လေစိုစို တိမ်တွေငို
လေစိုစို တိမ်တွေငို
လေစိုစို တိမ်တွေငိုပါလို့
လွှင့်နေတဲ့ ငါ့စိတ်တွေကို
ဘယ်သူ ကူလို့ပဲ့ကိုင်ပါ့မလဲ
အလွမ်းတွေအမြဲဝေနေတဲ့
ငါ့အချိန်တွေကိုရော
ဘယ်သူလာလို့ ခူးပါ့မလဲ
စိတ်ကူးနဲ့ရူး
မထူးတော့ပါဘူးဆိုပြီး
ဘ၀တစ်ခုလုံးကို
ပျင်းရိစွာနဲ့ ဆုပ်ကိုင်ထားလေရဲ့
ကိုတိုး
4 comments:
ကိုတိုးရေ ၀င်လာရင်းနဲ့ ကော့မက်ချထားခဲ့တယ်။ ကိုတိုးဆိုဒ်ကိုတော့ မကြာမကြာရောက်ဖြစ်ပါတယ်။
ကိုတိုး၊ ပြစ်မျိုးမှဲ့ မထင်တဲ့ ကဗျာကောင်းတစ်ပုဒ်ပါ။
ကိုတိုးရေ...
မေလ မှာပျောက်ချက်သား ကောင်းနေလို့  လာအော်သွားပါတယ်။
ရဲလွင်ဦးရေ ..
ဖေဖ၀ါရီထဲက အလုပ်တွေရှုပ်လိုက်တာ .. အခုထိပါပဲ .. ဘယ်လောက်အလုပ်များသလဲဆိုတာကတော့ ကိုဖြိုးအသိဆုံးပါ။ အားတဲ့ အချိန်ဆိုတာ ဘာမှန်းတောင်မသိတော့ဘူး။ စနေတနင်္ဂနွေဆိုတာ နားရက်လားလို့ ကိုယ့်ကိုယ်ကိုပြန်မေးနေရတယ်။
ကိုတိုး
Post a Comment