ဆရာတော် ဦးဇောတိက ရဲ့ စိတ်ချမ်းသာအောင်
၁၁ ရက်နေ့က မောင်မင်းသူ (Flashband.Net) မှတစ်ဆင့် ဆရာတော် ဦးဇောတိကရဲ့ တရားပွဲ Assumption University မှာရှိတယ်ဆိုလို့ ဖတ်ဖူးတဲ့ ဆရာတော့်ရဲ့ စာအုပ်တွေကို သဘောကျမိတာကတစ်ကြောင်း ဆရာတော့်ကို ဖူးချင်တာကတစ်ကြောင်းနဲ့ ရုံးက အပြေးအလွှားသွားခဲ့ရတယ်။ ညီတော်လေး မျိုးကျော်ထွန်းနဲ့ ကျွန်တော် ဟိုရောက်တော့ တရားပွဲကစနေပြီ။ “စိတ်ချမ်းသာအောင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တရားဟောသွားပါတယ်။ အလွန်အင်မတန်မှ ကောင်းတဲ့ တရားအရသာပါ။ ကျွန်တော့်အတွက်ကတော့ လက်တွေ့နဲ့ ထပ်တူထပ်မျှ ဆိုသလိုလောက်ပါပဲ။ ဆရာတော်ရဲ့စာအုပ်မေ့သွားတာနဲ့ ပိုက်ဆံအိပ်ထဲ ဟိုနှိုက်ဒီနှိုက်ရှာရင်း တွေ့တဲ့ ကဒ်တစ်ခုမှာ ဆရာတော့်ရဲ့ Signature လေးကို တောင်းယူလိုက်ပါတယ်။
အောက်မှာတော့ မောင်မင်းသူရဲ့ Flashband.Net မှာ သူကိုယ်တိုင်ရိုက်တင်ပေးထားတဲ့ ဆရာတော့်ရဲ့ တရားကို Download လုပ်၍ကြည့်နိုင်ပါတယ်။ ဆရာတော့် ဓါတ်ပုံကိုလည်း မောင်မင်းသူကိုယ်တိုင် Email မှတစ်ဆင့် မျှဝေပေးထားလို့ သူ့ကိုလည်း ကျေးဇူးတင်ပါကြောင်း။
Sayardaw U Zaw Ti Ka's Happiness Tayar Videos

ကိုတိုး