Jan 28, 2007

ကျွန်တော်နှင့် သူငယ်ချင်းများ (၄)


ရှမ်းလူမျိုးများ ပြောတာဆိုတာ ဘယ်လောက်ရိုးသားပွင့်လင်းသလဲဆိုရင် ..

တစ်ခါသားပေါ့ဗျာ ..

ကျောင်းက သူငယ်ချင်းတွေကို မန္တလေးကဘုရားပွဲတစ်ခုကို ခေါ်သွားလေရဲ့။ ဘုရားပွဲဆိုတော့လည်း အငြိမ့်ပါတာပေါ့။ ဒါနဲ့ အငြိမ့်ကြည့်ချင်ကြတယ်ဆိုတော့လည်း ရပ်ကြည့်ရတာပေါ့။ အဲ .. ခဏအကြာမှာတော့ ရှေ့နားမလှမ်းမကမ်းမှာ ရပ်ကြည့်နေတဲ့ သူငယ်ချင်း ရှမ်းကလေး တစ်ယောက် အနားကို အခြောက်သုံးလေးယောက်လောက် ရောက်လာတယ်။ ဒါနဲ့ အခြောက်တို့ပီပီ လက်သရမ်းတော့ .. “နင်နဲ့ငါ” နာမ်စားသုံးပြောလေ့ရှိတဲ့ သူငယ်ချင်းရှမ်းကလေး အော်လိုက်ပုံက “ဟေ့ကောင် .. နင့်မှာလဲ ငါ့လိုဟာမျိုးရှိရဲ့သားနဲ့ .. ငါ့ဟာကို ဘာလို့လာကိုင်ရတာလဲ .. နင့်ဟာ နင်ကိုင်ပါလား” တဲ့ဗျာ။ ထိုအော်သံကြောင့် .. မပြုံးပဲ ၀ါးလုံးကွဲ ရယ်တာက ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်နဲ့ ဘေးကကြားတဲ့သူတွေပေါ့ ဗျာ။

ကိုတိုး

7 comments:

kyawmintun said...

ကိုတိုးရေ … ကျတော်ခင်ဗျား စာတွေ ကို လာပြီးဖတ်လေ့ရှိပါတယ်။ မှတ်ချက်တွေသာ မရေးဖြစ်တာပါဗျာ။ ကျတော့်ဆီကို လာလည်တာကိုလည်းကျေးဇူးတင်ပါတယ်ဗျာ၊

နိုင်းနိုင်းစနေ said...

အုစ်....:x
မဟု ...မဟု....
မသိဘူး...မသိဘူး...လို့ ရှမ်းလို့ပြောလိုက်တာ
ဟား...ဟား..

Nwae said...

သူပြောတာလဲ ဟုတ်တာပဲ... :P

Kyaw said...

အေးလေ ကိုတိုးကလဲ။ နင့်မှာလဲ ရှိသားနဲ့ ။ ဟားဟား။

ဂျစ်တူး said...

ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ အရမ်းရီရတာပဲ ။ အရေးအသားလဲ ကောင်းတယ် ။ နေ့ခင်းတုန်းက ကိုတိုး blog အမှတ်မထင်တွေ့ပြီး အလုပ်မလုပ်တော့ပဲ ပိုစ့်တွေအားလုံးဖတ်ပစ်လိုက်တယ် ။ ဆက်ရေးပါဦး :)

MYO HAN HTUN said...

@ kyawmintun, နိုင်းနိုင်းစနေ, Nwae, Kyaw
Comment များအတွက်ကျေးဇူးတင်ပါတယ်။ :)

@ ဂျစ်တူး said...
ကျေးဇူးတင်ပါတယ်။ ပို့စ်တွေအားလုံးကို အလုပ်မလုပ်ဘဲ ဖတ်လိုက်တယ်ဆိုတော့ အံအားသင်မိပါတယ်။ တော်ကြာအလုပ်ရှင်သိသွားရင်ဖြင့် .. :)

SuN said...

Very funny!!!