Oct 4, 2007

ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေး

ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေး

ရင်ထဲကစကား
သူ့နားမှာ မခါးရအောင်
စာလေးတွေက ဆင့်ဆိုလို့
ဖွင့်ဆိုတဲ့
ငါ့ရင်ခွင်ကို သူ မမြင်ရင်လည်း
ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေးက
“သူ့ကို သက်သေခေါ်ပါ” တဲ့

ငါ့အသည်းတွေ
ကွဲကြေပါလေပြီ
လေရူးတွေမြူး
စိတ်ကူးတွေ လှိုင်းကြမ်းလို့လူးတဲ့အလား
ထိုင်ကာဆွေး
ငိုင်ကာ ငေးနေရတဲ့ ငါ့အဖြစ်ကို
ရမ်ခမ်ဟန် ရဲ့ လမ်းဟောင်းလေးက
“တစ်နေ့တော့ သူပြန်လာမှာပါ” တဲ့

ကိုတိုး

ဒါကတော့ ရမ်ခမ်ဟန် အားကစားကွင်းထဲက ကျွန်တော် သွားထိုင်နေကြ ကျောက်တုန်းလေးပေါ်မှာ အလွမ်းတွေပိုမိရင်း ရေးစပ်ခဲ့တဲ့ ကဗျာလေးတစ်ခုပါ။

2 comments:

Winmay said...

I also miss Ramkhumhaeng especially Baht199 market stall in front of the shopping malls.

MYO HAN HTUN said...

@ winmay

အင်း Baht 199 Market တော့ရှိတယ် .. ဒါပေမယ့် .. 911 ဈေးတော့ Ramkhanhaeng နားမှာ မရှိဘူး .. ဟီး .. :P