Mar 27, 2007

ပရိတ်ကြီး ၁၁ သုတ် နှင့် ဆဲဗန်းအလဲဗန်း


မနေ့က အလုပ်က ထိုင်းမလေးတစ်ယောက် ဖခင်ဆုံးလို့ အသုဘရှု့သွားခဲ့တယ်။ ဟိုလည်းရောက်ပြီးခဏကြာတော့ ထိုင်းဘုန်းတော်ကြီးများက ရွတ်ဖတ်ကြပါတယ်။

ဒါနဲ့ .. ဘေးက ထိုင်းမလေးကို “ဘုန်းကြီးတွေ ဘာရွတ်နေသလဲဆိုတာ နင်သိသလား” လို့မေးတော့
သူက “တစ်ချို့သာသိပြီး တစ်ချို့ကို မသိကြောင်း” ပြန်ပြောပါတယ်။

နောက်တော့ ပရိတ်ကြီး ၁၁ သုတ်အကျဉ်းကို ရွတ်နေချိန်တွင် မောင်ကိုတိုးက ထပ်၍မေးခွန်းထုတ်ပါတယ် ..
“အခု ဘုန်းကြီးတွေ ဘာရွတ်နေသလဲဆိုတာရော သိသလား” လို့မေးတော့
“သူက မသိကြောင်း” ပေါ့။

ဒါနဲ့ပဲ ကျွန်တော်က “အခု ပရိတ်ကြီး ၁၁ သုတ်ရွတ်နေကြောင်း” ကိုပြောတော့ .......... ဟိုး .. တစ်ယောက်ကျော်က ထိုင်းမလေးက နားစွန်နားဖျားကြားပြီး “ကိုတိုး ဒီနေရာနားမှာ ဆဲဗန်းအလဲဗန်း ဆိုင်မရှိဘူးလို့” လှမ်းဖြေလိုက်တယ်။ သူ့အပြောကြောင့် ရယ်မိကြပေမယ့် အသုဘမှာလည်းဖြစ် ဘေးက တစ်ယောက်နှစ်ယောက်က ကြည့်နေလို့လည်းဖြစ် .. ရယ်ချင်စိတ်ကို မနည်း ပါးစပ်ကြီးပိတ်ပြီး ထိမ်းထားပေကြမယ့် စပ်ဖြီးဖြီးဖြစ်နေတဲ့ ကျွန်တော်တို့အမူအရာတွေကိုတော့ ပုန်းကွယ်လို့မရတာ မြင်တဲ့လူတိုင်း သိမှာပါ။

သူလည်း ၁၁ ပါတာနဲ့ နားစွန်နားဖျားကြားပြီး ...

ကိုတိုး

2 comments:

Ye Lwin Oo Photography said...

ကိုတိုး တို့ များ အသုဘသွားတာတောင် ဆဲဗန်းအလဲဗန်း ဇာတ်ခင်းလိုက်သေးတယ်။ တော်သေးတာပေါ့ လပ်ကီး ဆဲဗန်း လက်ဖက်ရည်ဆိုင် အကြောင်း မပြောလို့ ။

MYO HAN HTUN said...

ဇာတ်မခင်းပါဘူး .. သူ့ဘာသူ ရယ်စရာလေးတွေက ခြေထောက်ပေါက်ရောက်လာတတ်လို့ပါ။ ရယ်စရာ ကိုယ်ပိုင် ဟာသတွေတစ်ပုံကြီး .. ဆင်စာ အတွက် စဉ်းစားရင်း မကောင်းလို့မရေးတော့ပါဘူး။ :P