Sep 2, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၇)


“သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ” .... “သားလေးမွေးရင် ကိုယ့်နာမည်ပေးလိုက်ပါ” ဆိုတဲ့ အဆိုတော် လွှမ်းမိုး သီချင်းကို ကိုတိုးတို့ သူငယ်ချင်းတွေ ဗိုက်ကြီးသယ်တွေ မြင်တိုင်း အမြဲတမ်းလိုလို ဆိုတတ်ကျပါတယ်။ ဟိုးအရင် တက္ကသိုလ်ကျောင်းသားဘ၀က ဗိုက်တကားကားနဲ့ အတန်းဖော် တစ်ယောက် သူ့ ယောင်္ကျားနဲ့ ကျောင်းခန်းထဲဝင်လာတုန်း စစနောက်နောက် ဆိုလိုက်မိလို့ သူ့ယောင်္ကျားက ဒေါသမီးတွေ ဟုန်းဟုန်းတောက်နေတဲ့ အကြည့်နဲ့ ကြည့်သွားပါလေရဲ့ ဗျာ။ လမ်းသွားရင်းလည်း ဗိုက်ကြီးသည်တွေ မြင်တိုင်း စစနောက်နောက် ဆိုတတ်ကျသေးပါတယ်။ တစ်ခါတုန်းကတော့ “ရှင့်နာမည်သာပြောပါ .. ကျွန်မသာ သားလေးမွေးရင် ရှင့်နာမည် ပေးလိုက်ပါ့မယ်” လို့ အာကြမ်းကြမ်းနဲ့ လာသရမ်းသွားတဲ့ မမဗိုက်ကြီးသည် ရဲ့ မထင်မှတ်တဲ့ အပြုအမူကြောင့် အာစေးစွာ ငိုင်ငေးသွားသူက ကျွန်တော်ပါ။ အူကြောင်ကြောင်နိုင်လှတဲ့ ကျွန်တော်ကလည်း “ဟုတ် .. ဟုတ် .. ကျွန်တော့်နာမည် ကိုတိုး ပါ ခင်ဗျာ” လို့ ဖြေလိုက်မိတာက သူငယ်ချင်းတွေကြားမှာ ဟာသတောင် မြှောက်ခဲ့ပါတယ်။

တစ်ခါတလေကျတော့လည်း ဒီလို စ ကျပါသေးတယ်။ ဥပမာ အတွဲ နှစ်ယောက် ကျွန်တော့်တို့ အရှေ့ဖြတ်လျှောက်သွားလို့ကတော့ .. “မင်း မောင့်ကို အရွဲ့တိုက်ပြီး ဒီကောင်နဲ့ တွဲပြတာပေါ့လေ ... ရပါတယ် ကွာ ... ရပါတယ် ...” တို့၊ “မင်းအတွက် ကိုယ် သိပ်စိုးရိမ်တယ်ကွာ” တို့ ဆိုပြီး မကြားတကြား တိုးတီးစွာ ရိုက်ကွင်းထဲများ ရောက်နေတဲ့ ရုပ်ရှင်မင်းသားဆန်ဆန် ငိုတော့မယ့် အသံလေးနဲ့ ခပ်တည်တည် နဲ့ ပြောတတ်ကျပါသေးတယ်။ ထိုသို့သောအချိန်မျိုးမှာတော့ စောင်းကန်း စောင်းကန်းနဲ့ “ဒီကောင် ငါ့ရည်းစားရဲ့ အရင် ဟိုဟာ လား” ဆိုတဲ့ သံသဃ မျက်လုံးတွေနဲ့ ထိုဘဲတွေ ငနဲတွေက ကြည့်သွားလို့ကတော့ .... သူတို့ကို နောက်ကနေကြည့်ရင်း ကျိတ်ရယ် တတ်ကျတဲ့ သူတွေဟာ တခြား ဘယ်သူမှ မဟုတ်ပါဘူး .... ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေပါပဲ ဗျာ။

ဒါပေမယ့် အခုအချိန်မှာတော့ ဒီလို ဟာသ လုပ်တတ်တဲ့ ကျွန်တော့်ရဲ့ အမူအကျင့်တွေနဲ့ အပြောလေးတွေကို နှုတ်က မထွက်နိုင်အောင်ကို အာစေးနေမိတာက အမှန်ပါ။

ဒီ အကြောင်းလေးကို ပြန်ပြောင်းအောင်းမေ့စွာ ရေးနေခိုက် “သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ” .... “သားလေးမွေးရင် ကိုယ့်နာမည်ပေးလိုက်ပါ” လို့ တိုးတီးစွာရေရွတ်ရင်း

ကိုတိုး

6 comments:

MgHla said...

ဪအခုတော့ ကိုတိုးရဲ့ အဆက်ဟောင်းက ...

Unknown said...

ဟားဟားး တော်တော်နောက်တာပဲ..
ခုတော့လဲ အမှတ်တရလေးတွေ ကျန်ခဲ့တာပေါ့..:P

hnin said...

ခုမှ ရောက်ဖူးတာပါ ပထမဦးဆုံး။ ကျွန်တော်နှင့် သူငယ်ချင်းများက ၇ ထိတောင် ရှိပြီနော်။ ဖတ်လို့ကောင်းတယ်။ ရှေ့က ဟာတွေတော့ မဖတ်ရသေးဘူး။ ဆီဗုံးက နက်ကျတော့ ဘာမှမမြင်ရဘူး။ အဲဒါကြောင့် ကွန်မန့် ရေးသွားတာ။ သူငယ်ချင်းတွေကို တော်တော်ခင်တယ်ထင်တယ်။ သူငယ်ချင်းတွေနဲ့အကြောင်းတွေ အများကြီးရေးထားလို့...

MYO HAN HTUN said...

@ မောင်လှ
အင်း .. သူလည်း ဗိုက်ကြီးရင်တော့ သားလေးမွေးရင် ကိုယ့်နာမည် ပေးခိုင်းရင် ကောင်းမလားပဲ .. ဟီး

@ ahmeisoekyi
အမှတ်တရလေးတွေကတော့ နှလုံးသားမှာ ကဗျည်းများထိုးထားသလား ပဲ ..

@hninhnin
သြော် ဖြစ်မှဖြစ်ရလေ ဗျာ .. အခုမှ ပထမဦးဆုံး ရောက်ဖူးတာ တဲ့ .. တန်းစီ .. တန်းစီ ..
ဆီဗုံးထဲမှာ လာလာဆဲတတ်လွန်းလို့ ဖြုတ်ထားလိုက်ရတာပါ။
သူငယ်ချင်းတွေကတော့ ခင်တတ်တယ် .. ထမင်းဖိတ်ကျွေးရင် ပေါ့ ..

ကိုတိုး

Anonymous said...

ဟာ ကိုတိုးကြီးက ခပ်ဆိုးဆိုးကိုးး)

Ye Lwin Oo Photography said...

ကိုတိုး
ထမင်းဖိတ်ကျွေးရင် ခင်တတ်တယ် ဆိုတော့ ကျွေးရင် မခင်ဝူး ပေါ့။ ဟွန်း... တညိုးကြီးပါလား။ ဒီ မန္တလေးသား က လူဆိုးပဲ။