Mar 10, 2007

ဇာတ်ကြမ်းကသူ တစ်ဦး

ဇာတ်ကြမ်းကသူ တစ်ဦး

ခွဲခြားမှု့များရဲ့
ကားလိပ်နောက်ကွယ်က
စိတ်က အမာရွတ်များ ကို
ကျွန်တော် မဖယ်နိုင်သေးတာက
အမုန်းတစ်ခု မဟုတ်ပါ ..

မပြည့်စုံမှု့တွေကို
ဖြည့်နေရတဲ့ စာပိုဒ်တစ်ခုကို
စာစီကုံးလို့ ရုန်းနေရတဲ့ ဘ၀ကို
စာနာမယ် ဆိုရင်
နားလည်ပေးပါ ..

လွယ်သူ လူအများ
လည်သူ ကျော်စားတတ်တဲ့
ဒီလောကမှာ
ကျွန်တော်လို တစ်ယောက်အတွက်
အကြွေစုတဲ့ ကလေးစုဘူးနဲ့
ပမာပြရုံပါ ..

လှံတွေ ကံတွေအကြောင်းကို
ပမာပြုလို့
ကြိုးစားမှု့အရင်းတည်
ဆက်လျှောက်ရပါဦး မည် ..

ကိုတိုး

2 comments:

Anonymous said...

ကိုတိုး
Web blog ထဲကိုဝင်ကြည့်ရင်းနဲ့ အရမ်းကိုလေးစားမိတယ်။
ဒေါက်တာဝင်းခိုင် ကပြောပြလို့ ကျမတို့သိရတာ။
Drchothet.blogspot.com ကတော့ ရှင့်လောက်တော့ အဆင့်မရှိဘူး
ဒါပေမဲ့ ပျင်းရင်ဝင်ပြီး comment ပေးပါ။

MYO HAN HTUN said...

@ ဒေါက်တာ ကြည်စောဝင်း ..
ဒေါက်တာ ရေ .. ဒေါက်တာ့ Blog လည်းရောက်သွားပါတယ် .. ရယ်လိုက်ရတာ လွန်ရောဗျာ။ အခုလို ဒေါက်တာဝင်းခိုင် က တစ်ဆင့်သိခွင့်ရတဲ့ အတွက်ကျေးဇူးတင်ပါတယ် ဗျာ။ အဆင့်မရှိဘူးလို့တော့ ကိုယ့်ကိုယ်ကို မနှိမ့်ချလိုက်ပါနဲ့ ဒေါက်တာရယ် .. ဒေါက်တာမတွေ ကလောင်လက်စွမ်းဘယ်လောက်ထွက်သလဲ ဆိုတာ မြန်မာစာပေလောကတစ်ခုလုံး အသိပါ။ ဒေါက်တာလည်း ၀ါသနာပါရင် သူတို့လို စာရေးဆရာမကြီး ဖြစ်လာမှာပေါ့။ စိတ်ချပါ ကျွန်တော် အမြဲလာဖတ်ပြီး Comment ပေးပါ့မယ်။

ဒေါက်တာ ၀င်းခိုင် နဲ့ ဒေါက်တာ ကိုငြိမ်းထွန်း တို့ ညီအကို နှစ်ယောက်ကိုလည်း သတိရကြောင်းပြောပေးပါ။ ကိုဝင်းခိုင် နဲ့ ကိုငြိမ်းထွန်း တို့ ညီနောင်က ဒေါက်တာတွေသာပြောတယ် .. အိုင်တီဘက်မှာလည်း ဆရာခေါ်လောက်ပါပေတယ် .. ဗျာ ..

အစဉ်လေးစားလျက် ..