Showing posts with label My Poem. Show all posts
Showing posts with label My Poem. Show all posts

Feb 14, 2008

ယဉ်ယဉ်လေးရူးလို့နေ (၂)

ယဉ်ယဉ်လေးရူးလို့နေ (၂)

တောင်ပံတွေ မပါခဲ့တဲ့ ငါဟာ
အနိမ့်ဆုံးနေရာကို
ခုန်တက်ဖို့တက်
အမြင့်ဆုံးထိ ပျံတတ်ချင်ခဲ့တယ်

ပန်းလေးတစ်ပွင့်ကို
ပွင့်လန်းလာအောင်
မစိုက်ပျိုးနိုင်ခဲ့တဲ့ ငါဟာ
ခန်းခြောက်နေတဲ့ အရာတွေကို
ပန်းဥယျာဉ်ကြီးတွေ အဖြစ်
ပြောင်းပစ်ချင်ခဲ့တယ်

လက်နက်မပါခဲ့တဲ့ ငါဟာ
သစ်တစ်ပင်ကို ခုတ်လှဲဖို့ထက်
အင်ပါယာကြီးတစ်ခုကို
တိုက်ယူချင်ခဲ့တယ်

ချောင်းတစ်ခုကိုတောင်
လက်ပစ်ကူးပြီး မဖြတ်ခဲ့တဲ့ ငါဟာ
သမုဒ္ဓရာကြီးကို
ကူးချင်ခဲ့တယ်

တကယ်တော့ ငါဟာ
စိတ်ကူးကောင်းတွေနဲ့
ယဉ်ယဉ်လေးရူးလို့နေ တာလား

ကိုတိုး

Feb 11, 2008

၎ နှစ်ရှိနေပြီ .. ရမ်ခမ်ဟန် ဆွိုင် ရီးဆစ်ဆီ

၎ နှစ်ရှိနေပြီ .. ရမ်ခမ်ဟန် ဆွိုင် ရီးဆစ်ဆီ

ဒီလမ်းထဲက
တ၀ူးဝူး ကိုယ်ပိုင်ကားတွေကို
ငေးကြည့်နေရင်း
၅ ဘတ်တန် အနီကားနဲ့ပဲ
လမ်းထိပ်ကို ထွက်ခဲ့ရတာ
၎ နှစ်ရှိနေပြီ

အိပ်တွေကိုယ်စီနဲ့ စာရွက်တွေပွေ့ပိုက်ရင်း
နားမလည်တဲ့ ဘာသာရပ်တွေ
အကြောင်းပြောနေတဲ့
လူတွေကို ငေးကြည့်ခဲ့ရတာလည်း
၎ နှစ်ရှိနေပြီ

“ထောက်ရိုင် ခရပ်” ဆိုပြီး
လက်ညှိုးကို ဟိုထိုးဒီထိုး
တစ်ယောက်တည်း
ကြောင်တောင်တောင်နဲ့
ဈေးဝယ်ထွက်ခဲ့ရတာလည်း
၎ နှစ်ရှိနေပြီ

ကျောင်းတော်ကြိးတွေရယ်
ရေကန်ကြီးရယ်
အားကစားကွင်းကြီးရယ်
အားကစားရုံကြီးရယ်
ငါအမြဲသွားသွား ဆွေးခဲ့ရတဲ့ နေရာလေးရယ်
ရေကန်ထဲက ငါ့သူငယ်ချင်း ငါးတွေရယ်
လမ်းထဲက ခွေးလေခွေးလွင့်တွေရယ်
မပြုံးမရီခဲ့တဲ့လူတွေရယ်
ခင်မင်ခဲ့တဲ့လူတွေရယ်
ကွန်ဒိုဆောင်ရယ်
သွားစားနေကြ ထမင်းဆိုင်တွေရယ်
ဒါတွေလည်း
၎ နှစ်ရှိနေပြီ

ကိုတိုး

Jan 12, 2008

ပဲဟင်းချက်တဲ့ မယ်ခင်



ပဲဟင်းချက်တဲ့ မယ်ခင်

ရီပြရုံလေးဖြင့်
သူ့ကိုကြိုက်တယ်ထင်
မယ်ခင်မှာ
ပဲဟင်းချက်တော့
ဆူဝေကာလျှံပါတော့တယ်
အိုးမီးကငြိမ်း

ကိုတိုး

Dec 6, 2007

ကွက်လပ်တွေနဲ့ အချစ်



ကွက်လပ်တွေနဲ့ အချစ်

မမရယ် ..
ကမ်းလက်မရှိတော့တဲ့
ဒီဘ၀မှာ
အလင်းတန်းမဲ့ ပုံရိပ်တွေကို
လွမ်းဆွေးနေရတဲ့
ကျွန်တော့်ရဲ့အဖြစ်တွေရော
အဝေးတစ်နေရာက မမ
သိနေမှာလား

