ကျွန်တော်နှင့်သူငယ်ချင်းများ (၆)
သင်္ကြန်မလည်တာ ယခုနှစ်နဲ့ဆိုရင် ၁၀ နှစ်တိတိတောင်ရှိသွားပေမယ့် ဟိုးအရင် ကျောင်းသားလူငယ်ဘ၀က ဖြစ်ကြောင်းရယ်မှ ကုန်စဉ်လေးတွေကိုတော့ စီကာပတ်ကုံးစာစီကုံးလို့ရေးရမယ် ဆိုရင်ဖြင့် ..
ကျွန်တော် ၉ တန်း နဲ့ ၁၀ တန်းနှစ် ကျောင်းပြီးခါစ လောက်ကပေါ့ ..
မျောက်ရှုံးအောင် သောင်းကျန်းလှတဲ့ သူငယ်ချင်းတွေနဲ့ သင်္ကြန်လည်ခဲ့ဖူးတယ်။ ပေါက်ကရကောင်လေးတွေလို့ ဆိုစမှတ်ပြုလည်း ဆိုရလောက်ပါပေတယ် ..
သူငယ်ချင်းတွေရဲ့ အဖေတွေ အမေတွေက အားလုံးကို ထိမ်းသိမ်းပေးဖို့အမြဲ အမှာစကားများပြောကြားတိုင်း အမြဲနားထောင်ရသူက တခြားဘယ်သူမှ မဟုတ်ပါဘူး .. ကျွန်တော်မောင်ကိုတိုးပါပဲ ဗျာ .. သူတို့လည်တာကလည်း ကမ်းကုန်လောက်ပါတယ် .. သင်္ကြန်စကတည်းက နှစ်ဆန်းတစ်ရက်နေ့အထိ လည်တယ် .. ညလည်း လည်တယ် .. တော်ပါတော့ကို ပြောယူရအောင်လည်း လည်တယ် ..
အဲ .. ညရောက်ရင်တော့ သူငယ်ချင်းအိမ်က ပလပ်စတစ်ပေပါ နှစ်ပိုင်းကို ကားပေါ်တင်ပြီး ရေခဲတုန်းထည့် တွေ့ရာလူပတ် .. ပျိုပျိုအိုအို ကလေးလူကြီး လမ်းတွေ့တာ
အကုန်ပက် ..
ဖြစ်ချင်တော့ ညလည်စာအဖြစ် မန္တလေးက ကီးမားတင်ဝင်းဆိုတဲ့ အလင်းဆိုင် (မှတ်ချက် .. အလင်းဆိုင် ဆိုသည်မှာ ညလုံးပေါက်ဖွင့်တဲ့ စားသောက်ဆိုင်လို့ ဆိုလိုပါတယ်) မှာ စားရင်း ရေ၀င်ဖြည့်လေ့ရှိတယ်။ သင်္ကြန်ရက်တိုင်းလိုလိုမှာ မန္တလေးမီတာရေလိုင်းက လာတဲ့ ရေဟာ ကလေးသေးပေါက်သလောက်သာသာ သာရှိမယ် ထင်ပါတယ် .. တစ်ခါတလေ အဲဒီ ကီးမားတင်ဝင်း လက်ဘက်ရည်ဆိုင် ရောက်ရောက်ချင်းကို သူတို့ ပန်းကန်ဆေးတဲ့ နေရာနားက ပိုက်မှာ ရေ၀င်ခံထားရင်ကို စားပြီးသောက်ပြီးတဲ့ ထိ တော်တော်နဲ့ကို ရေမပြည့်ဘူး ..
ဒါနဲ့ တစ်ရက်မှာ ...သူငယ်ချင်းတစ်ယောက်က ဘာမပြော ညာမပြောနဲ့ သူတို့ ခံထားတဲ့ ရေကို ဒန်ကန်လိုက် မလာပြီးဖြည့်တော့တာပါပဲ။ ထင်တော့ထင်သားပဲ .. ရေတွေက ဆီတွေဝေ့နေပြီး မဆလာနံ့တွေ ဒံပေါက်နံ့တွေသင်းလို့နေတော့ ပန်ကန်းဆေးတဲ့ ရေပဲဖြစ်ရမယ်လို့။ နောက် ဓါတ်မီးနဲ့ထိုးကြည့်တော့မှ ဆီတွေဝေ့နေတဲ့ နောက်ဆုံးရေကျန် ဆေးတဲ့ ရေပဲဖြစ်ရမယ်လို့။ မထူးတော့ပါဘူး ဆိုပြီး ညမှာ တွေ့သမျှ အကုန်ပက်တယ် .. ပက်တိုင်းလည်း ဒံပေါက်နံ့တွေ မဆလာနံ့တွေက သင်းလို့နေတယ် .. မန္တလေးမြို့ကတော့ သိတော်မူကြတဲ့အတိုင်းပါပဲ .. လမ်းဘေးဝယ်ယာမှာ တစ်ချို့ အငှားယာဉ်ပိုင်ရှင်တွေက ယာဉ်နောက်ပိုင်းမှာ ခြင်ထောင် ထောင်လို့ အိပ်တတ်ကြတယ်။ သူငယ်ချင်းတွေကလည်း ဆိုးမှဆိုး .. ထိုအိပ်နေတဲ့ လူတွေလည်း အငြိမ်မနေရဘူး .. ကားနဲ့ဖြတ်သွားတဲ့ အချိန် ပုံးနဲ့ပါသိပ်တော့ တာပါပဲ .. တစ်ချို့လည်း .. မအေညီမ မိုးမွှန်အောင်ကို ဆဲဆိုပြီးကျန်နေခဲ့ကြတယ် ..
ထိမ်းမရတဲ့ သူငယ်ချင်းတွေအတွက်တော့ စိတ်ပျက်မိသူက ကျွန်တော်ပါ .. ဒါပေမယ့် သူတို့တွေ ရေပက်ပြီးတိုင်း တ၀ါးဝါး တဟားဟားနဲ့ ရယ်ကြရင်လည်း လိုက်ရယ်တတ်သူက ကျွန်တော်ပါပဲ ..
မစားရ အညှော်ခံ ဒံပေါက်ရနံ့ကတော့ သင်းမှာ အမှန်ပါပဲ ..

အားလုံးခွင့်လွှတ်နားလည်း နိုင်ကြပါစေ
ကိုတိုး
3 comments:
ဟိဟိ .. ကျွန်တော်တို့လည်း တစ်ခါလုပ်ဖူးတယ် ဒန်ပေါက် နဲ့ အာလူးပဲကွာတယ်။ သင်္ကြန်နားနီးတော့ သူငယ်ချင်းအိမ်ကို ကား သွားယူတယ်။ သူတို့အိမ်မှာက အာလူးကြော် အကြီးအကျယ်လုပ်တယ်။ ကားပေါ်လည်းတက်ပြီး တွေ့တဲ့ရေပုံးဆွဲယူလာတာ။ အာလူးပြုတ်ရည်တွေဖြစ်နေတယ်။ တတ်နိုင်ဘူးဆိုပြီး လိုက်ပတ်တော့တာပဲ :P
အာလူးပြုတ်ရနံ့ သင်းသွားတဲ့ သင်္ကြန်ပေါ့ .. ငါ့ညီ ရေ ..
HAPPY MYANMAR NEW YEAR, KO TOE.
Post a Comment