Showing posts with label 3D Gallery. Show all posts
Showing posts with label 3D Gallery. Show all posts

Mar 3, 2008

Re-Rendering

Dec 13, 2006

The Art of My Personal Web Sites


Dec 3, 2006

My Art Gallery and 3D

ဒါကတော့ ကိုတိုးရဲ့ Pencil Drawing နှင့် Maya Software ကိုသုံးပြီး ဆွဲထားတဲ့ The Ideal of the Living Art ဆိုတဲ့ 3D Scene တို့ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပုံတူပန်းချီဆွဲတာကို ကလေးပိစိကွေးအရွယ်လေးထဲက စခဲ့ပါတယ်။ သင်တန်းကျောင်း မတက်ခဲ့တဲ့ ကျွန်တော်ဟာ ကိုယ်ဘာသာကို လေ့လာခဲ့ရတယ်။ ၁၉၉၈ မှာ ပန်းချီတော်တော် ဆွဲဖြစ်ခဲ့ပါတယ်။ Fine Art နဲ့ Impression Art, Modern Art တွေပါ။ အချို့ပန်းချီကားတစ်ချို့က နိုင်ငံခြားထိရောက်ခဲ့တယ်။ မှတ်မှတ်ရရ ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ မန္တလေးမြို့ကို ဦးလေး အလည်လာခိုက် ကွန်ပျူတာ ဘာသာရပ်ကို လေ့လာသင်ကြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်နားက KMD Center III ကို တူအရီး နှစ်ယောက် သွားကြတယ်ပေါ့။ အဲ့ဒီ အရင်က ကွန်ပျူတာ ဆိုတာကို မြင်ဖူးတာ လက်နဲ့ လုံးဝမထိဖူးခဲ့တာ အမှန်ရယ်ပါ။ ဒါပေမဲ့ ကွန်ပျူတာ ဖန်သားပြင်ပေါ်ကို စဖွင့်ခဲ့တဲ့ Microsoft Paint Program လေးဟာ ကျွန်တော့်ကို Computer အရူးတစ်ပိုင်း ဖြစ်သွားအောင် အပိုင်ဖမ်းစားသွားပါတယ်။ IT ရဲ့နောက်ကို ကောက်ကောက်ပါ အောင်လိုက်ခဲ့တဲ့ ကျွန်တော်ဟာ ပန်းချီ ဆွဲခြင်းအတတ်ကို ၁၉၉၉ မှာရပ်နားလိုက်ပါတယ်။ အခု ပန်းချီပြန်ဆွဲတော့ လက်တော်တော်လေး ပျက်နေတာကို တွေ့ရတယ်။ စိတ်ဓါတ်မကျပါဘူး၊ ပိုလို့တောင် တက်ကြွနေပါတယ်။ ဒါပေမဲ့ အချိန်ရတဲ့ တစ်နေ့မှာတော့ ဒါတွေ ပြန်လာပါလိမ့်မယ်။ အခုတလောတော့ ကိုတိုးတစ်ယောက် Cisco Systems, Web Design, Graphic Design နဲ့ 3D လောကသားတွေအများဆုံးသုံးကြတဲ့ Maya နဲ့ နှစ်ပါးသွားနေပါလေရဲ့ ဗျာ။ ဒါကတော့ လတ်တလော Maya နဲ့ လုပ်ထားတဲ့ Mix Media Scene လေးတစ်ခုပေါ့။ တိတ်ဆိတ်နေတဲ့ ဂိုဒေါင်ကြီးတစ်ခုရဲ့ တစ်နေရာမှာ အနုပညာကို ဖန်တီးနေမှု့နဲ့ နည်းပညာကို လေ့လာနေတဲ့ သဘောဆောင်နေပါတယ်။ မှိန်ပြာပြာ ဂိုဒေါင်မှာ အပေါ်ခေါင်မိုးက ကျလာတဲ့အလင်းနဲ့ မီးလုံးနှစ်ခု၊ အနုပညာနဲ့ အတတ်ပညာပစ္စည်းတွေ ဒါတွေနဲ့ ခံစားမှု့ကို ပုံဆောင်ဖော်ပြထားတာပါ။ (မှတ်ချက်။ ။ အဲဒီလို ဂိုဒေါင်မျိုးနဲ့ ကျွန်တော်လတ်တလော နေနေခြင်းမဟုတ်ပါ၊ ကျွန်တော့်မှာလည်း အဲဒီလို ဂိုဒေါင်မျိုးလည်း မပိုင်ဆိုင်သေးပါ။)