Jul 11, 2007

A Portrait on Adobe Illustrator (1)


ဒီပုံဟာ ကျွန်တော့်ရဲ့ ပထမဦးဆုံး Adobe Illustrator ပေါ်မှာ ဆွဲခြင်းဖြစ်ပါတယ်။ Coreldraw သာသင်ခဲ့တဲ့ ကျွန်တော်ဟာ Vector Software တွေမှာ Web Design, Artistic Design များနဲ့ Logo Design တွေကိုသာ အသုံးတဲ့ခဲ့တယ်။ ဒါပေမယ့် ဟိုးတလောထဲက ကမ္ဘာအရပ်ရပ်က Illustration ပုံတူတွေကိုကြည့်ပြီး အားကြရာမှ ရေးဆွဲခဲ့ခြင်းပါ။ မူရင်းပုံကတော့ ရင်သားတွေဖေါ်ပြထားလို့ နှိုင်းယှဉ်မပေးတော့ပါဘူး။

Adobe Illustrator Version 10 တစ်ခုတည်းကိုသာ သုံးထားပါတယ်။ အဲဒီထဲမှာပါတဲ့ ဖွာထွက်နေတဲ့ Tone တစ်ချို့ဟာ Blur Effect မှ Guassian Blur ကိုသာသုံးထားပြီး ကောက်ကြောင်းတွေ အားလုံးကတော့ Pen Tool ကိုပဲသုံးထားပါတယ်။ အသောမသတ်အထပ်ထပ်ကွန့်တတ်တဲ့ ကျွန်တော်ဟာ ပုံတွေကို ချက်ခြင်းမတင်တတ်ပါဘူး။ အနည်းဆုံး လ ချီပြီး ပြန်ပြန်သလေ့ရှိပါတယ်။ တစ်ချို့ဆိုရင် တစ်နှစ်လောက်ကျော်ထိ ပြင်လိုက် တို့လိုက်နဲ့ တယုတယ ယုယုယယ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီပုံကိုတော့ ပြီးပြီးချင်း တင်လိုက်တယ်။

ဒီရက်ပိုင်းတွေမှာ ဆန္ဒနှစ်ခုကြားမှာ လွန်ဆွဲနေခြင်းကြောင့် စိတ်အရမ်းကို ပင်ပန်းနေပါတယ်။ ဒါပေမယ့် .. အခုလို Design လေးတွေလုပ်၊ ပန်းချီလေးတွေဆွဲ၊ ကဗျာလေးတွေရေး၊ လူများတွေပျော်စေခြင်းအလို့ငှာ ဟာသလေးတွေပြောပြရင်း ဘ၀အမောတွေကို ဖြေဖျောက်ရတာ အရသာတစ်မျိုးပါ။

Sexy Naughty Bitchy Wallpaper (Res: 1024 x 768, Size: 521 Kb)

ကိုတိုး

8 comments:

Anonymous said...

မိုက်တယ်ဗျာ သဘောကျတယ်ဗျိုးးးးးးး။ ဆိုဒ်အကြီးလေးတင်ပေးပါလား ကိုတိုး ဟီးးလောဘကြီးတာ။ သဘောအကျဆုံးက မျက်နှာနားလေးတစ်ခိုပဲ
နောက်တစ်ခုက ©2007 ကိုခပ်ပါးပါးနဲ့ပဲထားတာလဲ အတော်သဘောကျတယ်။ တစ်ခါတစ်လေကျရင် ကော်ပီရိုက်ထားတာနဲ့ ဘာမှကိုခံစားလို့မရတော့တာ။ လနဲ့အချိန်ယူပြီးလုပ်တတ်တယ်ဆိုတာကိုလဲ ကျွန်တော်တော်တော်သင်ယူရဦးမယ်။

Chan Mya Soe said...

မိုက်တယ်ဗျို့ :)

MYO HAN HTUN said...

@ Tee
ကျေးဇူးတင်ပါတယ် .. Size အကြီးကို Wallpaper လုပ်ပြီး Link ထည့်ပေးထားလိုက်ပါတယ်။ Download လည်းရသွားပါပြီ။

@ CMS
ဟ .. မိုက်နေတော့တာပါပဲ။ :D

sisain said...

ကွန်ဂရက်ကျူရေးရှင်းစ် ကိုတိုး- တကယ် ပင်ပင်ပန်းပန်း ဆွဲထားတယ်ဆိုတာ သိပါတယ်။ တော်ရုံဆွဲဖို့ အင်မတန်ခက်တဲ့ ကိစ္စပါ။

ခွန်မြလှိုင် said...

I am visiting your blog and personal artistic blog too. Are you in Bangkok? I didn't see C-Box to greet you that I just greet you here. Your blog is so nice by resourceful IT articles. Cheers!!!

MYO HAN HTUN said...

@ Khunmyahlaing
ကျေးဇူးပါ ခင်ဗျာ .. C-Box မှာ လာလာဆဲတတ်ကြတဲ့သူတွေရှိလို့ ဖြုတ်ထားခြင်းပါ။ Khunmyahlaing ရဲ့ ထိုင်းနိုင်ငံအကြောင်းလေးကို ပြည့်ပြည့်စုံစုံရေးထားတဲ့ Blog ကိုလည်း သဘောကျမိပါတယ်။ ကျွန်တော် Bangkok ကပါ။ :)

SuN said...

she looks Burmese.. haha

imaginary clouds no 2 said...

ဒီပုံ မိုက်တယ် အကို ။