Nov 28, 2006

အသစ်တဖန်

စုံစည်းခွင့်ရဲ့
နံနက်ခင်း
မင်းခြေချောင်းလေးတွေကို
ငေးကြည့်ရင်းနဲ့
ငါ ရင်ခုန်နေမိတယ်

ခွဲခွာခြင်းရဲ့
ညနေခင်း
မင်းပါးမို့ပြင်က မျက်ရည်စလေးများကို
သုတ်ရင်းနဲ့
ငါ စိတ်မကောင်းဖြစ်နေရတယ်

ရင်ခုန်ခြင်းရဲ့
ညတွေမှာ
မင်းပုံရိပ်တွေ
ငါမြင်ရင်း
နေ့သစ်တစ်ခုကို
ပြန်ရောက်ချင်တယ်။

ကိုတိုး

1 comment:

Anonymous said...

မနက်ဖြန်ဆိုရင် နေ့သစ်လေ ကိုတိုး။ ဟိဟိ စိတ်မဆိုးကြေးနော်။ အကိုတွေ အမတွေကိုပဲလိုက်စတာ။ ဆုံဆည်းခွင့် မဟုတ်ဘူးလား။