Feb 10, 2007

အချစ်သူရဲပေါ

အချစ်သူရဲပေါ

နှလုံးသားက
အရှုံး ဓါးချက်ကြောင့်
ခေါင်းမဖော်
စိတ်ရော်ကညစ်ပါလို့
မပြုံးနိုင်
အရှုံးအလံကိုင်ကာဆွဲ
အကျွနှ်ပ် တပ်မှူးငယ်
ဒဏ်ရာပြင်းလို့ စာပုလ္လင်ကိုခင်းရပါတယ်
အချစ်စစ်ပွဲ မ၀င်ရဲတော့ကြောင်းပါ
မမဘုရား

ကိုတိုး

2 comments:

Tesla said...

တယ်... ဒီတပ်မှူးငယ် သွေးနဲလှတယ်- ယခုချက်ချင်း ကြိုးတုတ်၍ ခေါ်ထုတ်.. နေမ၀င်ခင် ၀ရင်းတုတ် နဲ့ မတက်မခြင်း ရိုက်ပုတ်ကြလော့..
(နောက်ခံတီးလုံး- နတ်ပွဲများတွင် တီးသော မင်းကြီး မင်းလေး ဆိုင်း)
:P

MYO HAN HTUN said...

ဝါးရင်းတုတ်နဲ့တက်အောင်ရိုက်မယ် ဆိုတော့ လန့်လာတယ်ဗျာ ..