Mar 20, 2007

သိလား ... သိလား


တစ်ချို့တွေ စကားပြောရင် သတိထားမိကြမှာပါ။ မေးခွန်းတောင် မမေးရသေးဘူး ... သိလား .. သိလား .. ဆိုတာပေါ့။ အင်္ဂလိပ်တွေမှာလည်း ရှိပါတယ် .. You know .. You know ပေါ့။ ဒါပေမဲ့ဗျာ .. တစ်ချို့များ ရိုးရိုးမမေးဘူး .. လက်နဲ့တို့ပြီး သိလားသိလား ဆိုတော့လည်း ကျွန်တော့်မှာ ဒုက္ခ။ တစ်ခါတလေ စိတ်ပေါက်နေရင်တော့ “နေပါဦးဗျာ .. မေးတောင် မမေးရသေးဘူး .. ခင်ဗျားက သိလား သိလား ဆိုတော့ ကျွန်တော်က ဘာပြန်ဖြေရမှာလဲ” လို့ လေသံမာမာနဲ့ ဟောက်လိုက်ရတယ်။

ကိုတိုး

4 comments:

Anonymous said...

ha ha :))
yeah some ppl like to say "you know" 10 times in 12 words long sentence.
It's a lit' bit annoying sometimes.
There's something worse than that.
Two of my friends (1 burmese and 1 german) like to say "I don't know" repeatedly when they speak.
It fuel my fire if I'm not in good mood. I even fell like telling them to "shut up" if they don't know what they are talking about.

နိုင်းနိုင်းစနေ said...

အဟင့်....ကိုတိုး....
သိလား....သိလား....
လက်တို့ပြီး ပြောရအုန်းမယ်...သိလား...သိလား...း)

MYO HAN HTUN said...

@ Hnin

နောက်တစ်ခါဆိုလည်း "Shut up" လို့ပြောလိုက်တာပဲ ကောင်းမယ်ထင်တယ် .. :D

@ နိုင်းနိုင်းစနေ

ငိုနဲ့ .. တိတ် .. တိတ် ..
တော်ကြာ .. အကောင်းဆုံး အငိုဆုရလို့ ပျဉ်းမနားသွားပြီး အကယ်ဒမီပေးပွဲတက်နေရလိမ့်အုံးမယ်။ :P

Ye Lwin Oo Photography said...

ကိုတိုးရေ... မလှိုင် (ကိုသန်းဝင်းမိန်းမ) ကြားရင် သူ့ ကိုပြောတယ် ထင်နေဦးမယ်။ အစကတည်းကမှ ဆက်ဆံရေး က ခပ်ကောင်းကောင်း။ ဂိန်...