Feb 29, 2008

Microsoft Research World Wide Telescope


Microsoft ရဲ့ 2008 ခုနှစ်ထဲမှာ ထုပ်လုပ်မည့် New Product လေးတစ်ခုပါ။ အရင် Google ရဲ့ Virtual Space Telescope ကို အံတုမည့် ပုံစံအနေထားမှာတော့ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် Microsoft ရဲ့ ဒီ Project လေးဟာ SkyServer နှင့် Digital Sky Survey Project တွေကို ကနဦး စတင်ခဲ့တဲ့ ကွန်ပျူတာ သိပ္ပံပညာရှင် Jim Gray (born 1944, lost at sea January 28, 2007) အား အမှတ်တရ အနေနဲ့ ဖြစ်ခဲ့ပါတယ်။ San Francisco မြို့နားက Farallon Islands ကို ရွက်သင်္ဘောနဲ့ ခရီးထွက်ခဲ့တဲ့ 2007 ခုနှစ် January 28 ကနေ ပျောက်ဆုံးသွားတဲ့ သူ့ကို ယနေ့ထက်ထိအောင်ကို ရှာဖွေလို့မရခဲ့ပါဘူး။ သူဟာ Database Systems များ နှင့် Transaction Processing Systems တော်တော်များများကို ဖန်တီးခဲ့သူပါ။ သူ့အကြောင်းကိုတော့ ဒီမှာ Jim Gray (Wikipedia) ဖတ်ရှု့နိုင်ပါတယ်။

များသောအားဖြင့်ကတော့ Google ရဲ့ Virtual Space Telescope ဟာ Hubble မှန်ပြောင်းမှ ရိုက်ထားတဲ့ ပုံတွေပါပဲ။ Microsoft လည်း ထိုနည်းအတိုင်းပဲ နေမှာပါ။ ဒါပေမယ့် Microsoft က သူ့ရဲ့ World Wide Telescope ဟာ Internet မှာ Media Rich (Media Rich ဆိုတာကတော့ High-Resolution Image နှင့် High Quality Multimedia စနစ်တစ်ခုပါ) ဖြစ်အောင် Visual Experience Engine ကိုသုံးထားတယ်လို့ ဆိုပါတယ်။

ဘာပဲပြောပြော ဒီ World Wide Telescope ဟာ Space နဲ့ Astronomy လေ့လာချင်တဲ့ ကျောင်းသူ ကျောင်းသား နှင့် ၀ါသနာရှင် ပညာရှင်တွေ အတွက်ကတော့ အထောက်အကူဖြစ်စေတာအမှန်ပါ။

Source:
Microsoft World Wide Telescope : http://www.worldwidetelescope.org
FAQs: http://www.worldwidetelescope.org/buzz/FAQ.aspx
Jim Gray : http://en.wikipedia.org/wiki/Jim_Gray_(computer_scientist)
Microsoft Virtual Earth: http://maps.live.com

ကိုတိုး

No comments: