Feb 14, 2008

ယဉ်ယဉ်လေးရူးလို့နေ (၂)

ယဉ်ယဉ်လေးရူးလို့နေ (၂)

တောင်ပံတွေ မပါခဲ့တဲ့ ငါဟာ
အနိမ့်ဆုံးနေရာကို
ခုန်တက်ဖို့တက်
အမြင့်ဆုံးထိ ပျံတတ်ချင်ခဲ့တယ်

ပန်းလေးတစ်ပွင့်ကို
ပွင့်လန်းလာအောင်
မစိုက်ပျိုးနိုင်ခဲ့တဲ့ ငါဟာ
ခန်းခြောက်နေတဲ့ အရာတွေကို
ပန်းဥယျာဉ်ကြီးတွေ အဖြစ်
ပြောင်းပစ်ချင်ခဲ့တယ်

လက်နက်မပါခဲ့တဲ့ ငါဟာ
သစ်တစ်ပင်ကို ခုတ်လှဲဖို့ထက်
အင်ပါယာကြီးတစ်ခုကို
တိုက်ယူချင်ခဲ့တယ်

ချောင်းတစ်ခုကိုတောင်
လက်ပစ်ကူးပြီး မဖြတ်ခဲ့တဲ့ ငါဟာ
သမုဒ္ဓရာကြီးကို
ကူးချင်ခဲ့တယ်

တကယ်တော့ ငါဟာ
စိတ်ကူးကောင်းတွေနဲ့
ယဉ်ယဉ်လေးရူးလို့နေ တာလား

ကိုတိုး

No comments: