Dec 6, 2007

ကွက်လပ်တွေနဲ့ အချစ်



ကွက်လပ်တွေနဲ့ အချစ်

မမရယ် ..
ကမ်းလက်မရှိတော့တဲ့
ဒီဘ၀မှာ
အလင်းတန်းမဲ့ ပုံရိပ်တွေကို
လွမ်းဆွေးနေရတဲ့
ကျွန်တော့်ရဲ့အဖြစ်တွေရော
အဝေးတစ်နေရာက မမ
သိနေမှာလား

မမရယ် ..
နိုးတစ်ဝက်အိမ်မက်တွေထဲမှာ
လှပတဲ့ ပုံရိပ်တွေကြောင့်
ရူးသွပ်သွားတဲ့ ကျွန်တော့်ကိုရော
မမ နားလည်ပေးမှာလား

မမရယ် ..
ဒီတစ်သက်မှာ
အချစ်တွေနဲ့ပေးဆပ်မယ့်
ကျွန်တော့်နှလုံးသားကို
အေးစက်နေတဲ့ နှလုံးသားနဲ့
ကွက်လပ်တွေကို အပြစ်ရှာကာ
မုန်းမေ့နေတော့မှာလား

ကိုတိုး

3 comments:

MELODYMAUNG said...

ကွက်လပ်ဖြည့်ပါ (ဆံပင်ပေါက်ဆေး ကြော်ငြာ) :P

MYO HAN HTUN said...

ဆံပင်ပေါက်ဆေးတော့ မသိဘူး .. လမင်းဆေးကို သောက်ပျောက်ပဲ ..

ဂျစ်တူး - gyit_tu said...

အမယ် ကိုတိုးကြီးကလည်း အလွမ်းနှလုံးသားကြီးနဲ့ပါလားး)