မမရယ် ..
နိုးတစ်ဝက်အိမ်မက်တွေထဲမှာ
လှပတဲ့ ပုံရိပ်တွေကြောင့်
ရူးသွပ်သွားတဲ့ ကျွန်တော့်ကိုရော
မမ နားလည်ပေးမှာလား

မမရယ် ..
ဒီတစ်သက်မှာ
အချစ်တွေနဲ့ပေးဆပ်မယ့်
ကျွန်တော့်နှလုံးသားကို
အေးစက်နေတဲ့ နှလုံးသားနဲ့
ကွက်လပ်တွေကို အပြစ်ရှာကာ
မုန်းမေ့နေတော့မှာလား

ကိုတိုး

လွမ်းနေမယ် မမ



လွမ်းနေမယ် မမ

ငွေကြယ်လေးတွေ စီကာဝန်း
မညီမညာထွန်းလင်းတဲ့
ထက်ကောင်းကင်က
လမင်းရဲ့ အလင်းရောင်နဲ့
မမ ကိုလွမ်းနေတဲ့
အရိပ်တစ်စုံဟာ
သံစဉ်တွေ ဖြစ်ခဲ့ရပြီ

လွမ်းတေးတွေ ကြူ
မျက်ရည်တွေ ဆူ
ချိနဲ့ဆွံ့အတဲ့ နှလုံးသားတစ်ခု
အမြဲတိုးတီးစွာ ရေရွတ်နေမိတာက
“လွမ်းနေမယ် မမ”

ကိုတိုး

Oct 27, 2007

ယဉ်ယဉ်လေးရူးနေရပြီ

ယဉ်ယဉ်လေးရူးနေရပြီ

ရိုးရိုးလေးနဲ့
လှတဲ့ မင်းရယ်

မင်းလှမ်းခဲ့တဲ့
ခြေလှမ်းလှလှလေးရယ်

မင်းလျှောက်ခဲ့တဲ့
လမ်းလေးရယ်

မင်းပြောခဲ့တဲ့
အသံလေးရယ်

မင်းအမြဲဝယ်ခဲ့တဲ့
မုန့်ဆိုင်လေးရယ်

ဒီပုံရိပ်တွေကို
ငါပြန်မြင်ယောင်မိရင်း
ယဉ်ယဉ်လေးရူးနေရပြီ

ကိုတိုး

Oct 4, 2007

ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေး

ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေး

ရင်ထဲကစကား
သူ့နားမှာ မခါးရအောင်
စာလေးတွေက ဆင့်ဆိုလို့
ဖွင့်ဆိုတဲ့
ငါ့ရင်ခွင်ကို သူ မမြင်ရင်လည်း
ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေးက
“သူ့ကို သက်သေခေါ်ပါ” တဲ့

ငါ့အသည်းတွေ
ကွဲကြေပါလေပြီ
လေရူးတွေမြူး
စိတ်ကူးတွေ လှိုင်းကြမ်းလို့လူးတဲ့အလား
ထိုင်ကာဆွေး
ငိုင်ကာ ငေးနေရတဲ့ ငါ့အဖြစ်ကို
ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေးက
“တစ်နေ့တော့ သူပြန်လာမှာပါ” တဲ့

ကိုတိုး

ဒါကတော့ ရမ်ခမ်ဟန် အားကစားကွင်းထဲက ကျွန်တော် သွားထိုင်နေကြ ကျောက်တုန်းလေးပေါ်မှာ အလွမ်းတွေပိုမိရင်း ရေးစပ်ခဲ့တဲ့ ကဗျာလေးတစ်ခုပါ။

Sep 4, 2007

မခင်နှင်းဆီ

မခင်နှင်းဆီ

မူးဝေလို့ခြွေမယ့်လူတွေအတွက်
ဆူးတွေနဲ့ဝေတဲ့
မင်းရဲ့ အလှက
ငါ့ အတွက်တော့
ရင်မောစရာပါ ..

အချိန်မလွန်
ညှိုးမစွန်းသေးတဲ့
မင်းရဲ့ ဘ၀ကို
ဆူးတွေနဲ့ဆိုလည်း
ငါ လက်လှမ်းမှီချင်ပါသေးတယ်

ကိုတိုး

Jul 8, 2007

သူငယ်ပြန်နေသည်

သူငယ်ပြန်နေသည်

စိတ်စေရာ ငါသီကုံးတဲ့
စာမူကဗျာ အစုစုကို
လျှောက်တင်လွှာပါး
သူ့ထံပါးသို့
စိတ်ကူးလွှင့်မျှော်
ဒီ အရူး အချစ်ကိုမျှော်ပါလို့
သူငယ်ပြန်နေမိတယ် ..

