Jun 29, 2007

Happy Birthday .. KO TOE, June 30


ဇွန်လ ၃၀ ရက်နေ့ဟာ ကျွန်တော့်မွေးနေ့ပါ။ ငွေကြေးမတောင့်တင်းတဲ့ ကျွန်တော့်အတွက်ကတော့ မွေးနေ့မှာ ဘုန်းကြီး ၄ ပါးပင့်ပြီး ဆွမ်းကြွေးရုံလောက်ပါပဲ။ ကုသိုလ်ဆိုလို့ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေ နေ့တွေတိုင်းမှာ ငါးတွေကို ပါမုန့်သွားကြွေးတာလောက်ပါပဲ။ ကိန်းကြီးခန်းကြီးနေတာမျိုးကို မကြိုက်တဲ့ ကျွန်တော်ဟာ မွေးနေ့ပွဲတွေ ပါတီတွေလုပ်တတ်တဲ့ အကျင့်လည်း မရှိဘူး .. ကိုယ်ကိုယ်တိုင်လည်း သူများမွေးနေ့တွေ ပါတီပွဲတွေကို သွားတာလည်း ၀ါသနာမပါဘူး။ သွားလည်း မသွားချင်ခဲ့ဘူး။ ကျွန်တော့်မွေးနေ့မှာ အစီအစဉ်လိုက်ပြီး ကျေးဇူးတင်ရမယ် ဆိုရင်ဖြင့် .. ကျွန်တော့် အမေရယ်၊ ဆုံးသွားတဲ့ အဖေရယ် .. ဒီအသက်အရွယ်ထိတိုင်အောင် ဖေးဖေးမမ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျွန်တော့် ဦးလေးတွေနဲ့ အန်တီတွေရယ် .. တစ်ယောက်ကို တစ်ယောက် ကူညီတတ်ကျတဲ့ ကျွန်တော့်ညီလေးတွေနဲ့ ကျွန်တော့်ညီမရယ် .. အမြဲတမ်း အားပေးစကားများပြောတတ်ကြတဲ့ သူငယ်ချင်းတွေပါပဲ ဗျာ။ မွေးနေ့မှာ ဆုတောင်းပေးတဲ့သူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ် ..
အခုနကရုံးဆင်းခါနီးမို့ လောလောနဲ့ရေးလိုက်တာ .. ဆရာသမားတွေကို ကျေးဇူးတင်ဖို့မေ့သွားခဲ့တယ်။ ကျွန်တော် ဒီအသက်အရွယ်ထိ သင်ကြားပေးခဲ့တဲ့ .. သင်ကြားပေးနေစဲဖြစ်တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့ကိုလည်း ကျေးဇူးတင်မိပါတယ်။ သူတို့တွေရဲ့ သွင်သင်ဆုံးမမှု့မပါခဲ့ရင် ဒီနေ့မှာ ကျွန်တော်ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် နားလည်နေမိလို့ပါ။

ကိုတိုး

14 comments:

နိုင်းနိုင်းစနေ said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ...
လူပျိုကြီးဘ၀က မြန်မြန်ကျွတ်ပါစေ...
လိုအင်ဆန္ဒ အားလုံး ပြည့်ဝပါစေ...
ဟက်ပီးဘတ်ဒေးပါ ကိုတိုး (ခ) ကိုကို (ခ) မျိုးဟန်ထွန်း :)

Chan Mya Soe said...

ကိုကြီးတိုး ... မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် စိတ်ချမ်းသာခြင်း ကိုယ်ချမ်းသာခြင်းများနှင့် ထာဝရ ပြည့်စုံနိုင်ပါစေ

မိန်းမ ချောချောလေးလည်း မြန်မြန်ရပါစေဗျာ :P

Nay Nay Naing said...

ံပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ ဖြစ်ပါစေ.. ကိုတိုး...
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး လိုအင်မှန်သမျှ ပြည်စုံပါစေ..
နောင် မွေးနေ့ ပေါင်းများစွာကို ချစ်သူခင်သူများနဲ့  ပျော်ရွှင်စွာဆင်နွှဲနိုင်ပါစေ...

ဒီနှစ်မွေးနေ့ အတွက် ကိုတိုးပြုသမျှ ကုသိုလ်ကောင်းမှု့ တွေအတွက် သာဓု ၃ ကြိမ်ခေါ်ပါတယ်..

ဒါနဲ့  အသက်သုံးဆယ်ပြည့်တာလား... ဒီပိုစ့်မှာ 30 ဆိုတာကြီးကို အကြီးကြီးတွေ့ လိုက်ရတော့ ကိုတိုးရဲ့ အသက် ၃၀ ပြည့်မွေးနေ့ အကြောင်း ရေးထားတာလို့  ထင်လိုက်မိတယ်. :P

Anonymous said...

ပျော်စရာကောင်းတယ့် မွေးနေ့ဖြစ်ပါစေ ကိုတိုးရေ။ လူပျိုကြီးဘ၀က ကျွတ်ပါစေဆိုတယ့် ဆုတောင်းတယ့်လူတွေများနေတယ် ဟိ အင်း….မိန်းမလဲ မြန်မြန်ရပါစေ :D

MgHla said...

ကိုတိုးရေ...
ဘာလိုလိုနဲ့ ၂၉-နှစ်တောင် ပြည့်ခဲ့ပြီပေါ့... ပျော်ရွှင်တဲ့ နေ့ရက်ပေါင်းများစွာကို ပိုင်ဆိုင်ကျော်ဖြတ်နိုင်ပါစေ...

MYO HAN HTUN said...

@ နိုင်းနိုင်းစနေ
ကျေးဇူးတင်ပါတယ် မနိုင်းနိုင်းရေ .. လူပျိုကြီးဘ၀က ကျွတ်ချင်တာကြာပေါ့ .. ဟီး

@ CMS
ကျေးဇူးတင်ပါတယ် ငါ့ညီရေ ..
မိန်းမ ချောချောလေးဖြစ်ဖြစ် မိန်းမချောချောကြီးဖြစ်ဖြစ် ရတယ် .. ကြီးတာငယ်တာ အဓိက မကျဘူး၊ ချောရင်ပြီးတာပဲ .. ဟီး

@ Nay Nay Naing
ညီမ နေနေနိုင်ရေ ..
ပြည့်ပြည့်စုံစုံ ဆုတောင်းပေးတဲ့ အတွက်ရော သာဓုသုံးကြိမ်ခေါ်တဲ့ အတွက်ပါ ကျေးဇူးတင်ပါတယ်။
အသက်ကတော့ ၃၀ ကို ၁ နှစ်လျော့ပေါ့။ ၃၀ ဆိုပြီးတော့ ၁ နှစ် ပိုမတွက်လိုက်ပါနဲ့ .. သူငယ်ပြန်ချင်သေးလို့ပါ .. ဟီး

@ Tee
ကျေးဇူးတင်ပါတယ် ငါ့ညီရေ .. “မိန်းမလဲ မြန်မြန်ရပါစေ” ဆိုတဲ့ ဆုတောင်းတဲ့နည်းကို သဘောအကျဆုံးပါ။
.. လုပ်ပါဦးဟ .. မိန်းမ မြန်မြန်ရတဲ့နည်းလေးများရှိရင် .. ဟီး

@ မောင်လှ
ကိုမောင်လှရေ .. ကိုမောင်လှလို ကလေးချီတဲ့ အိမ်ထောင်သည်ဘ၀ကို သဘောကျမိတာအမှန်ပါ။ ကလေးအလွန်ချစ်
တတ်တဲ့ ကျွန်တော့်အတွက်ကတော့ လောလောဆယ်နေတဲ့ နေရာနားက ကလေးပိစီကွေးလေးတွေနဲ့ ပုစုခရုလေးတွေကို မြင်တိုင်း
မြူဆွယ်ရတာနဲ့ ချစ်ရတာ အမောသားပါ။ ကိုယ့်ကလေးသာဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်များချစ်မလဲဆိုတာကို ကိုမောင်လှတို့ ပိုနားလည်မှာပါ။ ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဗျာ .. :)

Ye Lwin Oo Photography said...

