1000 Masterpieces of European Painting: From 1300 to 1850 (Art & Architecture) (သို့မဟုတ်) အကြိုက်ဆုံးစာအုပ် (၄)

Library ကတော့ ကျွန်တော့်အတွက် အဖိုးတန် ကျော်မျက်ရတနာတွင်းကြီးပေါ့။ ကျွန်တော်လိုချင်သမျှ အကုန်နှိုက်ယူလို့ရလောက်အောင်ပါပဲ ဗျာ။ ကျွန်တော်ဟာ ပန်းချီ နဲ့ ဒီဇိုင်းကို လွန်စွာ ခုန်မင်နှစ်သက်သူ တစ်ယောက်ဖြစ်တာကြောင့် ဒီလို စာအုပ်တစ်အုပ်ကတော့ ရွှေ ပေါ့ ဗျာ။ ပန်းချီပညာထဲမှာတော့ Fine ART နှင့် Realistic ကျတဲ့ ပန်းချီကားတွေကို ပိုပြီးနှစ်သက် သဘောကျတယ်။ ကိုယ်ကိုယ်တိုင်ကလည်း Realistic ကျတဲ့ ပန်းချီ နှင့် ဒီဇိုင်းတွေကို လုပ်ချင်ခဲ့သူမို့ ဒီစာအုပ်က အထူးတလည် ပြောပြနေစရာ မလိုတော့ပါ။
စာအုပ်ထဲက ပန်းချီကားတွေကတော့ သူတို့ခေတ်သူတို့ အခါကနေ ဒီနေ့ထက်ထိ မယုံကြည်နိုင်လောက်အောင် လက်ရာတွေ ကောင်းလှပါတယ်။ Texture တွေနဲ့ Lighting Concept တွေဟာ တော်တော်လေးကို ထူးဆန်းအံသြဖွယ်ရာတွေ့ရတယ်။ တကယ့်ကို စိတ်ရှည်သူတွေ ပါပဲလားဟု ဆိုရလောက်အောင် အသေးစိတ် Detail ကျအောင် ဆွဲထားတာတွေက ကျွန်တော့်ကို မှင်သက်စေတာ အမှန်ပါ။ "Details Make Perfect" ဆိုတာပါပဲ။
နောက်တစ်ခု သဘောကျတာက .. ပန်းချီစရာတွေရဲ့ ကိုယ်ရေး အတ္တုပတ္တိ တိုတိုလေးတွေ ထည့်ပေးထားလို့ နည်းနည်း နည်းနည်း နဲ့ ဖတ်လို့ ကောင်းတယ်။ ပန်းချီပုံတွေကြည့် စာအတို အတိုလေးတွေ ဖတ် .. ငြီးငွေ့မှု့ မရှိတဲ့ စာအုတ်တစ်အုပ်ပါ။

ကိုတိုး
2 comments:
ကိုမျိုးဟန်ထွန်းရေ ကျွန်တော့်ဆီမှာ ပုရှကင် ပန်းချီ ပြတိုက်က ပန်းချီတွေ ပါတဲ့ စာအုပ်အထူကြီး ၀ယ်ထားတာရှိတယ်ဗျ။ ခင်ဗျားလိုချင်ရင် လက်ဆောင်ပေးလို့ ရပါတယ်။ စိတ်ဝင်စားရင် ကျွန်တော့ကို ဆက်သွယ်ပါဗျာ။ :)
@ ဘလူးဖီးနစ် - bluephoenix
”လက်ဆောင်ပေးလို့ရပါတယ်” ဆိုတဲ့ စကားကိုပဲ ကျေးဇူးအထူးတင်ပါတယ် ဗျာ။
ပန်းချီပညာကို ခုံမင်နှစ်သက်သူတွေအဖို့တော့ ပန်းချီကားတွေ မပိုင်ဆိုင်တောင် ပန်းချီကားပုံတွေပါတဲ့ စာအုပ်တွေကြည့်ပြီး ပီတိဖြစ်တဲ့ ခံစားမှု့မျိုး ရှိလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော့်ကို လက်ဆောင်ပေးလိုက်လို့ ဘလူးဖီးနစ် ရဲ့ ပီတိတွေပျောက်သွားမှာ မလိုလားတဲ့ အတွက်ကြောင့် အဲဒီစာအုပ်ရဲ့ Title, Author နဲ့ ISBN Number လေးသာ ဝေမျှပါ။ ကျွန်တော် Library မှာ ရှာတွေ့နိုင်ပါတယ် ဗျာ။ :)
ကိုတိုး
Post a Comment