Mar 5, 2008

The Five Languages of APOLOGY (သို့မဟုတ်) အကြိုက်ဆုံးစာအုပ် (၃)

ဒီ The Five Languages of APOLOGY ဆိုတဲ့ စာအုပ်လေးကလည်း မဆိုးဘူး။ တောင်းပန်နည်းတွေနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်နားလည်သမှု့ရှိစေမည့် စာအုပ်တစ်အုပ်ပါပဲ။ ဖတ်ရင်း ဖတ်ရင်း ခေါင်းညိတ်ရုံကလွဲလို့ တကယ့်လက်တွေ့နဲ့ နီးစပ်မယ် မထင်တဲ့ အကြောင်းအရာလေးတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ .. တစ်ယောက်ကို တစ်ယောက် အရမ်းကို မုန်းတီးနေရင်တော့ APOLOGY ဆိုတဲ့ စကားလုံးဟာ ဝေါဟာရ အဆင့်တစ်ခုထက် ကျော်နိုင်မယ် မထင်ပါဘူး။ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်ကလည်း တောင်းပန်ဝန်ခံရဲတဲ့ သတ္တိရှိဦးမှ။ တောင်းပန်ရဲတာဟာ သတ္တိတစ်ခု ဟုဆိုစမြဲရှိစေဦးတော့ တစ်ချို့လူတွေကလည်း ရုပ်ရှင်ဆန်ဆန် ဇာတ်ကားအစမှာ ရှင်းပြလို့ တောင်းပန်လို့ လက်မခံတာတွေ ရှိစမြဲပါ။ ဇာတ်လမ်းဆုံးမှ နားလည်ပြီး ခွင့်လွှတ်တာတွေ ရှိတတ်စမြဲပါ။ ဒါဟာ ကျွန်တော့် လက်တွေ့ပါ။ ဘာပဲပြောပြောပေါ့ ဗျာ .. တောင်းပန်စရာ ရှိတာလေးတွေ အကြွေးကျန်ရင်တော့ (သို့မဟုတ်) ခွင့်လွှတ်နားလည် သီးခံနိုင်စွမ်းရည်ရှိတဲ့ နှလုံးသား ပိုင်ဆိုင်လိုတယ် ဆိုရင်တော့ ဒီ စာအုပ် ကို ဖတ်ဖို့ တိုက်တွန်းပါရစေ။

ကိုတိုး

No comments: