Showing posts with label Design. Show all posts
Showing posts with label Design. Show all posts

Mar 25, 2008

MY LATEST ILLUSTRATION

ဒီ Lamborghini Gallardo LP560-4 (2009) .. Illustration ကတော့ မနေ့ည (March 24, 2008) နဲ့ ဒီနေ့ည (March 24, 2009) နှစ်ရက် အချိန်ယူပြီး ညနေ ရုံးကပြန်လာတိုင်း ဆွဲလိုက်တယ်။ အသေးစိတ် Detail တော့ တတ်နိုင်သမျှ လိုက်ထားတယ်။ Softare ကတော့ Illustrator Version 10 တစ်ခုတည်းကိုသာ သုံးထားပါတယ်။

ဒီရက်ပိုင်း Honda, Yamaha နဲ့ Toyata တို့ရဲ့ Concept Car တွေနဲ့ သူတို့ရဲ့ Concept ဒီဇိုင်းတွေကို တော်တော်လေ့လာဖြစ်တယ်။ ကိုယ်တိုင်လည်း Concept Car, Bus တွေနဲ့ လူသုံးကုန် ပစ္စည်းတွေကို Sketch တွေ တော်တော်လေး ဆွဲဖြစ်တယ်။

နောက်အချိန်ရရင် Illustrator နဲ့အရင်ဆွဲကြည့်မယ် .. သဘောကျရင် Maya နဲ့ Model လုပ်ကြည့်အုံးမယ်။

ကိုတိုး

Mar 7, 2008

Tribute to My Favorite Cartoon "POE ZAR"

ကာတွန်းပိုးဇာကတော့ ကျွန်တော့် အကြိုက်ပေါ့။ ဒီတစ်ခါတော့ စိတ်ကူးရတာနဲ့ ပိုးဇာပုံကို Adobe Illustrator မှာ ဆွဲမယ်ဆိုပြီး စဆွဲနေတုန်း ညီတော်လေး မျိုးကျော်ထွန်းက “အကိုကြီး Gradient မပါပဲနဲ့ ဆွဲပါလား .. အဲဒါကို ပိုကြည့်လို့ ကောင်းတယ်” ဆိုတာနဲ့ Grandient ကို လုံးဝ သုံးမထားပါဘူး။ ဒါနဲ့ ဆိုရင် Gradient မသုံးတဲ့ ကာတွန်း ကာရိုက်တာ ၃ ခုလောက်ရှိပြီ။ Tone တွေအားလုံးကို လိုက်ညှိရတာ တော်တော်လေး အချိန်ကြာသွားတယ်။ ဖြစ်ချင်တော့ မျက်နှာနဲ့ ဦးထုပ်ဆွဲပြီးတာနဲ့ Layer က ၁၀၀ နားကပ်နေပြီ။ မျက်စိနာနေတဲ့ ကြားက ဆွဲရတာလောက် မသက်မသာ မရှိပါဘူး။ ဒါနဲ့ ၃ ရက် အချိန်ယူလိုက်ရတယ် ဆိုပါတော့။ Layer အားလုံးပေါင်းကတော့ ၅၀၁ ပေါ့။ နောက် အချိန်ရမှပဲ လိုတာလေးတွေ Detail ဆက်ဖြည့်ပြီး Wallpaper လုပ်ပေးတော့မယ်။

ကိုတိုး

Feb 14, 2008

i-baby Magazine Cover (or) Cutest Baby?

