Dec 18, 2006

ယဉ်ယဉ်လေးရူးသွားတဲ့ ရုံးပိတ်ရက်က CG အကြောင်း


ဒါကတော့ ကိုတိုးရဲ့ လတ်တလောဖန်တီးထားတဲ့ CG တစ်ခုပါပဲ။ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ လုပ်ခဲ့တာဖြစ်ပါတယ်။ Maya 7 ကိုသုံးပြီး အသေးစိတ် Modelling လုပ်ထားတဲ့ အတွက် Rendering လုပ်တဲ့နေရာမှာ အချိန်အတော်ကြာခဲ့ပါတယ်။ Texture အားလုံးလိုလိုကိုလည်း ကိုယ်ပိုင်ဖန်တီးထားပါတယ်။ အထူးသဖြင့်စာအုပ်စဉ်ပေါ်က စာအုပ် Design တွေကို ကိုယ်ကိုတိုင် Photoshop နဲ့ Imagestyler ကို Texture Creation Tools အနေနဲ့ သုံးပါတယ်။ များသောအားဖြင့် စာအုပ်မျက်နှာဖုံး Design နဲ့ Interface တွေကို Google မှာ ရှာလို့ရပေမယ့် စာအုပ်ဘေးတိုက် Design ကိုတော့ မတွေ့ရပါဘူး။ ဒါကြောင့်စာအုပ်ဘေးမျက်နှာ Design တွေကို အသေအချာ ဖန်တီးယူထားပါတယ်။ Lighting ကိုတော့ ဆက်လက်လေ့လာနေဆဲပါ။ ဒီရက်ပိုင်းမှာတော့ Systems & Networking ပိုင်းထက် 3D, Art & Design နဲ့Web အပိုင်းဘက်ကို ကိုတိုးတစ်ယောက် အချစ်ပိုနေတာကတော့ အရူးတစ်ပိုင်းအတိုင်းပါပဲဗျာ။ Idea အပိုင်းအနေနဲ့ကတော့ ၀ါသနာနဲ့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒရှိတဲ့ အရာတွေကို အနည်းအကျဉ်းလောက်သာဖော်ပြထားတဲ့ အတွက် မဆိုသလောက်ပါပဲဗျာ။
ဆက်လက်ကြိုးစားပါဦးမည်

ကိုတိုး

Software: MAYA, Photoshop & Imagestyler



4 comments:

နိုင်းနိုင်းစနေ said...

တခုလောက်တော့ တောင်းဆိုချင်ပါတယ်။
အချိန်လေးများ ရှိခဲ့ရင် ဘယ်လိုလုပ်ထားတယ်ဆိုတဲ့ အကြောင်းကို
တဆင့်ချင်း လုပ်နည်းတွေ သင်ပေးလို့ရမလား။ အလွယ်ကူဆုံးနည်း
ကနေ(ဥပမာ ဖိုတိုရှော့ပေါ့) အသေးစိပ်မဟုတ်တောင် အကြမ်းဖျင်း
လေး လုပ်ပြီး တင်ပေးလို့ ရမလားလို့ပါ။ ဆော့ဝဲလ်တွေက စက်ထဲမှာ
ရှိပြီး မသုံးတတ်တော့ ခက်တယ်လေ... အချိန်တွေ ရှိခဲ့ရင်ပေါ့....
ကျေးဇူးတင်ပါတယ်။

Lin said...

မိုက်တယ်ကွာ
ကိုတိုးကြီးလို ရူးချင်လိုက်တာ
ဒါနဲ့ CG ဆိုတာက ဘာလဲဟင်
မီး မတိလို့ပါ

MYO HAN HTUN said...

99 ရေ .. အချိန်ရရင်တော့ အကောင်းဆုံးဖြစ်စေရပါ့မယ် ..

Lin Lin ရေ .. CG ရဲ့အရှည်ခေါက်ကို Computer Graphics (Imagery) လို့ခေါ်ပါတယ်။
ဒါကတော့ INTRODUCTION : MAYA 6 3D for BEGINNERS ဆိုတဲ့ စာအုပ်ရဲ့ Chapter 1
စာမျက်နှာ နံပါတ် ၂ မှာရှိတဲ့ စာပိုက်ကနေ တဆင့်ကူးယူပြီး CG ရဲ့ဝေါဟာရကို ပိုမိုသိစေချင်လို့
ရေးပေးထားပါတယ်။

CG
Also known as CGI, CG is simply the abbreviation for Computer Graphics (Imagery).
CG refers to any picture or series of pictures that are generated with the aid of a computer.
By convention, CG and CGI generally refer to 3D graphics and not to images create using 2D
image or paint programs such as Photoshop or Painter.

အမှန်တကယ် သူတို့ဆိုလိုချင်တာက CG နဲ့ CGI ဆိုတာက 3D Software ကိုအသုံးပြုပြီး generate လုပ်ထားတဲ့ picture တွေအားလုံးကိုဆိုလိုတာပါပဲ။ Photoshop တို့ အခြား 2D Software တွေနဲ့ လုပ်ထားတဲ့ picutre ကိုမဆိုလိုပါဘူး။ (မှတ်ချက်။ ။ Graphic လောကမှာတောင် လူ့လောကလိုပဲ အဆင့်အတန်းခွဲခြားတတ်ကြပါတယ်။) ဒါဆိုရင်တော့ မီးမီးလေး Lin Lin လည်း CG အကြောင်းကို တိလောက်ပြီထင်ပါတယ်။

ရူးမှထူးမယ်ဆိုတဲ့ ဝေါဟာရအရ ရူးတာပါ။ ရူးကြည့်ပါ။ ဒါပေမဲ့ ထမင်းလွတ်ဟင်းလွတ် အ၀တ်လွတ်ဖြစ်သွားတဲ့အထိ ရူးအောင် မကြိုးစားပါနဲ့ဗျာ။

ကျွန်တော့်ရဲ့ ဒီ CG picture ပုံကတော့ ပါမွှားအဆင့်လောက်ပါဗျာ။ ဆက်လက်ပြီး ကောင်းတာထက်ကောင်းအောင်ကြိုးစားနေပါတယ်။

ကိုတိုး

Chan Mya Soe said...

ဟိုက် ... ဒါက ပါမွှားပဲရှိသေးတယ် ... ကျွန်တော့်အတွက်တော့ ဂေါ်ဇီလာလောက်ဖြစ်နေပြီ :)