Dec 3, 2006

အရူးတစ်ပိုင်းကြီး

ရင်ကိုအေးမျှစေတဲ့
အချစ်တွေ ကို
မီးတိုက်ခဲ့တဲ့ မင်းအမုန်းတွေဟာ
ပူပြင်းမှု့တစ်ခုနဲ့
နှလုံးသားကို ပြာကျမတတ်
လောင်ကျွမ်းခဲ့ ပြီလေ
ဒါကို ငါကအချစ်ရယ် လို့
ရူးရုးမူမူး သတ်မှတ်နေတုန်း

ကဲပါလေ
ပူပါစေ ပြာကျပါစေ
မင်းကိုတော့
ရူးရူးမူးမူး ချစ်နေဆဲပါ။

ကိုတိုး

2 comments:

Chan Mya Soe said...

ဂွတ်တယ်ဗျာ ... အချစ်ကြီးတယ်လို့ပြောရမှာပေါ့နော်

Anonymous said...

ဟိုမရောက်ဒီမရောက်၊သူစိတ်ဖောက်
အရူးမီးဝိုင်းတပြိုင်းပြိုင်း
နောက်ဆုံးတော့လည်းသူ့တယောက်တည်း
အဖတ်ဆည်ကာ....
ကတုံးကြီး၊ဘုန်းကြီးဝတ်လိုတ်ပါ။