Mar 25, 2007

သူ ... သိပါစေ

သူ ... သိပါစေ

အဝေးကနေ
ကြည့်နေရပေမယ့်
သူမြင်ပါစေ

အဝေးကနေ
ပြုံးပြရပေမယ့်
သူနားလည်ပါစေ

အဝေးကနေ
စကားတွေပြောပေမယ့်
သူကြားပါစေ

အဝေးကနေ
သိပ်ချစ်နေရပေမယ့်
သူသိပါစေ

တိတ်တခိုးနဲ့
ချစ်နေရတဲ့ ဘ၀ကို
သူ ထာဝရ
နားလည်ပေးပါစေ။

ကိုတိုး

1 comment:

Anonymous said...

ကိုတိုး.. ဒီတသက် တိတ်တခိုးနဲ့ပဲ စခန်းသွားတော့မှာလာဗျို့ ။ ဟိုဘက်က သိမှ အခြေအနေ တိုးတက်လာမှာပေါ့ ။ တိတ်တခိုးကြီးပဲ ဆိုရင် ဘိတ်ချီးဖြစ်ပြီး လူပျိုကြီးဘ၀နဲ့ အရိုးထုတ်နေရမယ်နော်း)