လုံးရာမှ ပြားရရှာတဲ့ ဖုံးကညှာများ (သို့) Amazing Thailand








ဒါကတော့ ၂၀၀၅ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပသွားတဲ့ Miss Transvestites 2005 က လုံးရာမှ ပြားရရှာတဲ့ ဖုံးကညှာများရဲ့ ဓါတ်ပုံများဖြစ်ပါတယ်။ Amazing Thailand လို့ခေါ်ဆိုကြတဲ့ ထိုင်းနိုင်ငံတွင် ယောင်္ကျားမှ မိန်းမသို့ အပြီးအပိုင်ပြောင်းလဲသွားသော ထိုလုံးရာမှ ပြားရရှာတဲ့ ဖုံးကညှာပျိုမေတွေကတော့ အထူးဆန်းဆုံးဖြစ်ပါသည်။
အခုလို ယောင်္ကျားမှ မိန်းမသို့ အပြီးအပိုင်ပြောင်းသွားသော လုံးရာမှပြား ပျိုမေကညှာတွေကို မသိပဲ ယူမိလို့ ပြဿနာတက်တဲ့ နိုင်ငံခြားသားတွေလည်း မနည်းတော့ပါ။ တစ်ချို့လည်း အရပ် (သို့) လည်စိ (သို့) အသံ ကို ကြည့်ပြီး ခွဲခြားလို့ရပေမယ့် တစ်ချို့ကျတော့ ဘယ်လိုမှကို ခွဲခြားလို့မရအောင် အစစ အရာရာ ပြုပြင်ထားတဲ့ အတွက် မှားစရာ ကတော့ ဆန်းတော့မည် မဟုတ်ပါ။ ဒါကြောင့်လည်း Amazing Thailand လို့ ဆိုကြတာနေမှာပေါ့ ဗျာ။
ဆက်လက်ရေးသားပါမည် .. မျှော်ပါ ..
ကိုတိုး
2 comments:
ကိုယ်တွေ့အတွေ့အကြုံများကို ဆက်လက်စောင့်စားနေပါသည် :P
အဟိ .. မောင်ချမ်းက ကိုယ်တွေ့ တဲ့ .. တောင်းဆိုနေလေရဲ့ ။ ဂျစ်တူးလည်း ကိုတိုးရဲ့ ကိုယ်တွေ့ အကြောင်းတွေကို စောင့်မျှော်နေပါတယ် ဟဲဟဲ ။
ဒီပုံတွေ အီးမေးလ်က ကြည့်လိုက်ရတယ် ။ သူတို့က အရမ်းလှတာပဲ ။ ပစ္စည်းတွေလည်း ရှိသေး ။ တကယ်အံ့စရာ ။
Post a Comment