Mar 11, 2007

ဘယ်တော့မှမမေ့ဘူး


တစ်ရက်တော့ ကျော်ကြီးရောက်လာပါလေရော။ ကျော်ကြီး ဆိုတာက ကျော်ဝင်းဆွေ ပေါ့။ ကျွန်တော့်သူငယ်ချင်း။ အိမ်ကတော့ သိတဲ့ အတိုင်းပဲ ညီအကိုသုံးယောက်ရှိတော့ သူငယ်ချင်းအပေါင်းအသင်းတွေလာတာများတယ်။ ကျွန်တော်ကလည်း သူလာနေတုန်း ကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းနေလိုက်တာ လွန်ပါလေရော။ ကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းတာတော့ တခြားမဟုတ်ပါ။ ဟိုးအရင်က ဦးကျော်ဟိန်း .. နောက်တော့ ကိုဇော်ပိုင် ဆိုထားတဲ့ ဘယ်တော့မှမမေ့ဘူး ဆိုတဲ့ သီချင်းထဲက “ဒီ ကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာ အစက ပြန်စလို့ရရင် .. အရင်လိုမျှော်လင့်ချက်နဲ့ .. ရှင်သန်အားမွေးလိုက်ချင် .. ” စာသားတွေပါ။ သူလည်း အိမ်လာတိုင်း ဂိမ်းဆော့၊ မဆော့ရင် စာအုပ်ဖတ်၊ မဖတ်ရင်လည်း စကားပြောပေါ့။ ကျွန်တော်ကလည်း အဲဒီသီချင်းရဲ့ ကော့ဒ်တွေကို အလွတ်ရအောင် အသားကုန် တစ်ခေါက်ပြီးတစ်ခေါက် ဂစ်တာတီးရင်း ဆိုနေတော့တာပါပဲ။

နောက်တစ်နေ့ကျတော့ သူလာတုန်း ညီတော် ကိုယ်တော်လေး မျိုးကျော်ထွန်းကပါ အဲဒီသီချင်းကို ဆိုပြီး အလွတ်ရအောင် တီးနေတော့ သူက အခုလို သူငယ်ချင်းတွေကြားမှာ ဟာသလေး တစ်ခုအဖြစ် ပြောပြတတ်ပါတယ်။ “ကိုတိုးတို့ ညီအကိုတွေများ လွန်ပါရော .. ကမ္ဘာကို အကိုက နောက်ပြန်လှည့်ခိုင်းလိုက် .. ညီက နောက်ပြန်လှည့်ခိုင်းလိုက်နဲ့” ဆိုတာပါပဲ ဗျာ။

ဘာရယ်မှ မဟုတ်ပါဘူး .. ဒီသီချင်းကို ဆိုတိုင်း ကျော်ကြီးပြောပြောနေကျ ဟာသလေးကို သတိရရင်း .. ရေးလိုက်ရခြင်းပါ ..

ကိုတိုး

4 comments:

ထိန်လင်း said...

ko toe... i am also from mdy...
i heard you like myanmar classic song.. if you have some classic song please sent to me... cos i want to listen.. i also like you.. when i was child my father listen all the time.. so it was used to for me, and i like that...
Ton Tay Thaing Tan
Ko Min Naung
and if you have a song called "ko yet htar nay " please sent to me ..
my mail is aaron30403@gmail.com
thank...

MYO HAN HTUN said...

@ Ko Htein Lin

Thanks for visiting and appreciation to my blog. I have some Myanmar songs especially to Toon Taey Thein Tan, Toon Taey Soe Aung, Thu Maung, Sandayar Hla Htut, Sandayar Chit Swe and Yar Zar Win Tint. My brother told me there are so many Myanmar web site you can download and listen those oldies. I had some files with me in my office computer so I decided to send a few of those in this moment. Most of them are Toon Taey Thein Tan songs and the last one is Yar Zar Win Tint's Ma Khin Hnin See. If I have free time ... I will send you more.

thanks and best regards

MYO HAN HTUN @ KO TOE

MgHla said...

ကိုကျော်ကြီးဆိုတာ ဒီစီဒီက ထင်ပါ့... ကျတော် ရစ်သမျှ ခံတဲ့ လူကြီးပဲ...

MYO HAN HTUN said...

ဟုတ်တာပေါ့ ကိုမောင်လှရေ .. ဒီစီဒီကျော်ကြီး ဆိုရင် မန္တလေးကွန်ပျူတာလောကမှာ မသိတဲ့လူနည်းသလောက်ပါပဲ။ ကျွန်တော်လည်း ဒီစီဒီ မှာ နှစ်နှစ်နီးပါးလောက် အလုပ်လုပ်ခဲ့ပါတယ်။ ကိုမောင်လှပြောသလို ဒီစီဒီမှာ အလုပ်လုပ်တုန်းကတော့ ရစ်တဲ့လူတွေလာတာများပါတယ် ဗျာ။ ရစ်လိုက်ကြတာ ပြောမနေပါတော့နဲ့ ဗျာ။ ကျော်ကြီးကတော့ သိပ်သဘောကောင်းပါတယ်။ သူငယ်ချင်းတွေထဲမှာ ညီအကိုလိုပါပဲ ဗျာ။ တွေ့ရင်တော့ သတိရကြောင်းပြောပေးပါ ဗျာ။

အစဉ်လေးစားလျှက်

ကိုတိုး