Feb 23, 2008

ကျွန်တော်ကြိုက်တဲ့သီချင်းများ (၂) - ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ကျွန်တော် အမြဲဟာသနှောပြီး ပြောတတ်တာလေးတစ်ခုရှိပါတယ်။ ဒါကတော့ “T4” ဆိုတဲ့ စကားလေးပါ။ “ကိုတိုး .. မြန်မာပြည်က ဘယ်အဆိုတော်တွေ သဘောကျလဲ” လို့ မေးတိုင်း “လေးဖြူ နဲ့ T4 ပေါ့ ဗျာ” လို့ ဖြေလေ့ရှိပါတယ်။ “ဒါနဲ့ နေစမ်းပါအုံး .. T4 က အဆိုတော်လား Band နာမည်လား“ လို့ စောဒကတက်ပြီး သူတို့ ပြန်လည် မေးခွန်းထုပ်တတ်ကြပါတယ်။ “T4 ဆိုတာ .. Toon Taey Thein Tan, တွံတေးသိန်းတန် ပေါ့ ဗျာ” လို့ဖြေတိုင်း သူတို့ မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်တတ်ကြပါတယ်။ ထားပါတော့ ဗျာ .. ဒီ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ဆိုတဲ့ သီချင်းလေးက ကျွန်တော့် အကြိုက်ထဲက တစ်ခုပါပဲ။



ဒီမှာ You-Me-And-PanPaDauk.mp3 ကို Download လုပ်နိုင်ပါတယ်။

ကိုတိုး

2 comments:

AwLanMg said...

ကျေးဇူးပါပဲ ကိုတိုးခင်ဗျာ
ကျွန်တော်ကြိုက်တဲ့ သီချင်းလေး မို့ download ယူသွားပါကြောင်း

Anonymous said...

ကိုတိုးကြီး ကျမသီချင်းလေးကိုကြိုက်လို့ download လုပ်ယူလိုက်ပြီနော်