Mar 20, 2007

မျက်နှာမြင် ရိုက်ချင်ပါစေ


လူတွေ ကိုယ့်ကို အမြင်ကတ်ချင်ရင် လွယ်လွယ်လေး။ ချယ်ဆီးနည်းပြ မိုရင်နို (Jose Mourinho) လို သူ့လုပ်စာထိုင်စားနေတဲ့ အလား မျက်နှာထားနဲ့နေပြီး စကားကို အထက်စီးကပြော၊ ဖာဂူဆန် (Sir Alex Ferguson) လို အော်ငေါက်၊ ဂျွန်စတီးဝတ်(ဒ) (Jon Stewart) လို အပြစ်တွေလိုက်ရှာပြီး ပျက်လုံးတွေထုတ်သလိုလို နဲ့ အတည်ပေါက်နဲ့ပြော၊ စတိဂျော့(စ) လို (Steve Jobs) မဟားဒယား နာမည်တပ်ပြီး လိုက်တာ ကောပေတော့။ သိပ်များများ လုပ်စရာ မလိုပါဘူး .. နှစ်လ လောက်သာစမ်းကြည့် .. “မျက်နှာမြင် ရိုက်ချင်ပါစေ” ဆိုတဲ့စကား အမြဲသာကြားရမည်သာမှတ်ပေတော့ ဗျာ။

ကိုတိုး

2 comments:

Ye Lwin Oo Photography said...

ကိုတိုးရေ... ပို့ စ်အသစ်လေးတွေလုပ်ပါဦး။ ကျနော် နှင့် ကျနော် ချစ်ခဲ့ဘူးသော ဆော်လေးများတို့ ၊ တွံတေးစိုးအောင် သံစဉ်တို့  လုပ်ပါဦး။ စောင့်မျှော်လျက်ပါ။

MYO HAN HTUN said...

ရဲလွင်ဦး ရေ ...

ဒဏ်ရာတွေ၊ ဝေဒနာတွေကို မပြောပါရစေနဲ့တော့။

တိုက်ဆိုင်လိုက်တာ ကွာ ...... အခု .... တွံတေးစိုးအောင်ရဲ့ “အသည်းပန်း” နဲ့ “အရင်ရည်းစားထက် ပိုပြီး ချစ်ပါတယ်” ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို နားထောင်ရင်း
Blog ကို Check လိုက်တော့ မောင်ရင့် ရဲ့ ဒီ Comment ကို တွေ့လိုက်တာပဲ။

ကိုတိုး