Dec 25, 2006

ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ် (၃)


ဒါကတော့ တကယ့် Life Experience ကနေပြန်ပြောင်းအောင်းမေ့လို့ရေးချလိုက်ပေမယ့် ဆဲသံဆိုသံများကဲသို့ ညစ်ညမ်းသော စကားလုံးလေးများပါသဖြင့် စာဖတ်သူများအနေနဲ့ သည်းခံခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။

ယောင်တတ်တဲ့ ထိုသူငယ်ချင်းကြောင့်

ကျွန်တော့်သူငယ်ချင်းများထဲတွင် မိန်းမရဲ့လိင်အင်္ဂါကိုမျိုးစုံအောင် နာမည်ပေး ကင်ပွန်းတပ်ပြီး ယောင်တတ်သော သူငယ်ချင်းတစ်ယောက်ရှိခဲ့သည်။ ကျောင်းတုန်းက လက်ဖက်ရည်ဆိုင်ထိုင်တိုင်း သူ့ခါးတို့လို့ ထွက်လာတဲ့ စကားလုံးတွေကြောင့် မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်ရသည်က ကျွန်တော်နဲ့ သူငယ်ချင်းအပေါင်းသင်းတွေပေါ့ ဗျာ။ ဒါနဲ့ သူနှင့်ကျွန်တော် သင်တန်းတစ်ခုကို အတူတူ တက်ဖြစ်ခဲ့တယ်။ မှတ်မှတ်ရရ ထိုသင်တန်းတွင် ရှုတိုင်းယဉ်၊ ဆင်တိုင်းလှ၊ ရှု့လို့မ၀ တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့မိတယ်။ ထို မြန်မာဆန်လွန်းလှတဲ့ အိနြေ္ဒရှင် ပျိုဖြူချောလေးကို ရှိတ်ဖေါ်အဖြစ် ဖိတ်ခေါ်ချင်ကျတာက ကျွန်တော်ပါ။ စိတ်ကူးနဲ့ကြူး ရူးရတာလည်း ခဏခဏပေါ့။ စကားစမြည်ဖို့ အခွင့်အရေးကို ချောင်းမြှောင်းနေရတာကလည်း အမောသား။ အပြုံးခြင်းစုံ နှလုံးခြင်းခုန်၊ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်းစကားပြောနေမိတာကတော့ အမှန်ပါ။
ဒါနဲ့တစ်ရက် သင်တန်းကိုလာတဲ့ ထိုကောင်မလေး စက်ဘီး Stand မှာ သူ့စက်ဘီးလေးကို ရပ်ပြီးစီနေပါတယ်။ သင်တန်းအရှေ့မှာ လူရယ်ဆိုလို့ ကျွန်တော်ရယ်၊ သူ့ဆိုင်ကယ်ကို ဟိုပွတ် ဒီပွတ် ဖုန်သုတ်ပြီး တသသယုယနေတဲ့ မလှမ်းမကမ်းက ထိုသူငယ်ချင်းရယ်၊ အဲ့ဒီ ကောင်မလေးရယ် တခြားကျောင်းသူကျောင်းသားသုံးလေးယောက်လောက်တော့ ရှိနေခဲ့တယ်။ ဖြစ်ချင်တော့ ကောင်မလေးသူ့စက်ဘီးကိုစီနေခိုက် ဘာကိုဘာနဲ့ညှိပြီး စက်ဘီးတွေ ၁၀ စီးလောက် ၀ုန်းကနဲ လှဲသွားခဲ့တယ်။ ထို “၀ုန်း” ကနဲ အသံကြောင့် ထိုကောင်မလေးနဲ့ ၂ ပေအကွာလောက်မှာ ရှိတဲ့ ဟိုကောင်အကျယ်ကြီးယောင်လိုက်တာက “xxxx ပြဲမ” ဆိုတဲ့ သူ့ယောင်နေကျအတိုင်း မိန်းမလိင်အင်္ဂါကိုထည့်ပြီး ယောင်လိုက်တာပါပဲဗျာ။ ကျွန်တော်လည်း ဘာရယ်မှမသိ အာစေးပြီး မျက်လုံးအပြူးသားနဲ့ ကြည့်နေမိတယ်။ ဘေးက ထိုသင်တန်းသူသင်တန်းသားတွေက ထိုဆဲသံကြောင့် တအံ့တသြဖြစ်နေမိတယ်။ ထို ကောင်မလေးကတော့ တစ်ချိုးတည်း ရှက်ရှက်နဲ့ ခေါင်းကို ငုံ့ပြီး
သင်တန်းထဲ ပြေးဝင်သွားပါတော့တယ်။ ကျွန်တော်လည်း လှဲနေတဲ့ စက်ဘီးတွေကို ပြန်ပြီး သွားစီပေးရသေးတယ်။ ထိုကောင်မလေးကိုတော့ ဘယ်ကနေစပြီး ရှင်းပြရမလဲဆိုတာကို အဖြေရှာခက်လွန်းလို့ ထိုနေ့ညကအိပ်မရဖြစ်ခဲ့တာက ကျွန်တော်။ ဟိုကောင်ကိုတော့ “မင်း ဒီအချိန်ကျမှ အဲ့ဒီလို ယောင်ရလား” လို့ မေးမေးပြီး ထိုးချင်တာက အမှန်ပါ။ သူ့ကို နောက်ရက်များမှာ တွေ့ပေမယ့် ဘယ်ကနေ စပြီးရှင်းပြရမလဲ ဆိုတာထက် ငယ်ရွယ်သူတွေဖြစ်ကြတဲ့ ကျွန်တော်တို့ နှစ်ဦးနှစ်ယောက်စလုံးမျက်နှာချင်းမဆိုင်ရဲတာကတော့ အမှန်ပါ။ ရှက်အားကြီးလွန်းလှတဲ့ ထိုအိနြေ္ဒရှင်မိန်းကလေးလည်း ကျွန်တော့်ကိုပါ မျက်နှာချင်းမဆိုင်တော့။ ကျွန်တော်လည်း သူ့ကို ဘယ်လိုရှင်းပြ ရမလဲဗျာ။ ဒီစာရေးနေခိုက်မှာတော့ ငယ်ကျွမ်းဆွေတစ်ယောက်အနေနဲ့ အလွမ်းတွေဝေနေမိတာကတော့ အမှန်ပါ။

ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ်

ကိုတိုး

5 comments:

sisain said...

ဟဟားဟား- နီကိုရဲ ထက်အောင်ဆိုးနေပါလား ကိုတိုးရယ်-ဟဟား
အာစေးပြီးမျက်လုံးအပြူးသားနဲ့ကြည့်နေတယ် ဆိုတာနဲ့ `-- သူ့ကိုဘယ်သူရှင်းပြမလဲဗျာ-´ ဆိုတဲ့စကားလေးကိုတော့ ကြိုက်တယ်ဗျ။ ကျနော်သာဆို ၀ါးလုံးကွဲရယ်မိမှာဗျ- ဟဟားဟား

Anonymous said...

ကိုတိုးရဲ့ ဘ၀ဇာတ်လမ်းတွေကတော့ အမိုက်ဆုံးပါပဲ။ ရယ်လည်းရတာလည်း အူတက်မတတ်ပဲ။

Anonymous said...

ဟား ဟား ဟား အရမ်း ရီရတယ်ဗျို့.. ကိုတိုး လွှဲတတ်တယ် ဆိုတာတော့ ယုံပါတယ် ကျနော်တောင် မမရဲ့ အလှနဲ့ လျှာ ပျောက်သွား တာ ဖတ်ဖတ်မိ ခြင်း လန့်သွားသေး တယ်. :)
Tesla

MYO HAN HTUN said...

ဟိုတစ်ချိန် မန္တလေးမှာနေတုန်းက ဟာသများ၊ ပတ်ဝန်းကျင်မှ တကယ့်အဖြစ်လေးများ နှင့် ကျောင်းတုန်းက ဟာသလေးတွေကို အချိန်ရလို့ကတော့
ဆက်လက်ရေးသားသွားပါ့မယ်။ ဒါပေမယ့် ဆဲဆိုသံများ၊ ထိုနည်းပါး သုံးထားသောစကားလုံးများ နှင့်
နည်းနည်း ပေါက်ကရသုံးထားသော စကားလုံးများ ပါရှိလာမည်ဖြစ်ပါသဖြင့် စာဖတ်သူများအနေနဲ့ ခွင့်လွတ်ပေးပါရန်။ ဟိုအပေါ်က Annoymous ရဲ့ Comment
လို အူတက်မတတ် မရီတောင်မှ စာဖတ်ပြီး ပြုံးပြုံးပျော်ပျော် ဖြစ်ရင် ရေးရကျိုးနပ်ပါပြီ။

ကိုတိုး

Chan Mya Soe said...

ဒါမျိုးတွေလည်ဖြစ်တတ်ပါတယ် ... ဘာလို့လဲဆိုတော့ ရှင်းပြဖို့တော့ တော်တော်ခက်လိမ့်မယ် :P