Showing posts with label Myanmar Song. Show all posts
Showing posts with label Myanmar Song. Show all posts

Apr 12, 2008

ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ဒီသီချင်းလေးကတော့ ကျွန်တော် အရမ်း သဘောကျ မြတ်နိုးတဲ့ သီချင်းလေးပေါ့ .. သင်္ကြန်တွင်းမှာ သူငယ်ချင်းတွေ ခံစားနားဆင်နိုင်ရန် စာသားလေးနဲ့ ပြန်လည် မျှဝေလိုက်ရပါတယ် ဗျာ ..

အားလုံး နှစ်သစ်မှာ ပျော်ရွှင် .. ရွှင်လန်းချမ်းမြေ့ပါစေ၊ အချစ် စစ်စစ်တွေ ရကြပါစေ၊ ပိုက်ဆံတွေ အများကြီးရကြပါစေ လို့ .. ဆုတောင်းလိုက်ပါတယ် ..


ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

တေးဆို။ ။ တွံတေးသိန်းတန်

ကန်ပတ်လည် ခရေရိပ်
ရွာထပ်ကကျောင်းတော်သာ နံဘေးဝယ်
မခွဲတမ်းကြင်မယ် ဒီစကား မေ့ပြီလားကွယ် အချစ်ရယ်
အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ခဲ့ရင်
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ကန်ပတ်လည် ခရေရိပ်
ရွာထပ်ကကျောင်းတော်သာ နံဘေးဝယ်
မခွဲတမ်းကြင်မယ် ဒီစကား မေ့ပြီလားကွယ် အချစ်ရယ်
အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ခဲ့ရင်
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ပန်းတကာပန်း ဘယ်ပန်းကြိုက်သလဲကွယ်
ရွေးချယ်ပေးခဲ့ပြန်ပါတယ်
တစ်ယောက်ပျို မဋ္ဋိက်နွယ်ကရယ်
ပိတောက်ကို ကြိုက်ပြန်သတဲ့ကွယ်
ဒီတစ်ခါပိတောက်ဖူးရင်
ရည်စူးချက်မပြယ်
ရွာကိုရောက်ရင်လည်း
ပိတောင် တစ်ခက်နှင်းဆက်ပါ့မယ်
သြော် .. ပိတောက်တွေ ပွင့်နေပါပြီကွယ်

ပိတောက်ကို တစ်ယောက်ပျိုချစ်သလို
တစ်ယောက်ပျိုကို မောင်ကချစ်ခဲ့
မင်းပိတောက် ချစ်သူပါကွယ်
ရွှေစင်မြှာမိုက်
ပိတောက်ကြိုက်တဲ့ချစ်သူရယ်
အနေမှာတစ်မြေခြား
ပိတောက်နဲ့ကိုယ့်ကို မေ့ပြီလား
စိမ်းကားတဲ့သဘောရယ်
မိန်းမချောရယ် ပိတွေပွင့်နေပြန်ပြီကွယ်

ပိတောက်ကို တစ်ယောက်ပျိုချစ်သလို
တစ်ယောက်ပျိုကို မောင်ကချစ်ခဲ့
မင်းပိတောက် ချစ်သူပါကွယ်
ရွှေစင်မြှာမိုက်
ပိတောက်ကြိုက်တဲ့ချစ်သူရယ်
အနေမှာတစ်မြေခြား
ပိတောက်နဲ့ကိုယ့်ကို မေ့ပြီလား
စိမ်းကားတဲ့သဘောရယ်
မိန်းမချောရယ် ပိတွေပွင့်ပြန်ပါပြီကွယ်

မိရိုးဖလာ ယဉ်ကျေးမှု့နဲ့
မြန်မာဆန်တဲ့ တောလှ ဒေဝီနွယ်
မြင်ယောင်မိပါတယ်ကွယ်
ကောက်ထွေးကို ရင်မှာပွေ့
တောဓလေ့ သီချင်းဆိုပုံများရယ်
တစ်မြို့တစ်ရွာကို ပြောင်းကာသွား
ချစ်တဲ့သူ ရင်နွယ်နှောင်းရယ်
နွေမိုးဆောင်းတွေ ကြာပြီကွယ်
အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ခဲ့ရင်
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