ကိုတိုးရေ...
မိန်းမ မြန်မြန်ရချင်ရင် မိုးရွာတိုင်း ထီးမဆောင်းတတ်တဲ့ အကျင့်ကိုဖျောက်။ တေတတ်တယ်။ ဟီး... ချစ်သူရတဲ့နေ့မှပဲ ပျောက်သွားမှာပါလို့ အမြဲတမ်းပြောတတ်တဲ့ အကျင့်ကိုဖျောက်။ ဘယ်သူထီးဝယ်ပေးပေး တောင်ပြော မြောက်ပြော ဆင်ခြေပေးပြီး ငြင်း တတ်တဲ့ အကျင့်ကိုဖျောက်။ အလကားရရင် ယူသာယူ။ ဘယ်လောက်မိုးရွာမိုးရွာ ကိုယ်ကိုယ်တိုင်လည်း ထီးမဆောင်းဘူးဆိုတဲ့ အကျင့်ကိုဖျောက်။ ချစ်တဲ့သူက ကျွန်တော့်ကို ထီးလိုက်မိုးပေးပြီး မိုးရွာထဲမှာ လျှောက်သွားချင်လို့ဆိုတဲ့ နေ့ရက်တွေကို အမြဲတမ်းဆောင့်မျှော်နေလို့ပါပဲ ဆိုတဲ့ အတွေးကိုဖျောက်။ (ရူးတယ်နှမ်းတယ်ပြောလည်း မတတ်နိုင်ဘူး)။ HAPPY 29 BIRTHDAY, KO TOE. MAY YOUR DREAMS COME TRUE THOUGHOUT THIS YEAR.

MYO HAN HTUN said...

@ Ye Lwin Oo (WILLIAM)
ဟုတ်ကဲ့ပါ ခင်ဗျ။ ရဲလွင်ဦးရေ .. “သက်ငယ်စကား သက်ကြီးကြားတဲ့” ဗျ ..
ဟုတ်ကဲ့ အဲ့ဒီ အကျင့်တွေကို ဖျောက်ပါတော့မယ် .. ဟီး

Ko Nay Gyi said...

အစ်ကိုရေ မွေးနေ့ မှသည်နောင် နှစ်ပေါင်းရာထောင်ချီ ပျော်ရွှင်နိုင်ပါစေ...။ ကဗျာလေးကို ချီးကျူးလို့ ကျေးဇူးတင်ပါတယ်...။

MELODYMAUNG said...

Ko Toe, Happy Birthday par. Sorry for belated wish naw.

MYO HAN HTUN said...

@ Ko Nay Gyi
ကိုနေကြီးရေ .. ဆုတောင်းပေးတဲ့ အတွက်ကျေးဖူးတင်ပါတယ်။

@ MELODYMAUNG
ရပါတယ် .. မမယ်လိုဒီမောင် .. ကျေးဖူးတင်ပါတယ်။

Unknown said...

နောက်ကျတွားပေမဲ့လဲ ချိတ်မဆိုးဝူးလို့ပဲ ထင်လို့.. ဆုတောင်းလိုက်ပါဒယ်..
ကိုတိုးးကြီးးး ဒီတခါမိုးရွာရင် ထီးလိုက်မိုးပေးတဲ့ ချစ်သူမြန်မြန်ရပါချေ... :P:P:P

MYO HAN HTUN said...

ချိတ်မချိုးပါဘူး။ ကျေးဇူးတင်ပါတယ် မအမိန်

မေ said...

ko toe
Happy Belated Birthday :D