Showing posts with label My Favorite Web Sites. Show all posts
Showing posts with label My Favorite Web Sites. Show all posts

Mar 24, 2008

Visible Body (www.visiblebody.com)

ဒီနေ့ထူးထူးခြားခြားတွေ့လိုက်တဲ့ Web Site ပါ။ အဲဒီ Site ကတော့ VisibleBody.com ပါပဲ။ အရမ်းကိုကောင်းပါတယ်။ အရင်တုန်းက Medical တို့ Anatomy တို့နဲ့ပတ်သက်ပြီး Interactive Video တွေ တွေ့ဖူးပေမယ့် ယခုလောက် သိပ်မပြောင်မြှောက်လောက်ပါဘူး။ နောက်တစ်ခုထူးခြားတာကတော့ Web Browser ပေါ်မှာ Run လို့ရတာပါပဲ။ Systems Requirement များတာတစ်ခုရယ် နောက်ထူးခြားတာက IE ပေါ်မှာပဲ Run လို့ရတာရယ်ပါ။

ဆေး ပညာလေ့လာနေတဲ့ ကျောင်းသူကျောင်းသားများ၊ သူနာပြုများ နှင့် ဆေးပညာအခြေခံလေ့လာသူများ အခြားအထွေထွေ ဗဟုသုတ ရှာဖွေနေကြတဲ့ သူများအတွက် အထူးကောင်းမွန်ပါကြောင်း အသိပေးပါရစေ။

လမ်းညွှန် ။ ။

(၁) http://www.visiblebody.com ကိုသွားပါ (Internet Browser ကိုသာ သုံးပါ)
(၂) http://www.visiblebody.com/user/register တွင် Register လုပ်ပါ
(မှတ်ချက်။ ။ မိမိ ကိုယ်ပိုင် Email ဖြစ်ပါစေ .. သို့မှသာ Activate လုပ်နိုင်ပါလိမ့်မည်)
(၃) ထို့နှောက် မိမိ Email ကိုဖွင့်၍ ဆိုက်မှလာသော Activate Link ကိုနှိပ်၍ သော်လည်ကောင်း .. Link ကို Copy လုပ်၍ Browser တွင် Paste လုပ်၍သော်လည်းကောင်း Activate လုပ်ပြီး Launch Visible Body Button ကိုနှိပ်ပါ။

မှတ်ချက် .. Loading ကြာချိန်သည် Connection Speed အနှေးအမြန်ပေါ်မူတည်သည်။

ကိုတိုး

Feb 27, 2008

ကျွန်တော်အကြိုက်ဆုံး Web Site များ (၄) (သို့မဟုတ်) My Favorite Web Sites (4)


ဒါကတော့ ကျွန်တော့် စိတ်အစဉ်ကို အပိုင်ဖမ်းစားသွားတဲ့ Web Site ပါ။ နည်းပညာပိုင်းက ကြည့်ကြည့် .. အနုပညာပိုင်းက ကြည့်ကြည့် .. ဂီတပိုင်းက ကြည့်ကြည့် .. တကယ့်ကို ထူးချွန်တဲ့ လူတစ်ယောက်ဆိုတာ လွဲမှားစရာ အကြောင်းမရှိပါဘူး။ သူကတော့ ပိုလန်နိုင်ငံသား Marcin Zemczak ဖြစ်ပါတယ်။ သူ့ရဲ့ဖန်တီးမှု့ အနုပညာ လက်စွမ်းဟာ .. တကယ့်ကို အံသြစရာ ကောင်းလှပါတယ်။ လူတစ်ယောက်အနေနဲ့ အဖက်ဖက်က ထူးချွန်ဖို့ဆိုတာ ပါရမီ (သို့) Gifted Nature ရှိနေမှရပါတယ်။ သူဘာသာသူ ဘယ်လောက် လေ့လာလေ့လာ ကြိုးစားကြိုးစား ပါရမီ မပါလာရင် ထူးချွန်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒီလူဟာ ပါရမီရှင် တစ်ယောက်ဆိုတာ သူ့ Web Site က သက်သေတည်နေပါတယ်။ Menu မပါတဲ့ စနစ်ကို သုံးထားတဲ့ Web Site မို့လို့ Viewer (Visitor) များအနေနဲ့ကတော့ အခက်တွေ့လိမ့်မယ်။ အမှောင်ထုနဲ့ အေးခဲမှု့ကို ဦးစားပေးတဲ့ သူ့ ပန်းချီ (3D) လက်ရာတွေက CG သမားတွေအတွက် သဘောကျပါလိမ့်မယ်။ Flash Developement ပိုင်းမှာတော်တော်လေး လက်စွမ်းပြထားလို့ Flash Developer (သို့) Actionscript သမားတွေအတွက်လည်း ကြိုက်နှစ်သက်မယ်ထင်ပါတယ်။ နောက်ဆုံးကတော့ သူဖန်တီးထားတဲ့ သူ့ရဲ့ Drum တီးလုံးတွေပါပဲ။ Site ရဲ့ Visitor တွေကို နောက်ခံတီးလုံးတွေနဲ့ အပိုင်ဖမ်းစားသွားပါတယ်။ ဒါကတော့ သူ့ရဲ့ Web Site (www.crommcruac.com) ပါပဲ။