ကိုတိုး

Apr 30, 2007

လေစိုစို တိမ်တွေငို

လေစိုစို တိမ်တွေငို

လေစိုစို တိမ်တွေငိုပါလို့
လွှင့်နေတဲ့ ငါ့စိတ်တွေကို
ဘယ်သူ ကူလို့ပဲ့ကိုင်ပါ့မလဲ

အလွမ်းတွေအမြဲဝေနေတဲ့
ငါ့အချိန်တွေကိုရော
ဘယ်သူလာလို့ ခူးပါ့မလဲ

စိတ်ကူးနဲ့ရူး
မထူးတော့ပါဘူးဆိုပြီး
ဘ၀တစ်ခုလုံးကို
ပျင်းရိစွာနဲ့ ဆုပ်ကိုင်ထားလေရဲ့

ကိုတိုး

Mar 31, 2007

ငါ .. လွမ်းလို့ပါ .. ရမ်ခမ်ဟန် ရယ်



ရမ်ခမ်ဟန် . . ရယ်

စနေနဲ့တနင်္ဂနွေကို
မင်းက လွမ်းရက်တွေအဖြစ်
သတ်မှတ် ပေးတော့မှာလား .. ရမ်ခမ်ဟန် ..

ငါ မင်းရဲ့ ရင်ခွင်ထဲမှာ
လျှောက်နေပေမဲ့
ရင်ထဲမှာ ဟာနေသလိုပါပဲ .. ရမ်ခမ်ဟန် ရယ် ..

ဟို ..........
ယိုယို့ .. နင် .. ယိုယို့ ဆောင် .. တို့
ပိုက်လုံးကိုင် အဖွဲ့ရဲ့ အော်သံတွေက
ငါ့ကို လှောင်ပြောင်နေတဲ့ အတိုင်း
ငါခံစားရပါတယ် .. ရမ်ခမ်ဟန် ရယ်..

ရမ်ခမ်ဟန် ..
ငါ့ ကို အေးမျှတဲ့ မင်းရင်ခွင်ထဲမှာ
စနေနဲ့တနင်္ဂနွေနေ့တိုင်း
ဆုံနိုင်ခွင့်တွေ အမြဲပေးပါ .. ရမ်ခမ်ဟန် ..

ငါ လွမ်းလို့ပါ .. ရမ်ခမ်ဟန် ရယ် ..

ကိုတိုး

Mar 25, 2007

သူ ... သိပါစေ

သူ ... သိပါစေ

အဝေးကနေ
ကြည့်နေရပေမယ့်
သူမြင်ပါစေ

အဝေးကနေ
ပြုံးပြရပေမယ့်
သူနားလည်ပါစေ

အဝေးကနေ
စကားတွေပြောပေမယ့်
သူကြားပါစေ

အဝေးကနေ
သိပ်ချစ်နေရပေမယ့်
သူသိပါစေ

တိတ်တခိုးနဲ့
ချစ်နေရတဲ့ ဘ၀ကို
သူ ထာဝရ
နားလည်ပေးပါစေ။

ကိုတိုး

Mar 10, 2007

ဇာတ်ကြမ်းကသူ တစ်ဦး

ဇာတ်ကြမ်းကသူ တစ်ဦး

ခွဲခြားမှု့များရဲ့
ကားလိပ်နောက်ကွယ်က
စိတ်က အမာရွတ်များ ကို
ကျွန်တော် မဖယ်နိုင်သေးတာက
အမုန်းတစ်ခု မဟုတ်ပါ ..

မပြည့်စုံမှု့တွေကို
ဖြည့်နေရတဲ့ စာပိုဒ်တစ်ခုကို
စာစီကုံးလို့ ရုန်းနေရတဲ့ ဘ၀ကို
စာနာမယ် ဆိုရင်
နားလည်ပေးပါ ..

လွယ်သူ လူအများ
လည်သူ ကျော်စားတတ်တဲ့
ဒီလောကမှာ
ကျွန်တော်လို တစ်ယောက်အတွက်
အကြွေစုတဲ့ ကလေးစုဘူးနဲ့
ပမာပြရုံပါ ..

လှံတွေ ကံတွေအကြောင်းကို
ပမာပြုလို့
ကြိုးစားမှု့အရင်းတည်
ဆက်လျှောက်ရပါဦး မည် ..

