Mar 10, 2007

မပြောလည်း သိပါတယ်

မပြောလည်း သိပါတယ်

အထီးကျန်လှတဲ့
ကွန်ပျူတာ တစ်လုံးရဲ့ အရှေ့မှာ
မောက်(စ) နဲ့ ကီးဘုတ်ကို
အဖော်လုပ်ရင်း
ငါထိုင်နေတယ် . . .
အဝေးက အချိန်တွေကိုတော့
လှမ်းကြည့်နေမိတာကတော့ နေ့တိုင်းပါ . . .
အချစ်အတွက်နဲ့ သစ်ရွက်လို
ငါ့ကြွေခဲ့ပြီပေါ့ . . .
အပြုံးတွေ မရှိတဲ့
ရင်ခုန်သံတွေကို နားလည်နေမိပါတယ် . . .
ငါဖတ်နေတဲ့ စာအုပ်တွေလို
မင်းက ချိုမြိန်မယ်ဆိုရင်တော့
အပျော်ရွှင်ဆုံးနေ့ရက်တွေနဲ့အတူ
ထာဝစဉ် လက်တွဲသွားချင်တယ် . . .

ကိုတိုး

1 comment:

mmblogbook2 said...

ကိုတိုးရေ mmblogbook ထဲ recommend လုပ်ချင်လို့ ကဗျာတချို့ စာတချို့ “မ“သွားကြောင်းပါ။