Showing posts with label Illustration. Show all posts
Showing posts with label Illustration. Show all posts

Mar 25, 2008

MY LATEST ILLUSTRATION

ဒီ Lamborghini Gallardo LP560-4 (2009) .. Illustration ကတော့ မနေ့ည (March 24, 2008) နဲ့ ဒီနေ့ည (March 24, 2009) နှစ်ရက် အချိန်ယူပြီး ညနေ ရုံးကပြန်လာတိုင်း ဆွဲလိုက်တယ်။ အသေးစိတ် Detail တော့ တတ်နိုင်သမျှ လိုက်ထားတယ်။ Softare ကတော့ Illustrator Version 10 တစ်ခုတည်းကိုသာ သုံးထားပါတယ်။

ဒီရက်ပိုင်း Honda, Yamaha နဲ့ Toyata တို့ရဲ့ Concept Car တွေနဲ့ သူတို့ရဲ့ Concept ဒီဇိုင်းတွေကို တော်တော်လေ့လာဖြစ်တယ်။ ကိုယ်တိုင်လည်း Concept Car, Bus တွေနဲ့ လူသုံးကုန် ပစ္စည်းတွေကို Sketch တွေ တော်တော်လေး ဆွဲဖြစ်တယ်။

နောက်အချိန်ရရင် Illustrator နဲ့အရင်ဆွဲကြည့်မယ် .. သဘောကျရင် Maya နဲ့ Model လုပ်ကြည့်အုံးမယ်။

ကိုတိုး

Mar 7, 2008

Tribute to My Favorite Cartoon "POE ZAR"

ကာတွန်းပိုးဇာကတော့ ကျွန်တော့် အကြိုက်ပေါ့။ ဒီတစ်ခါတော့ စိတ်ကူးရတာနဲ့ ပိုးဇာပုံကို Adobe Illustrator မှာ ဆွဲမယ်ဆိုပြီး စဆွဲနေတုန်း ညီတော်လေး မျိုးကျော်ထွန်းက “အကိုကြီး Gradient မပါပဲနဲ့ ဆွဲပါလား .. အဲဒါကို ပိုကြည့်လို့ ကောင်းတယ်” ဆိုတာနဲ့ Grandient ကို လုံးဝ သုံးမထားပါဘူး။ ဒါနဲ့ ဆိုရင် Gradient မသုံးတဲ့ ကာတွန်း ကာရိုက်တာ ၃ ခုလောက်ရှိပြီ။ Tone တွေအားလုံးကို လိုက်ညှိရတာ တော်တော်လေး အချိန်ကြာသွားတယ်။ ဖြစ်ချင်တော့ မျက်နှာနဲ့ ဦးထုပ်ဆွဲပြီးတာနဲ့ Layer က ၁၀၀ နားကပ်နေပြီ။ မျက်စိနာနေတဲ့ ကြားက ဆွဲရတာလောက် မသက်မသာ မရှိပါဘူး။ ဒါနဲ့ ၃ ရက် အချိန်ယူလိုက်ရတယ် ဆိုပါတော့။ Layer အားလုံးပေါင်းကတော့ ၅၀၁ ပေါ့။ နောက် အချိန်ရမှပဲ လိုတာလေးတွေ Detail ဆက်ဖြည့်ပြီး Wallpaper လုပ်ပေးတော့မယ်။

ကိုတိုး

Feb 14, 2008

i-baby Magazine Cover (or) Cutest Baby?

ဒါကတော့ ကျွန်တော် ဖန်တီးထားတဲ့ i-Baby Magazine မျက်နှာဖုံး Cover လေးပေါ့ ဗျာ။ သူ့ မူရင်း .. ကလေးခေါင်းကို Mr. Bean ပုံတပ်ထားတာကိုတွေ့တာနဲ့ .. Idea တစ်ခုရသွားတယ်။ ဒါကတော့ Baby Magazine ဒီဇိုင်းလေး လုပ်လိုက်မယ် ဆိုတာပါပဲ။ ဒါနဲ့ ၂ နာရီကျော်ကျော်လောက် ကြာသွားတယ်။ အစပထမတော့ ပုံကို ဖြစ်တောက်ပြီး Background ကအစ အခြားနေရာလေးတွေပါ Artistic ဆန်ဆန်လုပ်လိုက်တယ်။ အရောင်အပိုင်းကိုတော့ Cute ဖြစ်အောင်နဲ့ နည်းနည်း ကလေးဆန်ဆန် Girly ဆန်ဆန် အရောင်တွေနဲ့ Compose လုပ်လိုက်ရတယ်။ နောက်အချိန်ရမှပဲ .. တစ်ခုခြင်း ဘယ်လိုလုပ်သွားသလဲ ဆိုတာကို အဆင့်ဆင့် ပြန်ရေးပြပါ့မယ်။