ကိုတိုး

မကြောက်ကြပါနဲ့

မကြောက်ကြပါနဲ့

မနူးမနှပ်
ခရူးကပ်ကေနဲ့မို့
ရူးနံ့နံ့တော့
မထင်လိုက်ပါနဲ့

အတွေးသိပ်တောက်တော့
တစ်ခါတလေ
ကလေးစိတ်
မပျောက်သေးပါ

ပေါက်ကွဲရင်
ထင်တိုင်းကျဲ
စိန်ခေါ်ရင်
လိုက်နွဲတတ်ပေမယ့်
မိုက်ရူးရမ်းကား
တစ်ရွာသားတော့ မဟုတ်ပါ

ကိုတိုး

မပြောလည်း သိပါတယ်

မပြောလည်း သိပါတယ်

အထီးကျန်လှတဲ့
ကွန်ပျူတာ တစ်လုံးရဲ့ အရှေ့မှာ
မောက်(စ) နဲ့ ကီးဘုတ်ကို
အဖော်လုပ်ရင်း
ငါထိုင်နေတယ် . . .
အဝေးက အချိန်တွေကိုတော့
လှမ်းကြည့်နေမိတာကတော့ နေ့တိုင်းပါ . . .
အချစ်အတွက်နဲ့ သစ်ရွက်လို
ငါ့ကြွေခဲ့ပြီပေါ့ . . .
အပြုံးတွေ မရှိတဲ့
ရင်ခုန်သံတွေကို နားလည်နေမိပါတယ် . . .
ငါဖတ်နေတဲ့ စာအုပ်တွေလို
မင်းက ချိုမြိန်မယ်ဆိုရင်တော့
အပျော်ရွှင်ဆုံးနေ့ရက်တွေနဲ့အတူ
ထာဝစဉ် လက်တွဲသွားချင်တယ် . . .

ကိုတိုး

အချစ်ရဲ့ အဆီအနှစ် အရသာ

အချစ်ရဲ့ အဆီအနှစ် အရသာ

အချစ်
အမုန်း
အလွမ်း
အဆွေး
အတွယ်အတာ
အားလုံးကို ရောစပ်ကြည့်လိုက်ရင်တော့
အဆိုး
အကောင်း
အကျိုး အကြောင်းတော့ ဖြစ်လာမှာပါ
အချစ်ရယ် ..

ကိုတိုး

Feb 10, 2007

အချစ်သူရဲပေါ

အချစ်သူရဲပေါ

နှလုံးသားက
အရှုံး ဓါးချက်ကြောင့်
ခေါင်းမဖော်
စိတ်ရော်ကညစ်ပါလို့
မပြုံးနိုင်
အရှုံးအလံကိုင်ကာဆွဲ
အကျွနှ်ပ် တပ်မှူးငယ်
ဒဏ်ရာပြင်းလို့ စာပုလ္လင်ကိုခင်းရပါတယ်
အချစ်စစ်ပွဲ မ၀င်ရဲတော့ကြောင်းပါ
မမဘုရား

ကိုတိုး

Feb 2, 2007

ယဉ်ယဉ်လေး ရူး

ယဉ်ယဉ်လေး ရူး

ဟိုး .. အဝေးက
ချစ်ရတဲ့သူ ရယ်
ပြန်မဆုံ
ရင်ခုန်နေလည်း
ဒီဘ၀ ဒီတစ်သက်တာမှာ
တည်ဆောက်ချင်တဲ့
“အချစ်” ဆိုတဲ့
ဝေါဟာရ တစ်ခုကို
စိတ်ကူးတွေနဲ့
ယဉ်ယဉ်လေးရူးရပြီပေါ့

ကိုတိုး

Jan 17, 2007

“ရှင်သန်ခြင်း”

“ရှင်သန်ခြင်း”

ခံစားရတဲ့ ဝေဒနာတွေက
လူကို သေစေလောက်တယ်
အရင်လို ပျော်ရွှင်မှု့တွေက
ဘာရယ်မှန်းမသိတော့
စိတ်တိုင်းမကျတာက
ဘ၀ရဲ့ ခါးသီးမှု့တွေပါ
အချစ်ဆိုတဲ့ အရာကိုတော့
လက်လွှတ် အရူးပေးခဲ့ရင်း
“ရှင်သန်ခြင်း” ဆိုတဲ့
ဝေါဟာရ တစ်ခုကို
ပျော်ရွှင်မှု့တွေနဲ့
ခံစားပါရစေ . . .

Jan 9, 2007

တစ်ခါသုံး အချစ်

တစ်ခါသုံး အချစ်

ထားခဲ့ပါ အချစ်ရယ်
မင်းဘ၀ သူနဲ့ပျော်
မပျော်သော အပြုံးတွေနဲ့
ဘ၀ကို ရှေ့ဆက်ရင်း
ရှင်သန်နေတဲ့
နှလုံးသားတစ်ခုကို
ဘ၀ရဲ့နောက်ဆုံးရက်များတိုင်
လေရှူဖို့သာ သုံးပါ့မယ်

ကိုတိုး