Mar 4, 2008

Steven Spielberg ရဲ့ ကြံကြံဖန်ဖန် Social Network

သရဲသစ္ဆေတွေနဲ့ ဂြိုလ်သားတွေအကြောင်းစိတ်ဝင်စားတဲ့ သူများအတွက် Hollywood Director ကြီး Steven Spielberg ဦးဆောင်ပြီး Social Network တစ်ခု စတင်တော့မည်ဖြစ်ကြောင်း သတင်းတော်တော်များများ ထွက်နေပါတယ်။ အဲ့ဒီ Web Site မှာ သရဲသစ္ဆေတွေနဲ့ ဂြိုလ်သား အကြောင်းရိုက်ထားတဲ့ မူရင်း Video တွေထားရှိပါလိမ့်မယ်။

ဆရာကြီး Steven Spielberg ကလည်း အများ သိတော်မူကြတဲ့အတိုင်းပေါ့ ဗျာ .. သရဲသစ္ဆေတွေနဲ့ ဂြိုလ်သား အကြောင်းကို စိတ်အတော်ဝင်စားသူရယ်လို့ ပြောစမှတ်ပြုရလောက်အောင်ကိုပဲ သူ့ရိုက်တဲ့ ရုပ်ရှင် ဇာတ်ကားတွေက သက်သေခံနေတာပေါ့ ဗျာ။

Steven Spielberg ကိုယ်တိုင်ကလည်း တစ်ချိန်တစ်ခါက ဟိုတယ်တစ်ခုမှာ တည်းခိုရင်း ထွက်ပြေးရလောက်အောင်ကို သရဲသစ္ဆေအခြောက်ခံထားရသူမို့ ဒီ Social Network ဖြစ်လာမှာကတော့ မထူးဆန်းတာ အမှန်ပါ။

အစ ပထမကတော့ Yahoo နဲ့ အတူ လုပ်ဖို့ကြံစည်ထားပေမယ့် ပျက်ခဲ့ပါတယ်။ အကယ်၍သာ သူ့ Idea တွေဆက်လက်ရှင်သန်နေမယ်ဆိုရင်တော့ မကြာတော့မည့် ကာလမှာ ဒီ Social Network ထွက်ပေါ်လာပါလိမ့်မယ်။

ကိုတိုး

Source: http://www.techcrunch.com/2008/03/03/steven-spielbergs-ghost-town

No comments: