Mar 29, 2007

အကြွေး (သို့မဟုတ်) ဆယ်နှစ် .. ဆယ်နှစ် .. ဆယ်နှစ်


“သေနတ်ပစ်တယ်ဆိုတာ ဒီလက်ညှိုးလေးကွေးတတ်ရတယ် .. ဒီလက်ညှိုးလေး ကွေးတတ်ဖို့အတွက် .. ဆယ်နှစ် .. ဆယ်နှစ် .. ဆယ်နှစ် သွားသင် .. ပြီးရင် ငါ့ဆီပြန်လာခဲ့ ............. ဒိုင်း .. ဟား ဟား ဟား ဟား .. .. .. ဒိုင်း .. ဟား ဟား ဟား ဟား .. .. .. ဒိုင်း .. ဟား ဟား ဟား ဟား .. ”

ဦးကျော်ဟိန်း .. အကြွေးဇတ်ကားမှ

ဘာရယ်မှ မဟုတ်ပါ .. ပညာတစ်ခုရဖို့အတွက်နဲ့ ထိုပညာရဲ့အတွေ့အကြုံရဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံဖို့လိုတယ်ဆိုတာလေးကို တွေးရင်း .. ဦးကျော်ဟိန်းရဲ့ စကားကိုပြန်ပြောင်းသတိရခြင်းပါ။

အိုင်တီနယ်မှာလုပ်နေတဲ့ လူတွေဆိုရင် ထွက်သမျှအသစ်အဆန်း နည်းပညာများ၊ ဆော့ဝဲလ်များ နဲ့ ဘာသာရပ်တွေကို နှစ်စဉ်နှစ်တိုင်း ပိုလို့တောင် လေ့လာရလိမ့်မယ်။ တစ်ချို့လည်းရှိပါတယ် ... ကိုယ်သွားနေတဲ့လိုင်းပေါ်က ပညာသစ်တစ်ခုကို မလေ့လာသေးပဲ “ငြီးငွေ့တယ်” တို့ “ပြင်းစရာကြီး” တို့ ဆိုတဲ့ ဝေါဟာရတွေကို ပြောတတ်ကြပါတယ်။ ဒါပေမယ့် သိထားတော့ ပိုကောင်းတာပေါ့။ မလေ့လာပဲနဲ့နေရင်လည်း .. အသုံးလိုတော့မှ ထလေ့လာခဲ့ရင် သူများထက် နောက်ကျသွားတတ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာကတော့ .. ကိုယ်အသုံးကျမည့် ဆော့ဝဲလ်တွေတို့ ဘာသာရပ်တွေကို အကြွေးမထားတာပဲ လေ့လာလိုက်စားတာ ကောင်းပါတယ်။


ကိုတိုး

4 comments:

Chan Mya Soe said...

ဟုတ်ပါတယ် ကိုကြီးတိုး။ ဒီပို့စ်ကို ဖတ်လိုက်ရတာ ကိုယ့်ကိုကိုယ် သတိပေးမိသွားသလိုဖြစ်သွားစေတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုတိုး :)

မိန်းမချောချောလေးလည်း မြန်မြန်ရပါစေ :P

The Northern Light said...

မှန်တာတွေ သိပ်မေ၇းပါနဲ့ ကိုတိုးရေ ပျင်းချင်လို့ပါ။ ခါတစ်လေတော့ ဘာမှမလုပ်ပဲ ထိုင်နေချင်တာဗျ :P။ ကိုတိုးတို့တော့ ဇွဲလဲရှိတယ် လုပ်နိုင်ကြတယ်။ မိုက်တယ်ဗျာ….အဲ့ ကိုတိုး သရီးဒီတွေထပ်လုပ်ဖြစ်သေးလား။ တင်ပါဦးနော့် ထပ်လုပ်ဖြစ်ရင်လဲ။

MYO HAN HTUN said...

@ CMS နဲ့ The Northern Light

ကျွန်တော်လည်း ဘာရယ်မှ မဟုတ်ပါဘူး။ လေ့လာထားတာလေးတွေ မေ့သွားတာက တစ်ကြောင်း၊ မလေ့လာပဲ ထားခဲ့လို့ အခုမှလုပ်ချင်တော့ စလေ့လာနေရတာက တစ်ကြောင်း၊ အသစ်အဆန်းလေးတွေ ကိုယ်နဲ့ သင့်တော်မယ့် ဘာသာရပ်လေးတွေကို လေ့လာချင်တာက တစ်ကြောင်း .. အဲ့ဒီ အကြောင်းကြောင်းတွေကြောင့် ရေးချလိုက်တာပါ။

ဇွဲရှိတာကလည်း အဓိကကြလှပါတယ်။

သရီးဒီတွေဘက်ကို မလှည့်နိုင်တာ နှစ်လ နီးပါးရှိတော့မယ်။ သင်္ကြန်ရုံးပတ်ရက်မှာတော့ လုပ်မယ်လို့ စိတ်ကူးထားလေရဲ့။ တစ်ပဲခြောက်ပြားတန် အောက်ကြေး Project နဲ့ နှစ်ပါးသွားနေရလို့ လူလည်း နလန်မထူနိုင်ပါဘူး။ 3D တွေလုပ်ဖြစ်ရင်တော့ တင်ပါ့မယ်။

ကိုတိုး

Anonymous said...

ကိုတိုးရေ၊

ရေးသွညးတဲ့  ကွန်မင့်လေးဖတ်ရပါတယ်။ ကျွန်တော် အချိန်နဲနေတာရယ် အပျင်းကြီးနေတာရယ်ကြောင့် အပ်ဒိတ် မလုပ်ဖြစ်တာပါ။ ပြန်ရေးဖို့ စိတ်ကူးရှိပါတယ်။

အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။

ကိုချို