မိရိုးဖလာ ယဉ်ကျေးမှု့နဲ့
မြန်မာဆန်တဲ့ တောလှ ဒေဝီနွယ်
မြင်ယောင်မိပါတယ်ကွယ်
ကောက်ထွေးကို ရင်မှာပွေ့
တောဓလေ့ သီချင်းဆိုပုံများရယ်
တစ်မြို့တစ်ရွာကို ပြောင်းကာသွား
ချစ်တဲ့သူ ရင်နွယ်နှောင်းရယ်
နွေမိုးဆောင်းတွေ ကြာပြီကွယ်
အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ခဲ့ရင်
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ပိတောက်ကို တစ်ယောက်ပျိုချစ်သလို
တစ်ယောက်ပျိုကို မောင်ကချစ်ခဲ့
မင်းပိတောက် ချစ်သူပါကွယ်
ရွှေစင်မြှာမိုက်
ပိတောက်ကြိုက်တဲ့ချစ်သူရယ်
အနေမှာတစ်မြေခြား
ပိတောက်နဲ့ကိုယ့်ကို မေ့ပြီလား
စိမ်းကားတဲ့သဘောရယ်
မိန်းမချောရယ် ပိတွေပွင့်ပြန်ပါပြီကွယ်

မိရိုးဖလာ ယဉ်ကျေးမှု့နဲ့
မြန်မာဆန်တဲ့ တောလှ ဒေဝီနွယ်
မြင်ယောင်မိပါတယ်ကွယ်
ကောက်ထွေးကို ရင်မှာပွေ့
တောဓလေ့ သီချင်းဆိုပုံများရယ်
တစ်မြို့တစ်ရွာကို ပြောင်းကာသွား
ချစ်တဲ့သူ ရင်နွယ်နှောင်းရယ်
နွေမိုးဆောင်းတွေ ကြာပြီကွယ်
အပြောမတည်သလောက် ဟောဒီ ပိတောက်တွေပွင့်ခဲ့ရင်
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်



အားလုံးကို လေးစားလျှက်

ကိုတိုး

Feb 23, 2008

ကျွန်တော်ကြိုက်တဲ့သီချင်းများ (၂) - ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ကျွန်တော် အမြဲဟာသနှောပြီး ပြောတတ်တာလေးတစ်ခုရှိပါတယ်။ ဒါကတော့ “T4” ဆိုတဲ့ စကားလေးပါ။ “ကိုတိုး .. မြန်မာပြည်က ဘယ်အဆိုတော်တွေ သဘောကျလဲ” လို့ မေးတိုင်း “လေးဖြူ နဲ့ T4 ပေါ့ ဗျာ” လို့ ဖြေလေ့ရှိပါတယ်။ “ဒါနဲ့ နေစမ်းပါအုံး .. T4 က အဆိုတော်လား Band နာမည်လား“ လို့ စောဒကတက်ပြီး သူတို့ ပြန်လည် မေးခွန်းထုပ်တတ်ကြပါတယ်။ “T4 ဆိုတာ .. Toon Taey Thein Tan, တွံတေးသိန်းတန် ပေါ့ ဗျာ” လို့ဖြေတိုင်း သူတို့ မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်တတ်ကြပါတယ်။ ထားပါတော့ ဗျာ .. ဒီ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ဆိုတဲ့ သီချင်းလေးက ကျွန်တော့် အကြိုက်ထဲက တစ်ခုပါပဲ။



ဒီမှာ You-Me-And-PanPaDauk.mp3 ကို Download လုပ်နိုင်ပါတယ်။

ကိုတိုး

ကျွန်တော်ကြိုက်တဲ့သီချင်းများ (၁) - အမေနဲ့ရွာကို လွမ်းတယ်

"လယ်တောထဲက အသံ" “တောကြိုက် ရွာကြိုက် ပါကွာ” လူတစ်ချို့ ပြောကြတဲ့ မြန်မာသံစဉ် စစ်စစ်လေးတစ်ခုပါ။ သီချင်းနာမည်လေးက "အမေနဲ့ ရွာကို လွမ်းတယ်" ဆိုတဲ့ သီချင်းလေးပါပဲ။ အဆိုတော်ကတော့ အများသိကြတဲ့ ဟင်းရောင်းတဲ့ ထွန်းရင် .. အဲ ယောင်လို့ .. ဟင်္သာတ ထွန်းရင် ဖြစ်ပါတယ် ဗျာ။ စာသားလေးတွေ ကောင်းတဲ့ ဒီ သီချင်းလေးကတော့ ကျွန်တော့် အကြိုက်ထဲက တစ်ခုပါပဲ။ ကဲ .. Download လုပ်ပြီး .. နား သောတ ပန်ဆင် လိုက်ရအောင်လား ဗျာ ..



ဒီမှာ Ah-May-Nae-Ywar-Ko-Lwan-Tal.mp3 ကို Download လုပ်နိုင်ပါတယ်။

ကိုတိုး

Feb 3, 2008

ဂျာမာန်မကြီး ရဲ့ နှစ်သစ်ချစ်ဦး




လေးစားလျှက်
ကိုတိုး