Showing posts with label Myanmar Film. Show all posts
Showing posts with label Myanmar Film. Show all posts

Nov 29, 2007

JOSE' MOURINHO .. ခင်ဗျား လမ်းဘေးရောက်နေပြီလား ဗျာ


သြော် .. ဒုက္ခ .. ဒုက္ခ ..

မနေ့တုန်းက သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ အတင်းအဖျင်း Conversation Mp3 ဖိုင်လေးကို စပ်စပ်စုစုနဲ့သွားနားထောင်လိုက်မိတာ တော်တော်လေးလန့်သွားတယ်။ ဒါပေမယ့် ကမ္ဘာကျော် Chelsea နည်းပြ Jose Mourinho ကို “အခုလမ်းဘေးမှာ သူ့ကို ဘယ်သူမှ မငှားဘူး” ဆိုတာကို ပြောလိုက်တဲ့ ထိုအမျိုးသမီးလေသံကို တော်တော်လေးလန့်သွားတယ်။

အင်း .. ကိုယ့်အကြောင်းကို မကောင်းပြောတဲ့သူတွေများ ရှိခဲ့ရင် (သို့) ရှိနေရင် .. ဘယ်လောက်များ ပိုပြောနေကြမလဲ လို့ .. တွေးမိရင်း

ကိုတိုး

Mar 13, 2007

မင်းသမီးတစ်ပါး ... (သို့) မင်္ဂလာပါ မထက်ထက်မိုးဦး


လယ်ထွန်သွားနွားမေ့ဆိုသလို .. ကိုတိုးတစ်ယောက် ညီတော် ကိုယ်တော်လေး မျိုးကျော်ထွန်းမှာလိုက်တဲ့ ပစ္စည်းများမေ့သွား၍ အနီးနားက 7 11 (ဆဲဗန်း(န) အလဲဗန်း(န)) ဆိုင်သို့ထပ်ပြေးရတယ်။ ဆိုင်ထဲဝင်ဝင်ချင်းတော့ မြန်မာလိုပြောသံတွေကြားနေရတယ်။ ထိုင်းမှာတော့ ဘယ်နေရာသွားသွား မြန်မာတွေ ချည်းပါပဲ။ ဒါနဲ့ ဆိုင်ထဲမှာ လိုချင်တဲ့ ဆပ်ပြာမှုန့်ထုပ်ကို လိုက်ရှာရင်း မထက်ထက်မိုးဦး နဲ့ အမှတ်မထင် တွေ့ခဲ့တယ်။ အူကြောင်ကြောင်နိုင်လှတဲ့ ကျွန်တော့်ရဲ့အတွေးမှာ “ဒီအမျိုးသမီးကို ဘယ်နေရာမှာ မြင်ဖူးပါလိမ့်” ဆိုတဲ့ မေးခွန်းနောက်မှာတော့ မထက်ထက်မိုးဦး ဆိုတာသိသွားပါလေရဲ့ဗျာ။ “မထက်ထက်မိုးဦး နော် .. မင်္ဂလာပါ .. တွေ့ရတာဝမ်းသာပါတယ်” ဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ ကိုတိုးတစ်ယောက်ကတော့ အမျိုးသမီး အကြီးအငယ် နဲ့ မိတ်ဆက်တိုင်း မထင်ရင် မထင်သလို လက်ကိုင်နေကြ .. (အဲယောင်လို့) လက်ဆွဲနှုတ်ဆက်တဲ့ အကျင့်ပါနေခြင်းပါ။ ထက်ထက်မိုးဦး ဆိုတဲ့ မင်းသမီးကို ပထမဦးဆုံး အပြင်မှာ စမြင်ဖူးခြင်းပါ။ မထက်ထက်မိုးဦးက လှတော့လှပါတယ် ဗျာ .. ဒါပေမယ့် ရွာက တောကလေးများ အုံးဆီမလိမ်းလို့ ဆံပင်တွေက သံချေးကိုက်နေတဲ့ အလား နီကြောင်ကြောင် ရွှေရောင်တွေဆိုးထားလေရဲ့။

ကဲပါလေ .. သူနဲ့ အာလာဘ သလာဘ လေးနည်းနည်းပြောဖြစ်ပေမယ့် .. နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဘရဗျစ်နဲ့ အားကစားလုပ်ပြီး ပြန်လာခါစ ချွေးနံ့တွေတထောင်းထောင်းကြိုင်လှိုင်သင်းနေတဲ့ ကျွန်တော့်ကိုတော့ သူ့ရဲ့ ဓါတ်ရှင်ထဲက လူဆိုးတစ်ယောက်အနေနဲ့ပဲ မြင်မိပါလိမ့်မယ်။

သူရဲ့ အနုပညာကို အစဉ်လေးစားလျှက်

ကိုတိုး