Jun 10, 2007

ကလေးမွေးတိုင်း ဘေဘီဘိုက်တာနဲ့ ကိုတိုးကို သတိရပါ


“ကလေးမွေးတိုင်း ဘေဘီဘိုက်တာကို သတိရပါ” ဆိုတဲ့ ဟိုးအရင်က မြန်မာရုပ်မြင်သံကြားက ဘေဘီဘိုက်တာ ကလေးအားတိုးဆေး ကြော်ငြာလေးကို သိကြမှာပါ။ မောင်ကိုတိုးတစ်ယောက် ဒီလိုရေးလိုက်တာ တခြားတော့ မဟုတ်ပါဘူး။ ကျောင်းနောက်ဆုံးနှစ်က သူငယ်ချင်းတွေ ခွဲခွာရတော့မှာမို့ တစ်ယောက်နဲ့တစ်ယောက် အမှတ်တရစာလေးတွေရေးပေးကြတော့ ကိုတိုးတစ်ယောက် လာရေးခိုင်းတဲ့ ကောင်မလေးတွေအားလုံးကို “ကလေးမွေးတိုင်း ဘေဘီဘိုက်တာကို သတိရပါ” ဆိုတဲ့ စာလေးတစ်ကြောင်းကို ရေးပေးခဲ့ပါတယ်။ သူတို့တစ်တွေဘယ်နေရာတွေရောက်လို့ ဘယ်လိုနေကြတယ်ဆိုတာကို နိုင်ငံခြားမှာနေတဲ့ ကျွန်တော်တစ်ယောက် မသိပေမယ့် သူတို့တွေ ကလေးတွေမွေးတိုင်း ကျွန်တော့် စစနောက်နောက်ရေးပေးလိုက်တဲ့စာသားလေးနဲ့ ကျွန်တော့်ကို သတိရနေမှာပါ။

ကိုတိုး

3 comments:

Anonymous said...

ဘယ်တွေပျောက် ကိုတိုး စာတွေမတက်လာတာတောင်ကြာပေါ့။ အလုပ်ရှုပ်နေတယ်ထင်တယ်။ အသစ်တင်မလားဆိုပြီး ခဏခဏတော့လာကြည့်တယ်
ဒီနေ့တော့ မှန်သွားပြီဗျို့။ ပြီးခဲ့တယ့် လလောက်ကတည်းက ပို့စ်တော်တော် အတင်နဲသွားသလိုပဲ။
ကိုတိုးသူငယ်ချင်းတွေလဲ ခုလောက်ဆို သူတို့ကလေးတွေနဲ့ နပမ်းလုံးနေရလို့ ဘေဘီဖိုက်တာတွေ ဖြစ်နေပြီထင်တယ် :D

MYO HAN HTUN said...

အလုပ်ရှုပ်ချက်ကတော့ ကမ်းကုန်တော့တာပါပဲ။ ကွန်ပျူတာဆေးရုံရောက်နေတာလဲပါပါတယ် .. ဒီနေ့ပဲ ချစ်ရတဲ့ ကွန်ပျူတာလေး ဆေးရုံကနေ အိမ်ပြန်ရောက်လာလို့ ပြန်လည်တပ်ဆင်ပြီး ဒီ Post လေးကို ရေးလိုက်ရတာပါ။ လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

Chan Mya Soe said...

ိဟိုက် ကိုတိုး ပေါ်လာသေးတယ်နော်
တောများ ခိုသွားပြီလားလို့ :P