ဒါကတော့ ကျွန်တော် ဖန်တီးထားတဲ့ i-Baby Magazine မျက်နှာဖုံး Cover လေးပေါ့ ဗျာ။ သူ့ မူရင်း .. ကလေးခေါင်းကို Mr. Bean ပုံတပ်ထားတာကိုတွေ့တာနဲ့ .. Idea တစ်ခုရသွားတယ်။ ဒါကတော့ Baby Magazine ဒီဇိုင်းလေး လုပ်လိုက်မယ် ဆိုတာပါပဲ။ ဒါနဲ့ ၂ နာရီကျော်ကျော်လောက် ကြာသွားတယ်။ အစပထမတော့ ပုံကို ဖြစ်တောက်ပြီး Background ကအစ အခြားနေရာလေးတွေပါ Artistic ဆန်ဆန်လုပ်လိုက်တယ်။ အရောင်အပိုင်းကိုတော့ Cute ဖြစ်အောင်နဲ့ နည်းနည်း ကလေးဆန်ဆန် Girly ဆန်ဆန် အရောင်တွေနဲ့ Compose လုပ်လိုက်ရတယ်။ နောက်အချိန်ရမှပဲ .. တစ်ခုခြင်း ဘယ်လိုလုပ်သွားသလဲ ဆိုတာကို အဆင့်ဆင့် ပြန်ရေးပြပါ့မယ်။

ကိုတိုး

Nov 28, 2007

UGLY KID TOE


လက်ခလယ် လက်ချောင်းလေး ထောင်ထားတာကို တော့ စိတ်မရှိပါနဲ့ဗျာ .. ဒါက မူလ Ugly Kid Joe ရဲ့ မူဟန်ပါ။ ကျွန်တော်က ပြင်မဆွဲပေမယ့် ဗြောက်အိုးကိုတော့ ကွယ်ဝှက်ကိုင်ခိုင်းထားလိုက်သေးတယ်။ ရုပ်ဆိုးဆိုးနဲ့ လူဆိုးလေးပုံပေါက်တဲ့ ကိုတိုးပေါ့ ဗျာ။

UGLY KID TOE Wallpaper ကိုဒီနေရာမှရယူပါ။ Resolution (1024 x 768, Size 200 KB)

ကိုတိုး

Dec 9, 2006

Happy New Year 2007 Wallpaper


ဒါကတော့ ရုံးက ထိုင်းဖွားဖွား၊ ထိုင်းမမ၊ ထိုင်းဒေါ်ဒေါ်၊ ထိုင်းညီမလေးများက Happy New Year ရဲ့ Design ကို Fancy ဖြစ်ရမယ်လို့ တောင်းဆိုမှု့အရ လုပ်ပေးလိုက်တာပါ။ Invitation ကဒ်ရယ်၊ Poster ရယ်၊ Wallpaper ရယ်ပါ။ Internet ကနေ သူတို့ ကြိုက် တတ်တဲ့ အရုတ်လေးတွေကို ရွေးပြီး ကိုယ့် idea လေးနဲ့ ရောင်စုံဘောလုံးလေးတွေကို ဒီဇိုင်းလုပ်၊ Photoshop ရဲ့ Brushes တွေနဲ့ချယ်သ၊ ဖြတ်ညှပ်ကပ် idea နဲ့ ပြန်ပေါင်းလိုက်တာပါ။ လျှောက်လုပ်ပေးလိုက်တာကတော့ အရေးမကြီးပါဘူး Design ကိုကြည့်ပြီး ဒီကောင် တော်တော်မိန်းမဆန်လွန်းတယ်လို့ တွက်နေရင်လည်း တစ်ဒုက္ခ။
ကျွန်တော်ကတော့ Customer နဲ့ User Demand တွေပေါ်မှာ မူတည်ပြီးလုပ်ရတဲ့အခါ စိန်ခေါ်မှု့တစ်ခုကို ရင်ဆိုင်ဖြေရှင်းရတယ်
လို့ပဲ ဆိုလိုချင်ပါတယ်။ နည်းနည်းလေးလေကြွားပြောစတမ်းဆိုရင်တော့ ငါဒီလို Design တွေလည်းရတယ်ပေါ့။ ဟဲ ဟဲ

Happy New Year 2007 Wallpaper (Res: 1024 x 768, Size: 422 Kb)
ကိုတိုး