Feb 19, 2007

သူငယ်ချင်းရဲ့ ရဟန်းခံပွဲ သို့တစ်ခေါက်

ဟိုတစ်နေ့က သူငယ်ချင်း ဘန့် ရဲ့ ရဟန်းခံပွဲကို ညီတော် ကိုယ်တော်လေး မျိုးကျော်ထွန်း နဲ့ သွားခဲ့တယ်။ ထိုင်းနိုင်ငံရောက်တာ ၃ နှစ်နီးပါး ရှိပေမယ့် ဘုန်းကြီးကျောင်းကို ၃ ခါလောက်ပဲ ရောက်ခဲ့တယ်။ ၃ ခါလောက်ပဲ ရောက်တယ်ဆိုလို့ ဘာသာတရားမကိုင်းရှိုင်းဘူးလို့တော့ မထင်လိုက်ပါနဲ့ ဗျာ။
မနက် ၇ နာရီကျော်လောက် က Taxi စီးသွားလိုက်တာ ၈ နာရီကျော်ကျော်လောက်မှ ရောက်တယ်။ ဘုန်းကြီးကျောင်းကတော့ မြဘုရားနားက ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းပါ။ စ၀င်ကတည်းက ကျောင်းပရ၀ဏ်အတွင်းက ထိုင်း သုခုမ အနုပညာ လက်ရာတွေကို ငေးရတာ အမောသားပါ။ ကျောင်းအတွင်းမှာတော့ ကိုယ့်ထက် ဦးအောင်ရောက်နေတဲ့ သူငယ်ချင်းတွေ စုံလို့ပါပဲ။ ခဏနေတော့ ဘုန်းကြီး ဘန့် သင်္ကန်းမစီးမှီ ဖိုးသူတော်လို အဖြူရောင် သင်္ကန်းပတ်ပြီး ထွက်လာပါတယ်။ ပွဲလာ ဆွေမျိုးညာတိ မိတ်သင်္ဂဟ အပေါင်းတို့ကလည်း ဘုန်ကြီး ဘန့် နဲ့ ဓါတ်ပုံတွေ ရိုက်ကြပေါ့။ ဒါပေမယ့်လည်း အသွင်မတူ အနေထိုင်မတူ စကားမတူတဲ့ ကျွန်တော်တို့ ညီအကို နှစ်ယောက်ကိုတော့ တိုင်းတပါးသားတွေလို့ လူတွေက ရိတ်မိနေတာကိုတော့ သိပါတယ်။ နောက်တော့လည်း ဘုန်းကြီး ဘန့်ကပဲ “မြန်မာပြည်မှ သူငယ်ချင်းများ”လို့ အားလုံးနဲ့ မိတ်ဆက်ပေးပါတယ်။ ပြီးတာနဲ့ ကျောင်းကို ပတ် ဘုရားကျောင်းဆောင် အတွင်းမှာ ရွတ်ဖတ်ပြီး သင်္ကန်းစီးပါတယ်။
အဲ .. နောက်ဆုံး အစီအစဉ်ကတော့ ကိုတိုးတို့ အကြိုက် “အလှူ” ပါပဲ။ ဘူဖေး ပုံစံ ဟင်းလျာတွေ မြင်ကတည်းက ပြေးဆွဲချင်တာ မနဲစိတ်ထိမ်းထားရတယ်။ စားဆိုတာနဲ့ သူငယ်ချင်းအားလုံးကလည်း အကြံတူ ဟန်မမူသူတွေမို့ အပြေးအလွှားသွားဆွဲရင်း တီးကြပေမယ့် “ဟိုကောင်လေးတွေက မြန်မာလေးတွေ” ဆိုတဲ့ ပွဲလာ ပရိတ်သတ်တွေရဲ့ အကြည့်တွေကြောင့် အ၀တီးချင်တဲ့ စိတ်ကို ဘရိတ်အုပ်ခဲ့ရပါတယ်။ ဟင်းတွေကလည်း ထိုင်းအစားအစာတွေနဲ့ ထိုင်းအချိုပွဲတွေဆိုတော့ ပြောနေစရာ မလိုတော့ ပေမဲ့ ဒီစာရေးရင်းကတော့ နောက်ဘယ်ပွဲတွေများ သွားကြိတ်ရမလဲဆိုတာကို စိတ်ကူးနေဆဲပါ။

ကိုတိုး

5 comments:

Nay Nay Naing said...

ကိုတိုးလည်း ပွဲ ကြိုက်တာပဲနော်.. ခုမှသိတော့တယ် .. ပွဲကြိုက်မောင်လို့  ခေါ်လို့ ရမလား :P

Anonymous said...

ကိုတိုး.. ဟီဟီ ဓါတ်ပုံရိုက်လိုက်တုန်း လူမိုက်ဂိုက်ကြီးနဲ့ ဘယ်ထောင့်ကို စိုက်ကြည့်နေတာလဲ ။ ဒါမှမဟုတ် ထိုင်းမ ချောချောလေးကို အငန်းလွန်သွားတာလားး)

MYO HAN HTUN said...

@ Nay Nay Naing .. ဟီး ..

@ မဂျစ်တူး ..

လူမိုက်ဂိုဒ်ကြီး ဆိုလို့ .. မဂျစ်တူးရေ .. အမြင်လေးပြောလိုက်တဲ့ အတွက်ကျေးဇူးပါ ..

ကျွန်တော်က ဟာသလေးတွေနဲ့ ရယ်စရာလေးတွေကို နောက်နောက်ပြောင်ပြောင် ပြောတတ်ပေမယ့် .. အပြင်မှာမြင်ရင်တော့ မထင်စရာပါပဲ ..

ဒီမှာလည်း ကျွန်တော့်ကို မျက်နှာအတည်ကြီးနဲ့ အရယ်အပြုံးမရှိတဲ့ လူမို့ လူတိုင်းက “ကိုတိုးကို ကြောက်လွန်းလို့” ဆိုပြီး ပြောကြတာတွေကို ခဏခဏ သတိထားမိလာပါတယ် ဗျာ။ ..

မန္တလေးမှာနေတုန်းက .. ရပ်ကွက်ထဲက ကလေးတွေကို ညညထွက်ဆော့လွန်းလို့ သူတို့အိမ်ကလူကြီးတွေက “ဟေ့ ညဆိုထွက်မဆော့နဲ့ သရဲနဲ့တွေ့နေအုံးမယ်” လို့ဆိုကြပေမယ့် နောက်ပိုင်းတော့ “ဟိုမှာ ကိုတိုးလာနေပြီ” တို့ .. “ကိုတိုးကို ခေါ်လိုက်ရမလား” တို့ဆိုပြီး ကလေးတွေကို ခြိမ်းခြောက်တဲ့ စကားကို လူကြီးတွေကြားမှာ ဟာသတောင် နှောပြောရတဲ့ အဆင့်ရောက်သွားခဲ့ပါတယ် ဗျာ ..

အင်း .. ကိုယ့်ကိုယ်ကို ပြင်ရအုံးမယ် ထင်တယ် .. :(

Chan Mya Soe said...

ကလေးတွေကြောက်တာ ပြဿနာမဟုတ်ဘူးနော် ... ကောင်မလေးတွေကြောက်နေရင်သာ ပြဿနာ :P

MYO HAN HTUN said...

ကောင်မလေးတွေကြောက်လို့ အခုထက်ထိ လူပျိုကြီး ဖြစ်နေတာပေါ့ ဗျာ .. ဟီး ..