Feb 11, 2008

၎ နှစ်ရှိနေပြီ .. ရမ်ခမ်ဟန် ဆွိုင် ရီးဆစ်ဆီ

၎ နှစ်ရှိနေပြီ .. ရမ်ခမ်ဟန် ဆွိုင် ရီးဆစ်ဆီ

ဒီလမ်းထဲက
တ၀ူးဝူး ကိုယ်ပိုင်ကားတွေကို
ငေးကြည့်နေရင်း
၅ ဘတ်တန် အနီကားနဲ့ပဲ
လမ်းထိပ်ကို ထွက်ခဲ့ရတာ
၎ နှစ်ရှိနေပြီ

အိပ်တွေကိုယ်စီနဲ့ စာရွက်တွေပွေ့ပိုက်ရင်း
နားမလည်တဲ့ ဘာသာရပ်တွေ
အကြောင်းပြောနေတဲ့
လူတွေကို ငေးကြည့်ခဲ့ရတာလည်း
၎ နှစ်ရှိနေပြီ

“ထောက်ရိုင် ခရပ်” ဆိုပြီး
လက်ညှိုးကို ဟိုထိုးဒီထိုး
တစ်ယောက်တည်း
ကြောင်တောင်တောင်နဲ့
ဈေးဝယ်ထွက်ခဲ့ရတာလည်း
၎ နှစ်ရှိနေပြီ

ကျောင်းတော်ကြိးတွေရယ်
ရေကန်ကြီးရယ်
အားကစားကွင်းကြီးရယ်
အားကစားရုံကြီးရယ်
ငါအမြဲသွားသွား ဆွေးခဲ့ရတဲ့ နေရာလေးရယ်
ရေကန်ထဲက ငါ့သူငယ်ချင်း ငါးတွေရယ်
လမ်းထဲက ခွေးလေခွေးလွင့်တွေရယ်
မပြုံးမရီခဲ့တဲ့လူတွေရယ်
ခင်မင်ခဲ့တဲ့လူတွေရယ်
ကွန်ဒိုဆောင်ရယ်
သွားစားနေကြ ထမင်းဆိုင်တွေရယ်
ဒါတွေလည်း
၎ နှစ်ရှိနေပြီ

ကိုတိုး

No comments: