Jul 6, 2007

ကျွန်တော်တို့ မိသားစု နှင့် ဆွေမျိုးသားချင်း ဟာသများ (၁)


ဟာသဥာဏ်ရွှင်တတ်တဲ့ ကျွန်တော်တို့ မိသားစုနဲ့ ကျွန်တော့် ဦးကြီးတော်များဟာ မိတ်ဆွေအပေါင်းအသင်းများ အတွက်တော့ ဟဒယရွှင်ဆေးများ တိုက်ကြွေးသလိုပေါ့။

ဒီအကြောင်းလေးတွေကတော့ ကျွန်တော်တို့ အိမ်သူအိမ်သား မိသားစုများ နှင့် ဆွေမျိုးသားချင်းတွေ ဗီဒီယို၊ ရုတ်ရှင်များကြည့်ကြရင်း နောက်နောက်ပြောင်ပြောင်ပြောဆိုရာမှ ဖြစ်ပေါ်လာတဲ့ ဟာသလေးတွေပါ။

မြန်မာရုတ်ရှင်နဲ့ ဗီဒီယိုတွေထဲမှာတော့ သိတော်မူကြတဲ့အတိုင်းပေါ့ .. အမေလုပ်တဲ့သူက သမီးလုပ်တဲ့သူကို အတင်းယောင်္ကျားပေးစားခြင်းပါ။ သမီးလုပ်သူက “ဟင့်အင်း .. မေမေ မတရားဘူး .. မေမေ မတရားဘူး .. သမီးသူ့ကို လုံးဝမကြိုက်ဘူး .. ချစ်လို့လဲမရဘူး .. သမီးသူ့ကိုလုံးဝမယူချင်ဘူး” လို့ ငြင်းဆန်ဘူးခံပေမယ့် အမေက “ဟဲ့ .. ငါစီစဉ်တာကို ညီး ငြင်းဖို့ မကြိုးစားနဲ့ .. မောင်(x x x) ဘယ်သူနဲ့ ညီးယူကိုယူရမယ်” ဆိုတာတွေပေါ့ .. ဥပမာပြောရရင် .. ခင်သန်းနုပါဝင်သရုပ်ဆောင်တဲ့ .. နွားတစ်ထောင် ဆိုတဲ့ .. ဇာတ်ကားထဲမှာလိုပေါ့ .. အမေလုပ်တဲ့သူတွေက သမီးလုပ်တဲ့သူတွေအတွက် အတင်းယောင်္ကျားပေးစားတဲ့ ဇာတ်ဝင်ခန်းတွေပါ။

ထိုဇာတ်လမ်းမျိုးတွေ ထိုအခန်းမျိုးတွေ ကြုံတိုင်း ကျွန်တော့် ဦးကြီးတော် အငယ်ဆုံးနဲ့ ကျွန်တော်တို့တစ်တွေ တစ်ညီတစ်ညွတ်ထဲ အော်ကြတာကတော့ .. “ဟင့်အင်း .. သမီး အဲ့ဒီလူကို လုံးဝမကြိုက်လို့ မယူနိုင်ဘူး .. မေမေကြိုက်ရင် မေမေပဲယူလိုက်” ဆိုတာပါပဲဗျာ .. ကြားရတဲ့သူအပေါင်းကတော့ မပြုံးပဲ ၀ါးလုံးကွဲအောင် ရယ်ရတာပေါ့။

ကိုတိုး

1 comment:

Ko Nay Gyi said...

မေမေကြိုက်ရင် ကိုတိုးနဲ့ ပေးစားလိုက်...။ :P