဖြစ်တယ်။ အိမ်နားမှာတော့ ထိုင်း၊ မြန်မာ၊ တရုပ်၊ ကုလားဆိုင်တွေကတော့ ပေါမှပေါ။

ဒါနဲ့ ဆိုင်လည်းရောက်တော့ ဗိုက်ဆာဆာနဲ့ Dosa (မြန်မာအခေါ် “တိုရှည်”) ခြောက်ချပ် .. ကြက်ကီးမား ၁ ပွဲ၊ အာလူးဟင်း တစ်ပွဲ စားပြီး ဒိန်ချည် ၂ ခွက် ဆင့်သောက်ရော။ (ပြောမယ့်သာပြောတာ ထည့်ပေးတာတွေက နည်းနေတော့ အာတောင် ကောင်းကောင်း မဆွတ်ရှာဘူး၊ ဟင်းတွေကလည်း အရောင်တင်မှုန့်တွေဘယ်လောက်များထည့် ထားသလဲလို့မပြောတော့ပါဘူး ဘုန်းကြီးသင်္ကန်းတွေများ ထည့်ချက်ထားလား အောင့်မေ့ရတယ်) ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ဆိုင်ရှေ့မှာတွေ့တော့ သူ့ပါခေါ်ပြီး ဒိန်ချည်သောက်မလား ငါပေးပါ့မယ် လို့ပြောပြီး ဆိုင်ထဲခေါ်လိုက်တယ်။ နောက်တော့ ဆိုင်ထဲမှာ သူနဲ့ “ကိုယ့်ကိုယ်ကို အားကိုးရေးနဲ့ မည်သူ့မှ အားမကိုးရေး” အစရှိတဲ့ အကြောင်းအရာတွေကို စီစာပတ်ကုံး စာစီကုံးသကဲ့သို့ ကျွန်တော်က စပြောတယ်။

နောက် ပိုက်ဆံရှင်းမယ် လုပ်တော့ ပိုက်ဆံအိပ်က ပါမလားဘူး။ ဒါနဲ့ သူငယ်ချင်းကို မင်းမှာပါရင် ခဏလောက်ဆိုက်ပြီးပေးလိုက်ပါ ငါနောက်မင်းဆီချက်ချင်းလာပေးပါ့မယ်လို့ ပြောတာနဲ့ သူက ပိုက်ဆံထုပ်ပြီးရှင်းလိုက်တယ်။ သေပါလေရော ..... သူကတော့ ကျွန်တော့်ရဲ့ “ကိုယ့်ကိုယ်ကို အားကိုးရေးနဲ့ မည်သူ့မှ အားမကိုးရေး” ခေါင်းစဉ်နဲ့ ဟောပြောသွားတာတွေကိုတော့ ဘယ်လိုမြင်မလဲ ဗျာ ..

ဒီလိုလည်း ဖြစ်တတ်ပါတယ်

ကိုတိုး