ကိုတိုး

Dec 20, 2007

MY LATEST ILLUSTRATIONS


Animation မကျွမ်းကျင်လို့ Freelance Project တစ်ခု လက်လွှတ်လိုက်ရတဲ့ နောက်ပိုင်းမှာ Adobe Illustrator ကို ဟိုးအရင်ထက် ပိုသုံးမိတယ်။ ကာတွန်းအဖတ်များတဲ့ ဒီ Thai နိုင်ငံမှာ ဂျပန်ကာတွန်း ဘာသာပြန်စာအုပ်တွေက ပလူလိုပျံနေတော့ ဒီလို မျက်ပြူးကာတွန်း ဇာတ်ကောင်လေးတွေက နေရာအနှံမှာရှိနေတယ်ဆိုတာကို ကျွန်တော် ထိုင်းရောက်ကတည်းက သတိထားမိခဲ့တယ်။ ဒီဇာတ်ကောင်လေးတွေကို ကလေး၊ လူကြီးတွေသာမက ဂျပန်တွေကို မုန်းတဲ့ တရုတ်တွေတောင် ကြိုက်နှစ်သက်တာ အမှန်ပါ။ ဂျပန်ကာတွန်းဆရာတွေကလည်း ကာတွန်းနည်းပညာမှာ တော်တော်လေး အသေးစိတ်ဆန်ပြီး လက်ရာတွေ သန့်ရှင်းသပ်ရပ်တာကို တွေ့ရတယ်။ ဂျပန် နိုင်ငံရဲ့ Packaging Design တွေကလည်း တော်တော်လေးကို Clean Design ဆန်တယ်။ ကျွန်တော်ကတော့ အားလပ်တဲ့အချိန်မှာ Library ကိုသွားပြီး Japan Archi နဲ့ Design တွေကို ပိုပြီးလေ့လာမိတယ်။ Light Tone တွေ Soft Tone တွေကို မယုံနိုင်လောက်အောင် အဆင့်ဆင့် သုံးတတ်တဲ့ သူတို့ရဲ့ အနုပညာစွမ်းအားက ကျွန်တော့်ကို မင်သက်စေတာက အမှန်ပါ။

ဒီ မြန်မာဆန်ဆန် နဲ့ မြန်မာမှု့ပြုထားတဲ့ ပုံကတော့ မပြီးသေးပါဘူး။ နောက်က Background များကို ဆက်ဆွဲဖို့လိုပါသေးတယ်။ နောက်နှစ်မှစပြီး ကျွန်တော့်ရဲ့ ဟာသ Post များ၊ ကဗျာများ နဲ့ Art တို့ Design တို့ကို myohanhtun.com မှာပဲ Personal Portfolio Blog ဆန်ဆန်ပဲ ရေးပါတော့မယ်။

ဒါနဲ့ မနက်ဖြန်မှာတော့ Project တစ်ခုအတွက် ဂုဏ်ထူးဆောင် Certificate တက်ယူရမယ်လို့ လူကြီးတွေက ပြောတာကြောင့် ... Pirates of the Caribbean ထဲက ဒါးပြတွေ စတိုင်ကို အားကျပြီး ... နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဘရဗျစ်နဲ့ လူဆိုးကြီး ဂိုက် ဖမ်းထားတဲ့ ကျွန်တော်တစ်ယောက် နှုတ်ခမ်းမွေးတွေ မုတ်ဆိတ်မွေးတွေ ကို ရိတ်လိုက်ရတယ် ဗျာ။


ဒါကတော့ MountMandalay ရဲ့ Version 2008 ဒီဇိုင်းပါ။ အလုပ်တွေနဲ့ စာတွေပိနေတာကြောင့် ရှေ့ဆက်မလုပ်နိုင်သေးပါဘူး။ ဖြေးဖြေးပေါ့။ Mac နဲ့ Apple ရဲ့ Idea တွေ Influence ဖြစ်နေတာကြောင့် ကျွန်တော်ရဲ့ ဒီဇိုင်းအများစုမှာ အဲဒီ က Concept တွေပါနေတတ်ပါတယ်။ အားလုံးကိုလည်း မဆိုလိုပါဘူး။ အကောင်းတကာ့ အကောင်းဆုံးတွေရဲ့ Idea တွေကို ခိုးတတ်တယ်ဆိုတာက ငြင်းဖွယ် မရှိတာ အမှန်ပါ။ ဟိုနည်းနည်း ဒီနည်းနည်းပေါ့။

ဒီနှစ်မှာတော့ မယုံနိုင်လောက်အောင် အလုပ်တွေ လုပ်ဖြစ်ခဲ့တယ်။ အလုပ်ကို မမြင်ရရင် သေမတတ်အောင် စွဲလမ်းလေသလား မသိရိုးအမှန်ပါ ဗျာ။

Address ကတော့ MountMandalay.NET ပါ။

ကိုတိုး

Nov 28, 2007

UGLY KID TOE


လက်ခလယ် လက်ချောင်းလေး ထောင်ထားတာကို တော့ စိတ်မရှိပါနဲ့ဗျာ .. ဒါက မူလ Ugly Kid Joe ရဲ့ မူဟန်ပါ။ ကျွန်တော်က ပြင်မဆွဲပေမယ့် ဗြောက်အိုးကိုတော့ ကွယ်ဝှက်ကိုင်ခိုင်းထားလိုက်သေးတယ်။ ရုပ်ဆိုးဆိုးနဲ့ လူဆိုးလေးပုံပေါက်တဲ့ ကိုတိုးပေါ့ ဗျာ။

UGLY KID TOE Wallpaper ကိုဒီနေရာမှရယူပါ။ Resolution (1024 x 768, Size 200 KB)

ကိုတိုး