Mar 17, 2007

ခံစားချက်များ (၁)

ဘာကြောင့်ရယ်မှန်းမသိ .. ဒီရက်ပိုင်း အမေနဲ့ ဆုံးပါးသွားတဲ့ အဖေရဲ့မျက်နှာကို အမြဲတမ်းမြင်မြင်နေမိတယ်။ အဖေ့ကိုတော့ အိမ်မက်ထဲမှာ ဟိုးတစ်လောက နေ့တိုင်းလိုလို မြင်မက်ခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ မိဘတွေနဲ့ အတူနေရတဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းတွေ၊ မိဘတွေနဲ့ တွဲသွားတွဲလာလေ့ရှိကြတဲ့ လူတွေတွေ့တိုင်း၊ သူတို့တွေ စားသောက်ဆိုင်တွေမှာ မိသားစု ပီပီ မိသားစုပုံစံ ၀ိုင်းဖွဲ့စားသောက်ကြတာတွေကို တွေ့တိုင်း စိတ်ထဲမှာ ဘယ်လိုမှပြောမထွက်တဲ့ ၀မ်းနည်းမှု့မျိုးကို အမြဲတမ်းခံစားခဲ့ရတယ်။ အဖေမရှိတဲ့ နောက်ပိုင်းမှာ အလုပ်ကပြန်ရောက်လို့ ညနေထမင်းစားတိုင်း ဘေးကနေ စကားတွေအမြဲပြောတတ်တဲ့ အမေ ကို ညနေထမင်းဆိုင်မှာသွားစားတိုင်း နေ့တိုင်း သတိရမိတယ်။ ဟင်းချက်ကောင်းတဲ့ အမေ့ရဲ့ လက်ရာအကြောင်းတွေကိုတော့ ဒီက မြန်မာဆိုင်မှာ စားရင်းသောက်ရင်း တစ်ခါတလေ ဆိုင်ကလူတွေကို လေကြွားပြောပြရတာ အမော ပါ။ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှကံ နဲ့ လုပ်သမျှကံ အကောင်းလို့သတ်မှတ်ပြီး ကိုယ့်အားကိုယ်ကိုး ကိုယ့်ကိုယ်ကို အားပေးသမှု့ပြုပြီး အမြဲရုန်းကန် နေရမှာပဲ လို့အောင်းမေ့မိပါတယ်။ ကျွန်တော်လို ဘ၀တူတွေ ရှိရင်လည်း ကျွန်တော့်လိုပဲ ခံစားမိကြလိမ့်မယ်လို့ ထင်မိပါတယ် ဗျာ။


အပေါ်ကပုံလေးတွေကတော့ နိုင်ငံခြားထွက်မလာခင်တုန်းက Scan လုပ်လာခဲ့တဲ့ပုံလေးတွေပါ။ အဖေနဲ့အမေ အိမ်ထောင်ကျကာစတုန်းက ပုံရယ်၊ ကျွန်တော် ၃ လသားအရွယ်လေးတုန်းက ပုံရယ်၊ မှတ်မှတ်ရရ ကျွန်တော် ပထမတန်းတုန်းက ကျောင်းက ဆံပင်ညှပ်ခိုင်းလို့ ကိုယ့်ဆံပင် ကိုယ် ကပ်ကြေးနဲ့ ညှပ်လိုက်ရာက ပုံမလှပန်းမလှ ဘူးသီးကြွက်ကိုက်ကေ ထွက်လာတဲ့ပုံကို အမှတ်တရ ရိုက်ထားတာလေးတွေပါ။

5 comments:

ထိန်လင်း said...

ကိုကြီတိုး လုပ်တာနဲ. ဒီမှာအလွမ်းတွေစုကုန်ပြီ..သက်ြန်အလွမ်း..မိသားစုအလွမ်း..မွေးရပ်မြေအလွမ်း..သူငယ်ချင်းတွေ...တော်ပြီ
ီဗျာ ဆက်ပြီးလွမ်းလိုက်အုံးမယ်....

နိုင်းနိုင်းစနေ said...

အတူတူပါပဲ ကိုတိုး
မိသားစု စုံစုံလင်လင်နဲ့ ပြောဆို ရယ်မောနေတာကို မြင်ရင်....
အမေ..လို့ ခေါ်လိုက်တဲ့ ညီမ၀မ်းကွဲရဲ့ အသံကို ကြားရင်...
အဖေ..အမေတို့ဆီ ဖုန်းဆက်အုန်းမယ်လို့ ပြောတဲ့ အသံကိုကြားရင်...
အရမ်းကို ၀မ်းနည်းမိတယ်...ဘ၀မှာ ဘယ်လို့မှ အစားထိုး ပြန်မရနိုင်တော့တဲ့
ဆုံးရှုံးမှုတခုပါ...

Ye Lwin Oo Photography said...

ကိုတိုးရေ... ဒီတခါတော့ ဘ၀အကြောင်းရေးပြီနော်။ ဖခင်ကို တန်ဖိုးထားကိုးကွယ် တဲ့ သားကြီးတစ်ယောက် အောင်မြင်မှု တွေနဲ့  အမြဲတမ်းဝေဆာပါစေ။ ကိုတိုးက ဖအေတူသားနော်။ ငယ်ဘ၀ ကပုံက ကိုဖြိုး အခုပုံနဲ့  နည်းနည်း များဆင်သလားလို့ ။

MYO HAN HTUN said...

@ ထိန်လင်း .. ငါ့ညီရေ .. အားလုံးက လွမ်းတတ်ကြပါတယ်။ အားလုံးကိုလည်း လွမ်းတတ်ကြပြန်ပါသေးတယ်။

@ နိုင်းနိုင်းစနေ .. မနိုင်းနိုင်းရေ .. တကယ့်အစားထိုးလို့ကို မရနိုင်တဲ့ အရာတွေပါ ဗျာ။ ကျွန်တော်လည်း တိုက်ဆိုက်မှု့တွေရှိတိုင်း အရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်။ တူညီတဲ့ လူတွေဆိုလည်း အရမ်းကို စာနာမိပါတယ်။

@ ရဲလွင်ဦး .. ရဲလွင်ဦးရေ .. ဘ၀အကြောင်းဆိုတာထက် တိုက်ဆိုင်မှု့တွေကို နေ့စဉ် ခဏခဏ ကြုံကြုံနေရတဲ့ ခံစားချက်တစ်ခုကို ရေးချလိုက်တာပါ။ ဆုတောင်းပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

ထိန်လင်း said...

ကိုကြီးတိုးကို မန်းလေးသားများဆုံဆည်းရာ Group မှာ မတွေ.ရဘူးနော်...အသင်းမ၀င်ထားတာလား၊ စိတ်မ၀င်စားလို.လား....cms's blog ထဲမှာ ရှိတယ်..