Mar 31, 2007

ငါ .. လွမ်းလို့ပါ .. ရမ်ခမ်ဟန် ရယ်



ရမ်ခမ်ဟန် . . ရယ်

စနေနဲ့တနင်္ဂနွေကို
မင်းက လွမ်းရက်တွေအဖြစ်
သတ်မှတ် ပေးတော့မှာလား .. ရမ်ခမ်ဟန် ..

ငါ မင်းရဲ့ ရင်ခွင်ထဲမှာ
လျှောက်နေပေမဲ့
ရင်ထဲမှာ ဟာနေသလိုပါပဲ .. ရမ်ခမ်ဟန် ရယ် ..

ဟို ..........
ယိုယို့ .. နင် .. ယိုယို့ ဆောင် .. တို့
ပိုက်လုံးကိုင် အဖွဲ့ရဲ့ အော်သံတွေက
ငါ့ကို လှောင်ပြောင်နေတဲ့ အတိုင်း
ငါခံစားရပါတယ် .. ရမ်ခမ်ဟန် ရယ်..

ရမ်ခမ်ဟန် ..
ငါ့ ကို အေးမျှတဲ့ မင်းရင်ခွင်ထဲမှာ
စနေနဲ့တနင်္ဂနွေနေ့တိုင်း
ဆုံနိုင်ခွင့်တွေ အမြဲပေးပါ .. ရမ်ခမ်ဟန် ..

ငါ လွမ်းလို့ပါ .. ရမ်ခမ်ဟန် ရယ် ..

ကိုတိုး

Mar 29, 2007

အကြွေး (သို့မဟုတ်) ဆယ်နှစ် .. ဆယ်နှစ် .. ဆယ်နှစ်


“သေနတ်ပစ်တယ်ဆိုတာ ဒီလက်ညှိုးလေးကွေးတတ်ရတယ် .. ဒီလက်ညှိုးလေး ကွေးတတ်ဖို့အတွက် .. ဆယ်နှစ် .. ဆယ်နှစ် .. ဆယ်နှစ် သွားသင် .. ပြီးရင် ငါ့ဆီပြန်လာခဲ့ ............. ဒိုင်း .. ဟား ဟား ဟား ဟား .. .. .. ဒိုင်း .. ဟား ဟား ဟား ဟား .. .. .. ဒိုင်း .. ဟား ဟား ဟား ဟား .. ”

ဦးကျော်ဟိန်း .. အကြွေးဇတ်ကားမှ

ဘာရယ်မှ မဟုတ်ပါ .. ပညာတစ်ခုရဖို့အတွက်နဲ့ ထိုပညာရဲ့အတွေ့အကြုံရဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံဖို့လိုတယ်ဆိုတာလေးကို တွေးရင်း .. ဦးကျော်ဟိန်းရဲ့ စကားကိုပြန်ပြောင်းသတိရခြင်းပါ။

အိုင်တီနယ်မှာလုပ်နေတဲ့ လူတွေဆိုရင် ထွက်သမျှအသစ်အဆန်း နည်းပညာများ၊ ဆော့ဝဲလ်များ နဲ့ ဘာသာရပ်တွေကို နှစ်စဉ်နှစ်တိုင်း ပိုလို့တောင် လေ့လာရလိမ့်မယ်။ တစ်ချို့လည်းရှိပါတယ် ... ကိုယ်သွားနေတဲ့လိုင်းပေါ်က ပညာသစ်တစ်ခုကို မလေ့လာသေးပဲ “ငြီးငွေ့တယ်” တို့ “ပြင်းစရာကြီး” တို့ ဆိုတဲ့ ဝေါဟာရတွေကို ပြောတတ်ကြပါတယ်။ ဒါပေမယ့် သိထားတော့ ပိုကောင်းတာပေါ့။ မလေ့လာပဲနဲ့နေရင်လည်း .. အသုံးလိုတော့မှ ထလေ့လာခဲ့ရင် သူများထက် နောက်ကျသွားတတ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာကတော့ .. ကိုယ်အသုံးကျမည့် ဆော့ဝဲလ်တွေတို့ ဘာသာရပ်တွေကို အကြွေးမထားတာပဲ လေ့လာလိုက်စားတာ ကောင်းပါတယ်။


