Showing posts with label Human Anatomy For Artist. Show all posts
Showing posts with label Human Anatomy For Artist. Show all posts

Mar 24, 2008

Visible Body (www.visiblebody.com)

ဒီနေ့ထူးထူးခြားခြားတွေ့လိုက်တဲ့ Web Site ပါ။ အဲဒီ Site ကတော့ VisibleBody.com ပါပဲ။ အရမ်းကိုကောင်းပါတယ်။ အရင်တုန်းက Medical တို့ Anatomy တို့နဲ့ပတ်သက်ပြီး Interactive Video တွေ တွေ့ဖူးပေမယ့် ယခုလောက် သိပ်မပြောင်မြှောက်လောက်ပါဘူး။ နောက်တစ်ခုထူးခြားတာကတော့ Web Browser ပေါ်မှာ Run လို့ရတာပါပဲ။ Systems Requirement များတာတစ်ခုရယ် နောက်ထူးခြားတာက IE ပေါ်မှာပဲ Run လို့ရတာရယ်ပါ။

ဆေး ပညာလေ့လာနေတဲ့ ကျောင်းသူကျောင်းသားများ၊ သူနာပြုများ နှင့် ဆေးပညာအခြေခံလေ့လာသူများ အခြားအထွေထွေ ဗဟုသုတ ရှာဖွေနေကြတဲ့ သူများအတွက် အထူးကောင်းမွန်ပါကြောင်း အသိပေးပါရစေ။

လမ်းညွှန် ။ ။

(၁) http://www.visiblebody.com ကိုသွားပါ (Internet Browser ကိုသာ သုံးပါ)
(၂) http://www.visiblebody.com/user/register တွင် Register လုပ်ပါ
(မှတ်ချက်။ ။ မိမိ ကိုယ်ပိုင် Email ဖြစ်ပါစေ .. သို့မှသာ Activate လုပ်နိုင်ပါလိမ့်မည်)
(၃) ထို့နှောက် မိမိ Email ကိုဖွင့်၍ ဆိုက်မှလာသော Activate Link ကိုနှိပ်၍ သော်လည်ကောင်း .. Link ကို Copy လုပ်၍ Browser တွင် Paste လုပ်၍သော်လည်းကောင်း Activate လုပ်ပြီး Launch Visible Body Button ကိုနှိပ်ပါ။

မှတ်ချက် .. Loading ကြာချိန်သည် Connection Speed အနှေးအမြန်ပေါ်မူတည်သည်။

ကိုတိုး

Jan 6, 2008

HUMAN ANATOMY FOR ARTISTS


HUMAN ANATOMY FOR ARTISTS (Hardcover) Illustrated by Andras Szunyoghy and texted by Gyorgy Feher စာအုပ်ကတော့ တော်တော်လေးကောင်းတယ်။ အရင် Human Body လေ့လာတုန်းက စာအုပ်တွေက အပြင်ပိုင်းဆန်ဆန်ရေးထားတာတွေများပါတယ်။ ထိုစာအုပ်တွေက အသုံးတော်တော်တည့်ပြီး ဗဟုသုတရခဲ့ပေမယ့် ဒီစာအုပ်နဲ့ ယှဉ်လိုက်ရင်တော့ တော်တော်လေး ကွာသွားပါတယ်။ တော်တော်လေးကို ပြည့်စုံပါပေတယ်။ Ratio, Position, Symmetry, Proportion နဲ့ Measurement ပိုင်းတွေမှာ ပိုပြီး စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဖတ်စရာစာထက် ပုံကြည့်နေရတာကိုက စိတ်ဝင်စားစရာကောင်းပါတယ်။

ကိုတိုး