Showing posts with label Modern Poem. Show all posts
Showing posts with label Modern Poem. Show all posts

Nov 30, 2006

မင်း မေမေနဲ့ဖေဖေကို ကြိုးနဲ့တုတ်ထား (ပေါက်ကရ မော်ဒန်ကဗျာမှတ်စု မှ)

ကိုယ်တို့သွားကြစို့ သောကြာနေ့ရုတ်ရှင်ရုံဆီ
အချစ်ရယ်
မင်းဆီ ကိုယ်လာပါတယ်
ဒါပေမဲ့ အမြဲတမ်း
မင်းအမေက မင်းအိမ်မှာမရှိဘူးတဲ့
မင်းအဖေကတော့ မင်းလိုက်မှာမဟုတ်ဘူးတဲ့
အချစ်ရယ် မင်းသိတဲ့အတိုင်း ကိုယ်က လူကောင်းလေးတစ်ယောက်ပါ
မင်းဖေဖေ နဲ့ မင်းမေမေလုပ်တိုင်း
သူငယ်ချင်းတွေရဲ့ ဝေဖန်မှု့တွေက ဆိုးလှတယ်
ကိုယ်လည်း မင်းအိမ်ရှေ့ကနေ အချက်မပေးချင်
လာမည့်ကျောင်းဖွင့်ရက်မှာ
လက်ဆောင်ပေးချင်တာက ကြိုးနှစ်ချောင်း
ကိုယ်တို့ရဲ့ လွပ်လပ်တဲ့ နေ့လေးတစ်ခုရအောင်
သောကြာနေ့ရောက်တိုင်း
မင်းမေမေ နဲ့ မင်းဖေဖေကို ကြိုးနဲ့တုတ်ထားစေချင်တယ်

ကိုတိုး

(မှတ်ချက်။ ။ဒါကတော့ ကျွန်တော့်ရဲ့ ပေါက်ကရ (ပေါက်ပန်းဆေး) မော်ဒန်ကဗျာဆိုရင်လည်း မမှားပါဘူး။)