ကိုတိုး

Mar 27, 2007

ပရိတ်ကြီး ၁၁ သုတ် နှင့် ဆဲဗန်းအလဲဗန်း


မနေ့က အလုပ်က ထိုင်းမလေးတစ်ယောက် ဖခင်ဆုံးလို့ အသုဘရှု့သွားခဲ့တယ်။ ဟိုလည်းရောက်ပြီးခဏကြာတော့ ထိုင်းဘုန်းတော်ကြီးများက ရွတ်ဖတ်ကြပါတယ်။

ဒါနဲ့ .. ဘေးက ထိုင်းမလေးကို “ဘုန်းကြီးတွေ ဘာရွတ်နေသလဲဆိုတာ နင်သိသလား” လို့မေးတော့
သူက “တစ်ချို့သာသိပြီး တစ်ချို့ကို မသိကြောင်း” ပြန်ပြောပါတယ်။

နောက်တော့ ပရိတ်ကြီး ၁၁ သုတ်အကျဉ်းကို ရွတ်နေချိန်တွင် မောင်ကိုတိုးက ထပ်၍မေးခွန်းထုတ်ပါတယ် ..
“အခု ဘုန်းကြီးတွေ ဘာရွတ်နေသလဲဆိုတာရော သိသလား” လို့မေးတော့
“သူက မသိကြောင်း” ပေါ့။

ဒါနဲ့ပဲ ကျွန်တော်က “အခု ပရိတ်ကြီး ၁၁ သုတ်ရွတ်နေကြောင်း” ကိုပြောတော့ .......... ဟိုး .. တစ်ယောက်ကျော်က ထိုင်းမလေးက နားစွန်နားဖျားကြားပြီး “ကိုတိုး ဒီနေရာနားမှာ ဆဲဗန်းအလဲဗန်း ဆိုင်မရှိဘူးလို့” လှမ်းဖြေလိုက်တယ်။ သူ့အပြောကြောင့် ရယ်မိကြပေမယ့် အသုဘမှာလည်းဖြစ် ဘေးက တစ်ယောက်နှစ်ယောက်က ကြည့်နေလို့လည်းဖြစ် .. ရယ်ချင်စိတ်ကို မနည်း ပါးစပ်ကြီးပိတ်ပြီး ထိမ်းထားပေကြမယ့် စပ်ဖြီးဖြီးဖြစ်နေတဲ့ ကျွန်တော်တို့အမူအရာတွေကိုတော့ ပုန်းကွယ်လို့မရတာ မြင်တဲ့လူတိုင်း သိမှာပါ။

သူလည်း ၁၁ ပါတာနဲ့ နားစွန်နားဖျားကြားပြီး ...

ကိုတိုး

Mar 26, 2007

Ghost


ရုံးက လူကြီးတစ်ယောက်က ကျွန်တော့်အခန်းပေါက်ရောက်လာပြီး

“မင်း Ghost နဲ့ပတ်သက်လို့ Experience ရှိလား” ဆိုတဲ့မေးခွန်းနောက်မှာ ..

ဒီက မောင်ကိုတိုးကလည်း “ရှိပါတယ်” ပေါ့။

သူ Ghost နဲ့ပတ်သက်လို့ ထပ်မေးရင်တော့ ... ကျွန်တော် သရဲခြောက်ခံရတဲ့ အကြောင်းတွေ တလှေကြီးပြောမယ်လို့ စဉ်းစားနေတုန်း

“ငါ့ ကွန်ပျူတာက Data တွေအားလုံးကို OS နဲ့ Software အသစ်မတင်ခင် Ghost သုံးပြီး Backup လုပ်ချင်တယ်” လို့ သူကဆိုတော့မှ ..

“ရပါတယ် ကျွန်တော် သိပါတယ် လုပ်တတ်ပါတယ်လို့” ချော်လဲရောထိုင် ဖြေလိုက်ရတယ်။

တော်သေးတာပေါ့ .. တကယ့် Ghost နဲ့ Norton Ghost Software နဲ့ မှားမသွားလို့ .. ဟီး ..

ကိုတိုး