ကိုတိုး

ကျွန်တော်အကြိုက်ဆုံး Web Site များ (၃) (သို့မဟုတ်) My Favorite Web Sites (3)

ဒါကတော့ .. CG Society Web Site ပါ။ ကမ္ဘာ့အရပ်အသီးသီးမှ CG ပညာရှင်တွေနဲ့ ဝါသနာရှင်တွေ စုစည်းရာ နေရာတစ်ခု ဖြစ်သလို သူတို့ Site ရဲ့ ဆောင်းပါးတွေက အရမ်းကောင်းပါတယ်။ အထူးသဖြင့် ရုပ်ရှင်တွေရဲ့ CG တွေအကြောင်းကို အမြဲတမ်းရေးလေ့ရှိပါတယ်။ ကျွန်တော် နေ့စဉ်လိုလို အမြဲရောက်ပါတယ်။ 2D နဲ့ 3D တွေရဲ့ ဆုရ Gallery တွေရော တခြား ၀ါသနာရှင်တွေ ပညာရှင်တွေရဲ့ 2D နဲ့ 3D ပုံတွေကို လည်း အထူးတလည်လေ့လာနိုင်တဲ့ နေရာကြီးပါ ဗျာ။ www.cgsociety.org မှာ သွားရောက် လေ့လာနိုင်ပါတယ်။

ကိုတိုး

Feb 26, 2008

ကျွန်တော်အကြိုက်ဆုံး Web Site များ (၂) (သို့မဟုတ်) My Favorite Web Sites (2)

ဒါကတော့ Saizen Media ရဲ့ Web Site ပါ။ အရင်တုန်းကတော့ Fubon အမည်နဲ့ပါ။ Conceptual Artists တွေနဲ့ ဖွဲ့စည်းထားတဲ့ Web/Graphic Company တစ်ခုပါပဲ။ သူတို့ဝက်ဆိုက်ရဲ့ Lead Artist/ CEO Constantine Yarosh ဟာ အသက် ၂၃ နှစ်သာသာလောက်ပဲ ရှိပါတယ်။ သူတို့ ဖန်တီးထားတဲ့ Web Site တစ်ချို့ကို လည်း သူတို့ Site က Portfolio တွေမှာ သွားကြည့်နိုင်ပါတယ်။ အလွန်ကောင်းမွန်သော အနုပညာလက်ရာတွေနဲ့ ဖန်တီးထားတာတွေ့ရပါလိမ့်မယ်။
ကဲ .. Saizen Media ကို ဒီ Link မှာသွားကြည့်လိုက်ရအောင်လား ဗျာ

ကိုတိုး

ကျွန်တော်အကြိုက်ဆုံး Web Site များ (၁) (သို့မဟုတ်) My Favorite Web Sites (1)

ဒါကတော့ ကျွန်တော် အမြဲဝင်ဝင်ကြည့်တတ်တဲ့ Web Site ပါ။ The FWA (or) The Favorite Web Site Award ကတော့ တစ်ကမ္ဘာလုံးက Web Development + Flash Development + Artist + Designer များရဲ့ ဒိတ်ဒိတ်ကျဲ Site များကို Award ပေးတဲ့ ဆိုက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်များ ဆုရတာလဲ ဆိုလောက်အောင် မေးခွန်းထုပ်စရာ အကြောင်းရှိတဲ့ အနုပညာ နည်းပညာကို အခြေခံထားတဲ့ ဝက်ဆိုဒ်တစ်ချို့လည်း ရှိပါတယ်။ ဂျပန် ဝက်ဆိုဒ်တွေရဲ့ ရှင်းလင်းတဲ့ Clean Design Concept တွေနဲ့ ဝက်ဆိုက်တွေလည်း တွေ့ရပါလိမ့်မယ်။ ကဲ www.thefwa.com မှာ သွားကြည့်လိုက်ရအောင်လား ဗျာ။

ကိုတိုး